တစ်ဦးချင်းနဲ့ အဖွဲ့လိုက်ဆုတွေကို သိမ်းပိုက်ခဲ့တာပါ။

ယနေ့နံနက်မှာ 2018 Optimist Asian and Oceanian Championship ရဲ့စတုတ္ထမြောက်ပြိုင်ပွဲနေ့အဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ညနေပိုင်းမှာ 2018 Optimist Asian and Oceanian Championship ပြိုင်ပွဲ ပိတ်ပွဲနဲ့ ဆုချီးမြှင့်ပွဲအခမ်းအနားကို ငွေဆောင်ရွက်ကလပ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

DSC_5830.JPG 

နိုင်ငံပေါင်း (၁၆) နိုင်ငံက ရွက်လှေကစားသမားစုစုပေါင်း (၁၂၉) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ 2018 Optimist Asian and Oceanian Championship ပြိုင်ပွဲရဲ့အဖွဲ့လိုက်ယှဉ်ပြိုင်မှုမှာ ပထမဆုကို ထိုင်း၊ ဒုတိယဆုကို တရုတ်နဲ့ တတိယဆုကို စင်ကာပူတို့က အသီးသီး ရရှိခဲ့ကြပါတယ်။

မြန်မာနိုင်ငံက ပြိုင်ပွဲဝင်ရွက်လှေသမားတွေထဲက အကောင်းဆုံး ရွက်လှေသမားဆုကို ထက်လင်းဇော်က ရရှိခဲ့ပြီး ဒုတိယဆုကို စည်သူဟိန်း၊ တတိယဆုကို လွင်ကိုကိုထက်က ရရှိခဲ့ပါတယ်။ သမုဒ္ဒရာပိုင်းဇုန်ရဲ့အကောင်းဆုံး ရွက်လှေသမားဆုကို နယူးဇီလန်က ရှောင်ဆန်း၊ ဒုတိယဆုကို နယူးဇီလန်က နိုအာမဲလ်ပေါ့၊ တတိယဆုကို သြစတြေးလျက ဂျိုရယ်ဘီရှယ်က ရရှိသွားခဲ့ပါတယ်။

 

အာရှဇုန်ရဲ့အကောင်းဆုံး ရွက်လှေသမားဆုကို ထိုင်းက ပန်ဝါဘွန်းနက်၊ ဒုတိယဆုကို ထိုင်းက ဂျက်တာဗီးယွန်ယွမ်နန်း၊ တတိယဆုကို တရုတ်က ဂန်ဆီရီက ရရှိသွားခဲ့ပါတယ်။ နေရာအရပ်ဒေသ ကျားမခွဲခြားခြင်းမရှိဘဲ ပေးအပ်တဲ့ အကောင်းဆုံးရွက်လှေကစားသမားဆုကို ထိုင်းက ပန်ဝါဘွန်းနက်၊ ဒုတိယဆုကို ထိုင်းက ဂျက်တာဗီးယွန်ယွမ်နန်း၊ တတိယဆုကို တရုတ်က ဂန်ဆီရီက ရရှိသွားခဲ့ပါတယ်။

နေရာအရပ်ဒေသ ကျားမခွဲခြားခြင်းမရှိဘဲ ပေးအပ်တဲ့ Silver Fleet ရဲ့ အကောင်းဆုံးရွက်လှေသမားဆုကို စင်ကာပူက ပိုရန်လား၊ ဒုတိယဆုကို ဟောင်ကောင်က ရှောင်အီယန်လူ၊ တတိယဆုကို နယူူးဇီလန်က သောမတ်စ်ပီကင်တန်တို့က အသီးသီး ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ လာမယ့်နှစ်အတွက် 2018 Optimist Asian and Oceanian Championship ပြိုင်ပွဲကို အိုမန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က