အပိုင်ဂိုးသွင်းခွင့်လွဲချော်ခဲ့တာပါ။

စနေနေ့ညက ဂီနီအသင်းကို ဆီနီဂေါအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ အပိုင်ဂိုးသွင်းခွင့် လွဲချော်ခဲ့တာကြောင့် ဖြေမဆည်နိုင်ဖြစ်ခဲ့ရတဲ့ ဆီနီဂေါကြယ်ပွင့်တောင်ပံကစားသမား ဆာဒီယိုမာနေးကို အသင်းဖော်တွေက ဝိုင်းဝန်းနှစ်သိမ့်ပြီး ကွင်းအတွင်းကနေ ထွက်ခွာဖို့ ကူညီပေးခဲ့ကြပါတယ်။

978738972-1206x602.jpg

အာဖရိကဖလား ခြေစစ်ပွဲအဖြစ် ဂီနီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဆီနီဂေါအသင်းဟာ ဒုတိယပိုင်း ၅၂ မိနစ်မှာ ဂီနီအသင်းရဲ့ နောက်ခံကစားသမား လူးဝစ္စမီဆီဂူရာရဲ့ကိုယ့်ဂိုးကိုုယ်ပြန်သွင်းခဲ့တဲ့ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဆီနီဂေါကြယ်ပွင့် ဆာဒီယိုမာနေးဟာ ဒုတိယမြောက်ဦးဆောင်ဂိုး ရရှိမယ့်အခွင့်အရေးကို အံ့အားသင့်ဖွယ်လွဲချော်ခဲ့ပြီး ပရိသတ်တွေက ဝိုင်းဝန်းလှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။

ပွဲအပြီးမှာတော့ ဆာဒီယိုမာနေးဟာ အပိုင်ဂိုးသွင်းခွင့်လွဲချော်မှုနဲ့ ပရိသတ်တွေရဲ့မမျှော်လင့်တဲ့ လှောင်ပြောင်မှုကို ခံခဲ့ရတဲ့အတွက် ဝမ်းနည်းစွာနဲ့ မြက်ခင်းပေါ်မှာ မျက်နှာအပ်ပြီး ငိုကြွေးခဲ့ပါတယ်။ ဆီနီဂေါအသင်းဖော်တွေဟာ မာနေးကို ဝိုင်းဝန်းထူမပြီး ကွင်းအတွင်းကနေ ထွက်ခွာဖို့ နှစ်သိမ့်ပေးခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။

 

မာနေးဟာ ၎င်းရဲ့ဆိုးရွားတဲ့စွမ်းဆောင်ရည်နဲ့ ပရိသတ်တွေဆီက ရရှိခဲ့တဲ့ တုံ့ပြန်မှုတို့ကြောင့် မျက်နှာကို အကျႌနဲ့ အုပ်ပြီး ကွင်းအတွင်းကနေ ထွက်ခွာခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ မာနေးဟာ လီဗာပူးအသင်းမှာ ပြသနေတဲ့ ခြေစွမ်းမျိုးကို ဆီနီဂေါအသင်းမှာ ပြသနိုင်ဖို့အတွက် ရုန်းကန်ခဲ့ရပြီး ၂၀၁၇ ခုနှစ် မေလက ဂျပန်အသင်းနဲ့ပွဲစဉ်မှာ ၁ ဂိုးသွင်းပြီးနောက်ပိုင်း လက်ရှိအချိန်အထိ ဂိုးသွင်းယူနိုင်ခြင်းမရှိသေးသူဖြစ်ပါတယ်။

[No available link text] 

ဒါပေမယ့် မာနေးအတွက် စနေနေ့မှာ သတင်းကောင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ယင်းသတင်းကောင်းကတော့ ဆာဒီယိုမာနေးဟာ BBC ကပေးအပ်တဲ့ တစ်နှစ်တာအကောင်းဆုံးအာဖရိကဘောလုံးသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ မိုဟာမက်ဆာလာ၊ ဘီနေးတီးယား၊ ကာလီဒူကူလီဘလီ၊ သောမတ်စ်ပါတေးတို့နဲ့အတူ ပါဝင်နေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က