မိခင်ဆုံးပါးသွားတာကြောင့်ဖြစ်ပါတယ်။

နယ်သာလန်အသင်းရဲ့နောက်ခံကစားသမား ဗာဂျေးဗန်ဒိုက်ဟာ ဂျာမနီအသင်းကို နောက်ကျသွင်းဂိုးတွေနဲ့ သရေကစားနိုင်ခဲ့ပြီး နေးရှင်းလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် ပွဲချိန်အတွင်းရော၊ ပွဲချိန်ပြင်ပမှာပါ ကောင်းမွန်တဲ့အဆင့်အတန်းရှိသူဖြစ်ကြောင်း ပြသခဲ့ပါတယ်။



gettyimages-1063567442.jpg

Photos: Metro

ယမန်နေ့ညက နေးရှင်းလိဂ် လိဂ် A အုပ်စု (၁) ရဲ့အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ နယ်သာလန်အသင်းနဲ့ ဂျာမနီအသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက် ၂ ဂိုးစီသရေရလဒ်နဲ့ပွဲပြီးဆုံးခဲ့ပါတယ်။ နယ်သာလန်အသင်းဟာ ဂျာမနီအသင်းကို နောက်ကျနေ ချေပဂိုးတွေလိုက်သွင်းယူနိုင်ခဲ့တာကြောင့် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီး ဂျာမနီအသင်းကတော့ တန်းဆင်းခဲ့ရပြီဖြစ်ပါတယ်။

2018 Optimist Asian and Oceanian Championship ရဲ့ ဆုအများစုကို သိမ်းပိုက်ခဲ့တဲ့ ထိုင်း 

ဂျာမနီအသင်းအတွက် ပထမပိုင်း ၉ မိနစ်မှာ တီမိုဝါနာက အဖွင့်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး မိနစ် ၂၀ မှာ လီရွိုင်းဆာနေးက ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ နယ်သာလန်အသင်းဟာ ဒုတိယပိုင်းပြီးဆုံးခါနီး ၁၀ မိနစ်အလိုမှာပဲ ချေပဂိုး ၂ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပထမချေပဂိုးကို ၈၅ မိနစ်မှာ ကွင်စီပရုန်း၊ ၉၁ မိနစ်မှာ ဗာဂျေးဗန်ဒိုက်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

Photos: Metro

 

ယင်းပွဲစဉ်မတိုင်မီမှာ ပွဲကို တာဝန်ယူကိုင်တွယ်မယ့် ကွင်းလယ်ဒိုင် အိုဗီဒူဟေတီဂန်ဟာ ၎င်းရဲ့မိခင်ကို ဆုံးရှုံးခဲ့ရပေမယ့် နယ်သာလန်နဲ့ ဂျာမနီအသင်းတို့ရဲ့ပွဲစဉ်ကို တာဝန်ယူကိုင်တွယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်မှာတော့ ကွင်းလယ်ဒိုင်ရဲ့မျက်လုံးတွေဟာ မျက်ရည်တွေနဲ့ ပြည့်နှက်နေခဲ့ပြီး ဗန်ဒိုက်က ကွင်းလယ်ဒိုင်ကို ပွေ့ဖက်နှစ်သိမ့်အားပေးခဲ့တာဖြစ်ပါတယ်။

[No available link text] 

"သူ အရမ်းကြေကွဲနေပါတယ်။ သူ့မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ မတ်တပ်ရပ်နေပါတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့အမေကို သူ ဆုံးရှုံးခဲ့ရလို့ပါ"

"ကျွန်တော် သူ့အတွက် ခွန်အားတွေပေးသနားဖို့ ဆုတောင်းပေးခဲ့ပြီး သူ ကောင်းကောင်းမွန်မွန်နဲ့ ထွက်သွားခဲ့ပါတယ်။ အဲဒါက သေးငယ်တဲ့ အရာလေးတစ်ခုပါ။ ဒါပေမယ့် သူ့အတွက် အကူအညီဖြစ်ကောင်းဖြစ်နိုင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က