အခြားသော ထိုင်းထိပ်သီးအသင်းကြီး ၂သင်းကလည်း ကမ်းလှမ်းထားပါသေးတယ်။

တစ်နှစ်ချုပ်ဆိုမယ်လို့ အကြိုသဘောတူထားပြီး လစာငွေအဖြစ် ဒေါ်လာ ၇၀၀၀+ နဲ့အတူ အိမ်နဲ့ကားပါ ရရှိမှာဖြစ်တယ်လို့ ဇော်မင်းထွန်းက ပြောပါတယ်။


Photo - footballdj.com

 

မြန်မာ့လက်ရွေးစင်နဲ့ ရန်ကုန်ယူနိုက်တက် နောက်ခံလူ ဇော်မင်းထွန်းအနေနဲ့ လာမယ့်နှစ် ဘောလုံးရာသီမှာ ထိုင်းလိဂ်(၁)ကို ပြောင်းရွှေ့ ကစား ဖို့ လုပ်ဆောင်နေပါတယ်။

အောင်သူကို ဒေါ်လာ ၈၀၀၀ အနိမ့်ဆုံးပေးပြီး ထိုင်းထိပ်တန်းကလပ်အသင်း ၂သင်းကမ်းလှမ်းထား 

ရန်ကုန်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ဒီနှစ်ကုန်မှာ ပြီးဆုံးမှာ ဖြစ်ပြီး လက်ရှိမှာလည်း လိဂ်ပွဲတွေ ပြီးဆုံးသွားပြီဖြစ်လို့ ဇော်မင်းထွန်းက ထိုင်းကလပ် ချောင်ဘူရီအသင်းနဲ့ စာချုပ်ချုပ်ဆိုနိုင်ရေး ဆောင်ရွက်နေခဲ့တာ ဖြစ်ပါတယ်။

Photo - MFF

 

" ကျွန်တော်ရန်ကုန်အသင်းနဲ့လည်း ပြောပြီးပါပြီ။မူလချုပ်ဆိုထားတဲ့ စာချုပ်ကလည်း ဒီနှစ်ကုန်ရင် အားလုံးပြီးပါပြီ။ဒါကြောင့် လာမယ့်နှစ် အတွက် အသင်းပြောင်းဖို့ အေးဂျင့်နဲ့ပူးပေါင်းပြီးဆောင်ရွက်နေခဲ့တာ ဖြစ်ပါတယ်။အခုတော့ အေးဂျင့်ရဲ့ ဆောင်ရွက်ပေးမှုအရ ထိုင်းကလပ် ချောင်ဘူရီအသင်းနဲ့ အကြို သဘောတူ စာချုပ်တော့ ချုပ်ပြီးပါပြီ။လစာကတော့ ၇၀၀၀+ ရရှိမှာ ဖြစ်ပြီး နေအိမ်နဲ့ကားလည်း စီစဉ်ပေးပါတယ်။" လို့ ဇော်မင်းထွန်းက ပြောပါတယ်။

ဇော်မင်းထွန်းအနေနဲ့ ချောင်ဘူရီအသင်းနဲ့ တစ်နှစ် အကြိုသဘောတူစာချုပ်မှာ ချုပ်ဆိုထားပြီး ကလပ်အသင်းကတော့ ၂ နှစ်အထိ ချုပ်ဆိုလိုနေ တယ်လို့လည်း သိရပါတယ်။

Photo - MFF

 

အခုလို ချောင်ဘူရီနဲ့ အကြို စာချုပ်ချုပ်ဆိုထားတဲ့ အချိန်မှာပဲ ထိုင်းလိဂ်(၁)က ထိပ်တန်း အသင်းကြီး  ၂ သင်းကလည်း ဇော်မင်းထွန်းကို ကမ်း လှမ်းမှုတွေ ပြုလုပ်လာတာကိုလည်း သိရပါတယ်။

ဒါပေမယ့် ဇော်မင်းထွန်းကတော့ မူလ သဘောတူထားတဲ့ ချောင်ဘူရီအသင်းကိုသာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး အကြိုသဘောတူ စာချုပ်မှာလည်း လိုအပ်ချက်တွေကို အသေးစိတ်နည်းပါး ညှိုနှိုင်းဆောင်ရွက်ပြီး ဖြစ်ကာ တရားဝင် စာချုပ်ချုပ်ဆိုဖို့သာ ကျန်တော့တယ်လို့လည်း သိရပါတယ်။

Photo - MFF

 

ဇော်မင်းထွန်းကို အခုလို ခေါ်ယူမယ့် ချောင်ဘူရီအသင်းကတော့ ယခုနှစ် ထိုင်းလိဂ်(၁)မှာ အဆင့် ၉ နေရာမှာ ရပ်တည်နိုင်ခဲ့ပေမယ့်လည်း ၂၀၀၇ ခုနှစ်တုန်းက အမှတ်ပေးချန်ပီယံ တစ်ကြိမ်ဖြစ်ဖူးပါတယ်။

ဒါ့အပြင် ထိုင်း FA CUP ပြိုင်ပွဲမှာလည်း ၂၀၁၀ နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ချန်ပီယံ ဖြစ်ခဲ့ဖူးသလို Kor Royal Cup ပြိုင်ပွဲမှာလည်း ချန်ပီယံ ၄ ကြိမ် အထိ ရရှိဖူးပြန်ပါတယ်။

အေအက်ဖ်စီ ချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း မကြာခဏဆိုသလို ဝင်ရောက်ယှဉ်ပြိုင်နိုင်လေ့ ရှိတဲ့ အသင်းတစ်သင်းဖြစ်ပြီး ဘရာဇီး၊စင်ကာပူ၊တောင်ကိုရီးယား၊ကိုဆိုဗိုမှ ကစားသမားတွေ ပါဝင်ကစားနေတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။

ဇော်မင်းထွန်းကတော့ လက်ရှိ ဘာရိန်းနဲ့ ကာတာကို ထွက်ခွာသွားပြီ ဖြစ်တဲ့ မြန်မာ့လက်ရွေးစင်အသင်းမှာတော့ ပါဝင်ခဲ့ခြင်းမရှိပေမယ့်လည်း ပြီးခဲ့တဲ့ အာရှ အားကစားပြိုင်ပွဲမှာတော့ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က