ကိုပေဟေဂင် တရားရုံးက ထောင်ဒဏ် ရက် ၅၀ သတ်မှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက တက္ကစီယာဉ်မောင်းတစ်ဦးကို ထိုးကြိတ်ခဲ့တာကြောင့် တရားရင်ဆိုင်နေရတာ ဖြစ်ပြီး တရားရုံးက ထောင်ဒဏ်ရက် ၅၀ သတ်မှတ်လိုက်တဲ့အပေါ် အယူခံဝင်ရာမှာ ပြန်လည်ပယ်ချခံခဲ့ရတာ ဖြစ်ပါတယ်။

Photo - EPA

 

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း နစ်ကလပ်စ်ဘန်တနာဟာ ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့မှာ တက္ကစီ သမားတစ်ယောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေ ပြုလုပ်ပြီး တိုက်ခိုက်ခဲ့ပါတယ်။

အာဖရိက ဘုရင်ကြီး အနားယူသွားပြီ 

ဒီတိုက်ခိုက်မှုကြောင့် တက္ကစီမောင်းသမားဟာ မေးရိုးကျိုးခဲ့ရပြီး ခွဲစိတ်ကုသမှု ခံယူခဲ့ရတယ်လို့ 90 min ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Photo - Concaholic

 

ဒါကြောင့် ဘန်တနာကို ဒိန်းမတ်တရားရုံးက ထောင်ဒဏ် ရက် ၅၀ ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ရာမှာတော့ အယူခံ ဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ ဒိန်းမတ် တရားရုံးက ဘန်တနာရဲ့ အယူခံဝင်မှုကို ထပ်မံ ပယ်ချလိုက်တယ်လို့ BBC SPORTS သတင်း ဌာနက ဖော်ပြလာပါတယ်။

Photo - Herald Sun

 

အသက် ၃၀ နှစ်အရွယ် ဘန်တနာအနေနဲ့ လက်ရှိမှာတော့ နော်ဝေးလ်ကလပ် ကိုပင်ဟေဂင်အသင်းမှာ ကစားနေပြီး အမှုအတွက် အယူခံ ဝင်ဖို့ ရှေ့နေချုပ် တစ်ဦးငှားရမ်းခဲ့ပါတယ။

ပြစ်ဒဏ်ကြောင့် ရိုစင်ဘော့အသင်းရဲ့ ပွဲစဉ်အချို့ကိုလည်း လွဲချော်ခဲ့ရပြီ ဖြစ်သလို လက်ရှိမှာလည်း နော်ဝေလ်လိဂ်က နိုဝင်ဘာလ ၂၄ ရက်နေ့ မှာ ပြီးဆုံးမှာပါ။

Photo - Gol.hr

 

ရိုစင်ဘော့အသင်းကတော့ နိုဝင်ဂီယန် ဖလား ဖိုင်နယ်ပွဲစဉ်ကို လာမယ့် ဒီဇင်ဘာ ၂ ရက်နေ့မှာ ကစားဖို့ ရှိနေသေးပြီး နိုဝင်ဘာ ၂၉ ရက်နေ့ မှာ တော့ ယူရိုပါလိဂ် ပွဲစဉ်အဖြစ် ဆဲလ်တစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ လိုက်ဇက်က်အသင်းတွေနဲ့ ကစားဖို့ ရှိနေပါသေးတယ်။

" နက်ကလပ်စ်အနေနဲ့ မတော်တဆမှုအပေါ်မှာ ဝမ်းနည်းနေပါတယ်။ သူအမှားလုပ်ခဲ့မယ်ဆိုရင်တောင် တာဝန်ယူဖို့ ကျွန်တော်တို့အနေနဲ့ အရမ်း ကို အရေးကြီးပါတယ်။ သူ့မှာအသင်းနဲ့ ဆက်ဆံရေးအများကြီးရှိနေပါတယ်။ တရားရုံးက ပြစ်ဒဏ်ဘယ်လိုချမှတ်ပါစေ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ ဝန်ထမ်းအတွက် တာဝန်အပြည့်ယူသွားမှာပါ။" လို့ ရိုစင်ဘော့အသင်း အထွေထွေမန်နေဂျာ တိုဗီမိုးကပြောပါတယ်။

ပြစ်မှု ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလက ဖြစ်ပွားခဲ့တာ ဖြစ်ပြီး တရားရုံးအနေနဲ့ CCTV မှတ်တမ်းကို ပြန်လည်ကြည့်ရှု စစ်ဆေးရာမှာ တော့ ဘန်တနာအနေနဲ့ တက္ကစီယာဉ်မောင်းရဲ့ မျက်နှာကို ထိုးကြိတ်ခဲ့တာ သိသာခဲ့ပါတယ်။

ဖြစ်စဉ်အပေါ်မှာတော့ ဘန်တနာက သူထိုးခဲ့ပါတယ်၊ ဒါပေမယ့် အဲ့ဒါကလည်း ခြိမ်းခြောက်ခံခဲ့ရလို့ ဖြစ်တယ်လို့ တစ်ဆက်တည်းမှာ တရားရုံးကို လျှောက်တင်ခဲ့ပါတယ်။

တက္ကစီယာဉ်မောင်းအနေနဲ့ ပိုက်ဆံ မပေးပဲ ထွက်ပြေးခဲ့တဲ့ ဘန်တနာနဲ့ မိန်းကလေး သူငယ်ချင်းတို့ကို နောက်မှ ပုလင်း(သို့) ဗူးလို့ ယူဆရတဲ့ အရာနဲ့ ပစ်ပေါက်ခဲ့တာလည်း တွေ့မြင်ခဲ့ရတယ်လို့ သိရပါတယ်။

ဘန်တနာကတော့ ၂၀၀၅ ကနေ ၂၀၁၄ ခုနှစ်အထိ အာဆင်နယ်အသင်းမှာ ၁၇၁ ပွဲကစားပြီး ၄၅ ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး တစ်ယောက် ဖြစ်ပါတယ်။

အဲ့နောက် ဆန်းဒါးလန်း၊ဘာမင်ဂမ်နဲ့ ဂျူဗင်တပ်အသင်းတွေထံကို အာဆင်နယ်အသင်းမှာ ရှိစဉ် အငှားနဲ့ သွားကစားခဲ့ရပြီးနောက် ၂၀၁၆ ခုနှစ် မှာတော့ နော်တင်ဟမ် ဖောရက်စ်အသင်းကို အပြီးသတ်ပြောင်းရွှေ့သွားပါတော့တယ်။

အခုလက်ရှိ နော်ဝေးလ်ကလပ် ရိုစင်ဘော့အသင်းမှတော့ ၂၀၁၇ ခုနှစ်ကနေ စတင်ပါဝင်ကစားနေတာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က