ယူအေအီးနဲ့ ပါလက်စတိုင်းတိုးလာလို့ မဲပြန်လည်ခွဲမယ်လို့ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အာရှပြိုင်ပွဲဝင် ၂၄ သင်းမှ ယခုအခါ ပါလက်စတိုင်းနဲ့ယူအေအီးတို့ တိုးလာလို့ ၂၆ သင်းဖြစ်သွားပြီး ပါလက်စတိုင်းက အုပ်စု(က)မှာလည်း ကောင်း၊ယူအေအီးက အုပ်စု(င)မှာလည်းကောင်း ကျရောက်ခဲ့ပါတယ်။



 

အာရှအားကစားပွဲတော်မှာ ထည့်သွင်းကျင်းပမယ့် အမျိုးသား ဘောလုံးပြိုင်ပွဲရဲ့ အုပ်စုတွေကို မဲခွဲဆုံးဖြတ်ပြီး ဒီကနေ့မှာတော့  ပြန် လည်မဲခွဲ ဆုံးဖြတ်ခဲ့ပါတယ်။

မူလက ထုတ်ပြန်တဲ့သတင်းမှာ အသင်းတွေကို မဲပြန်လည်ခွဲမယ်လို့ ထုတ်ပြန်ထားပေမယ့်လည်း တစ်ကယ်တမ်း မဲခွဲခဲ့တာကတော့ ထပ်တိုး လာတဲ့အသင်းတွေကိုသာ ရှိပြီးသား အုပ်စုတွေထဲက ၂ ခုမှာ ထပ်တိုးလိုက်တာသာ ရှိခဲ့ပါတယ်။

 

ယခုလအစောပိုင်းတုန်းက ပြိုင်ပွဲကနေ နှုတ်ထွက်သွားခဲ့တဲ့ ယူအေအီးနဲ့ ပါလက်စတိုင်းအသင်းတို့ဟာ ပြန်လည်ပါဝင်လာ ခဲ့တဲ့အတွက် ၎င်းတို့ နှစ်သင်းကို မဲခွဲထားပြီးသား အုပ်စုတွေထဲက အုပ်စု တစ်ခုစီမှာ လိုက်လံ ဖြည့်စွက်ခဲ့ပါတယ်။

အောင်မြင်မှုနဲ့ အတွေ့အကြုံ ဘယ်ဟာ ပိုသင့်တော်လဲ? 

ပါလက်စတိုင်းအသင်းက အိမ်ရှင် အင်ဒိုနီးရှားပါဝင်နေတဲ့ အုပ်စု(က)မှာ ဟောင်ကောင်၊လာအို၊တရု(တိုင်ပေ) တို့နဲ့ ကျရောက်ခဲ့သလို၊ ယူအေ အီးကတော့ အုပ်စု(င)မှာ တောင်ကိုရီးယား၊ကာဂျစ္စတန်၊မလေးရှား၊ဘာရိန်းတို့နဲ့ ကျရောက်ခဲ့ပါတယ်။

Photo - MFF

 

အုပ်စုမဲပြန်ခွဲမယ်ဆိုတော့ မြန်မာအသင်းအနေနဲ့ ယခု ကျရောက်နေတဲ့ အုပ်စုကျထဲကနေ တစ်ဖန်ပြန်လည် လွတ်မြောက်မလားဆိုပြီး အခွင့် အရေး မျှော်ခဲ့ရပေမယ့်လည်း တစ်ကယ်တမ်းကျတော့ ကျီစယ်သလိုသာ ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် မြန်မာအသင်းကတော့ မူလ ကျရောက်နေတဲ့ အုပ်စုအတိုင်း အီရန်၊ဆော်ဒီ၊မြောက်ကိုရီးယားတို့နဲ့ နဂိုအတိုင်း အုပ်စုတွင်း ဆက်လက် ယှဉ်ပြိုင်ကစားရဖို့သာ ရှိနေပါတယ်။

ဒီပြိုင်ပွဲက အသက် ၂၃ နှစ်အောက်ပြိုင်ပွဲ ဖြစ်ပေမယ့်လည်း အသက်ကျော် ကစားသမား ၃ ဦး ပါဝင်ခွင့်ပေးထားပြီး မြန်မာအသင်းကတော့ လက်ရှိမှာ ပဏာမ ကစားသမား ၂၆ ယောက်နဲ့ မန္တလေးမြို့မှာ စတင်လေ့ကျင့်နေပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က