အောင်သူအပါအဝင် အဓိက ကစားသမားအချို့ ချန်လှပ်ပြီး လူငယ်တွေကို ဦးစားပေး ကစားစေခဲ့တာ ဖြစ်ပါတယ်။

နည်းပြ အန်တွန်နီဟေးအတွက် လက်ရွေးစင်အသင်းနဲ့အတူ ဒုတိယမြောက် ရှုံးပွဲဖြစ်ပြီး ပထမဆုံး ကစားထားရတဲ့ တရုတ်နဲ့ ခြေစမ်းပွဲတုန်းက လည်း ၁ ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။

Photo - MFF

အင်ဒိုနီးရှားနဲ့ ဒီကနေ့ ညနေ ၆ နာရီမှာ ကစားခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲမှာတော့ မြန်မာအသင်း ရှုံးပွဲကြုံခဲ့ပြီး အင်ဒိုနီးရှားအသင်းက ၃ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

မဲခေါင် ဒေသ ဘောလုံးအဖွဲ့ချုပ်ပေါ်ပေါက်လာရေး ကြိုးပမ်းဆောင်ရွက်နေ 

ဒီပွဲမှာ ရှုံးခဲ့လို့ နည်းပြသစ် အန်တွန်နီဟေးအတွက်ကတော့ လက်ရွေးစင်အသင်းကို ကိုင်တွယ်ထားတဲ့ ၂ ပွဲစလုံး အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။ အကြောင်းကတော့ ပထမဆုံး စတင်ကိုင်တွယ်ရတဲ့ လက်ရွေးစင်အသင်းတုန်းကလည်း တရုတ်အသင်းကို ၁ ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ထားတာ ဖြစ်ပါ တယ်။

Photo - MFF

မြန်မာအသင်းအနေနဲ့ ဒီပွဲအတွက် ကစားသမာ း၂၀ ဦးသာ ခေါ်ဆောင်သွားခဲ့ပြီး အောင်သူ အပါအဝင် အဓိက ကစားသမားအချို့ကို ချန်လှပ် ထားခဲ့ရပါတယ်။

ဒီကနေ့ပွဲမှာတော့ မြန်မာအသင်းရဲ့ တိုက်စစ်ကို တစ်ကျော့ပြန်တိုက်စစ်မှူး ကောင်းဆက်နိုင် ဦးဆောင်ခဲ့သလို နောက်တန်းမှာလည်း ငယ်ရွယ် တဲ့ကစားသမားတွေက ထိန်းကျောင်းခဲ့တာ တွေ့ရပါတယ်။

ဂိုးသမားအဖြစ် လူငယ်ဂိုးသမား ဆန်းဆက်နိုင်ကို ကစားစေခဲ့ပြီး နောက်တန်းမှာ ဆိုရင်လည်း ထိုက်ထိုက်အောင်၊စိုးမိုးကျော်တို့ကို ကစားစေခဲ့ ပါတယ်။

အင်ဒိုအသင်းကတော့ အိမ်ရှင်ပီပီ အနိုင်ရဖို့ အထူးကြိုးစားသွားခဲ့ပြီး ပထမပိုင်းမှာကတည်းက ၃ ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ပြီး ဒုတိယပိုင်းမှာ အနိုုင်ဂိုးတွေကို ထိန်းသွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာအသင်းကတော့ ဒီပွဲပြီးရင် မနက်ဖြန်မှာ မြန်မာနိုင်ငံကို ပြန်လာမှာ ဖြစ်ပြီး လာမယ့် အောက်တိုဘာလ ၁၃ ရက်နေ့မှာတော့ ဒီကနေ့ မြန်မာနိုင်ငံကို ရောက်လာတဲ့ ဘိုလီးဗီးယားအသင်းနဲ့ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ထပ်မံ ခြေစမ်းကစားဦးမှာ ဖြစ်ပါတယ်။

ဒါပြီးရင်တော့ ကာတာနိုင်ငံကိုသွားရောက်ပြီး ကာလတစ်ခုကြာ နေထိုင်လေ့ကျင့်သွားဦးမှာ ဖြစ်ပြီး အဲ့ဒီက ပြန်လာရင်တော့ အာဆီယံ ဆူဇူကီး ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က