အင်္ဂလန်အသင်းဟာ တောက်ပတဲ့အနာဂတ်ရှိတယ်လို့ ပြောခဲ့ပါတယ်။

ခရိုအေးရှားအသင်းရဲ့အသင်းခေါင်းဆောင် လူကာမိုဒရစ်ဟာ ဆောက်ဂိတ်ရဲ့ ငယ်ရွယ်တဲ့အင်္ဂလန်အသင်းဟာ တောက်ပတဲ့အနာဂတ်ရှိကြောင်း ခန့်မှန်းပြောဆိုခဲ့ပြီး ၎င်းတို့အသင်းဟာ အနိုင်ရရှိဖို့အတွက် ထိုက်တန်ခဲ့တယ်လို့ ခံစားနေရပါတယ်။ အင်္ဂလန်အသင်းဟာ ဒုတိယပိုင်းပြီးဆုံးခါနီး ၇၈ မိနစ်နဲ့ ၈၅ မိနစ်တွေမှာ ချေပဂိုးနဲ့ ဦးဆောင်ဂိုး သွင်းယူပြီး ခရိုအေးရှားအသင်းကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

Photos: Daily Mail



၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်မှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ၄ လအကြာမှာ အင်္ဂလန်အသင်းဟာ ဝင်ဘလေကွင်းမှာ ခရိုအေးရှားအသင်းကို နောက်ကနေ လိုက်ကစားပြီး နောက်ကျသွင်းဂိုးတွေနဲ့ နေးရှင်းလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ခရိုအေးရှားအသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ လူကာမိုဒရစ်က ၎င်းတို့အသင်းအနေနဲ့ အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့ကြောင်းနဲ့ လက်ရှိအင်္ဂလန်မျိုးဆက်သစ်ကစားသမားတွေဟာ တောက်ပတဲ့အနာဂတ်ကို ပိုင်ဆိုင်ထားကြောင်း ပြောကြားခဲ့ပါတယ်။

Photos: Daily Mail

 

"ပြီးခဲ့တဲ့နွေရာသီကထက် သူတို့တွေ ပိုတိုးတက်လာလားဆိုတာ ကျွန်တော် မသိပါဘူး။ ဒီမေးခွန်းက သူတို့ဘာသာ ခြေစွမ်းတိုးတက်လာ၊ မလာဆိုတာ အကဲဖြတ်ရမှာပါ"

"ဒါပေမယ့် ကျွန်တော် မြင်နေတာကတော့ ကောင်းမွန်ပြီး ရှေ့မှာတောက်ပတဲ့အနာဂတ်တွေရှိနေတဲ့ ငယ်ရွယ်တဲ့အသင်းတစ်သင်းပါ။ သူတို့ဟာ နေးရှင်းလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိသွားပါပြီ။ အဲဒါက သူတို့ဟာ ကောင်းမွန်တဲ့လမ်းကြောင်းတစ်ခုပေါ်မှာရှိနေတယ်ဆိုတာကို ပြသနေတာပါ"

"ဒီလိုပုံစံနဲ့ရှုံးနိမ့်ရတာက နည်းနည်းနာကျင်ဖို့ကောင်းပါတယ်။ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပြစ်ဒဏ်ဘောတွေအတွက် ကြိုတင်ပြင်ဆင်ခဲ့ကြတယ်။ အင်္ဂလန်အသင်းက ပြစ်ဒဏ်ဘောတွေမှာ အန္တရာယ်ရှိတယ်ဆိုတာ ကျွန်တော်တို့ သိခဲ့တာကိုး။ ဒါပေမယ့် အဆုံးသတ်မှာတော့ သူတို့ ပြစ်ဒဏ်ဘောကနေ ၂ ဂိုးရရှိသွားခဲ့ပါတယ်။ အဲဒါက နည်းနည်း နာကျင်စရာကောင်းပါတယ်"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က