အာဆင်နယ်အသင်းရဲ့နည်းပြဟောင်း အာစင်ဝင်းဂါးဟာ ရလဒ်တွေဆိုးရွားနေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြ နီကိုကိုဗတ်ရဲ့နေရာမှာ အစားထိုးခန့်အပ်မယ့် နည်းပြသစ်ဖြစ်လာနိုင်တယ်လို့ Bild က ဖော်ပြခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့စနေနေ့က တန်းဆင်းဇုန်ထဲကအသင်းဖြစ်တဲ့ ဖော်တူနာဒတ်ဆယ်ဒေါ့ဖ်အသင်းကို အိမ်ကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားရာကနေ ဂိုးတွေ ပြန်လည်ခွင့်ပြုခဲ့ရပြီး ၃-၃ နဲ့ သရေကျခဲ့တာဖြစ်ပါတယ်။
Photos: 90 min
ဘိုင်ယန်မြူးနစ်အသင်းဟာ ယခုရာသီမှာ ရှုံးပွဲ ၃ ပွဲအထိ ကြုံထားရပြီး အမှတ်ပေးဇယားထိပ်ဆုံးက ဒေါ့မွန်အသင်းနဲ့ ၉ မှတ်အကွာ အဆင့် ၅ နေရာမှာသာ ရပ်တည်နေရတာဖြစ်ပါတယ်။
2018 Optimist Asian and Oceanian Championship ရဲ့ ဆုအများစုကို သိမ်းပိုက်ခဲ့တဲ့ ထိုင်း
ပြီးခဲ့တဲ့နွေရာသီက ဖရန့်ဖတ်အသင်းကနေ နည်းပြအဖြစ် ခေါ်ယူခဲ့တဲ့ နီကိုကိုဗတ်ဟာ နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့ နီးစပ်နေပြီဖြစ်ပြီး ဂျာမန်သတင်းစာတွေက နည်းပြသစ်အဖြစ် ခန့်အပ်မယ့်သူကိုတောင် စတင်ခန့်မှန်းနေကြပြီလို့ သိရပါတယ်။
Photos: 90 min
Bild က ဘိုင်ယန်မြူးနစ်အသင်းဘုတ်အဖွဲ့အနေနဲ့ လာမယ့်ရက်အတွင်းမှာ နီကိုကိုဗတ်ကို နည်းပြရာထူးကနေ ထုတ်ပယ်ဖို့ အဆုံးအဖြတ်ပြုလုပ်ခဲ့မယ်ဆိုရင် အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးဟာ နည်းပြသစ်ဖြစ်လာနိုင်ခြေအရှိဆုံးဖြစ်တယ်လို့ ရေးသားခဲ့ပါတယ်။
သတင်းစာတွေက အာစင်ဝင်းဂါးကို ချန်ပီယံလိဂ်၊ ဘွန်ဒက်စ်လီဂါဖလားအများအပြားကို ရယူခဲ့ဖူးတဲ့ နည်းပြတွေဖြစ်တဲ့ အော့တ်မာဟစ်ဇ်ဖဲ၊ ဂျက်ပ်ဟေးနက်စ်တို့နဲ့ နှိုင်းယှဉ်နေကြပြီး အာစင်ဝင်းဂါးဟာ ပြဿနာတက်နေတဲ့ ဥရောပက ထိပ်သီးအသင်းတွေအတွက် လက်ရှိအချိန်မှာ ရွေးချယ်စရာတစ်ခုဖြစ်တယ်လို့ ဖော်ပြနေကြပါတယ်။