ကာတာနိုင်ငံမှာ နိုဝင်ဘာ ၅ ရက်နေ့အထိ နေထိုင်လေ့ကျင့်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ၃ ပွဲအတွက် အသင်း ၂ သင်းကို ချိတ်ဆက်ထားနိုင်ပြီဖြစ်ပြီး လက်ကျန် ၂ ပွဲကို ဆက်လက်ချိတ်ဆက်နေ တယ်လို့ သိရပါ တယ်။

Photo - MFF

 

ကာတာနိုင်ငံကို လေ့ကျင့်ရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ မြန်မာ့လက်ရွေးစင်အသင်းကတော့ လေ့ကျင့်ရေး ခရီးစဉ်အတွင်း ခြေစမ်းပွဲ ၅ ပွဲ ကစားသွားမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းရဲ့ ပြောပြချက်အရ သိရပါတယ်။

"မြန်မာပြည်ကို ကိုယ်စားပြုယှဉ်ပြိုင်ရတာ ဂုဏ်အယူရဆုံးပါပဲ"(အောင်လအန်ဆန်) 

အစောဆုံးပွဲအဖြစ် မနက်ဖြန်မှာ ကာတာ ကလပ် Al-Duhail SC အသင်းနဲ့ ကစားသွားမယ်လို့ သိရပြီး Al-Duhail SC အသင်းကတော့  ၂၀၁၇-၁၈ ဘောလုံးရာသီမှာ ကာတာ စတားလိဂ်ရဲ့ အမှတ်ပေးချန်ပီယံ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။

Photo - MFF

 

ဒီပွဲစဉ်ကိုတော့ ကာတာအချိန် ညနေ ၅ နာရီ ၄၅ မိနစ်(မြန်မာစံတော်ချိန် ၉ နာရီ ၁၅မိနစ်)မှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပြီး လက်ရှိအချိန်မှာ တော့ ခြေစမ်းကစားဖို့ ၃ သင်းသာ ရရှိသေးတယ်လို့သိရပါတယ်။

" ခြေစမ်းပွဲကတော့ စုစုပေါင်း ၅ ပွဲကစားမှာပါ၊ လောလောဆယ်မှာတော့ ၃ ပွဲ ရရှိထားပြီးပါပြီ၊နောက်ထပ် ၂ ပွဲကို ဆက်ကြိုးစားနေပါတယ်။" လို့ ဦးကိုကိုသိန်းက ပြောပါတယ်။

 

မြန်မာအသင်းအနေနဲ့ မနက်ဖြန် ကာတာလိဂ် လက်ရှိချန်ပီယံနဲ့ ကစားပြီးရင် ၂၄ ရက်နေ့နဲ့ ၂၈ ရက်နေ့ ကာတာအချိန် ၇ နာရီ ၁၅(မြန်မာစံ တော်ချိန် ၁၀ နာရီ ၄၅ မိနစ်)တို့မှာ Police fc အသင်းနဲ့ နှစ်ပွဲဆက်တိုက် ခြေစမ်းကစားဦးမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာအသင်းက ကာတာခရီးစဉ်မတိုင်မီ ဘာရိန်းအသင်းနဲ့လည်း ပြီးခဲ့တဲ့ ကြားရက်တုန်းက ခြေစမ်းကစားခဲ့ပြီး ၄-၁ ဂိုးနဲ့ ရှုံးနိမ့်ထားခဲ့ပါ တယ်။

အဲ့မတိုင်ခင်မှာလည်း အင်ဒိုနီးရှား၊ဘိုလီးဗီးယားအသင်းတို့နဲ့ ခြေစမ်းပွဲတွေ ဆက်တိုက်ကစားခဲ့ပြီး ၃ ဂိုးဂိုးမရှိနဲ့ ၂ ပွဲစလုံးကို ရှုံးနိမ့်ထားပါသေး တယ်။

ဒီခြေစမ်းပွဲ ၅ ပွဲကိုတော့ ရုပ်သံက ပြသသွားဖို့မရှိပဲ အွန်လိုင်းကနေတော့ ရိုက်ကူးပြသနိုင်ဖို့ ကြိုးစားနေတယ်ဆိုတဲ့အကြောင်းကိုလည်း ဦးကိုကိုသိန်းကပြောပါသေးတယ်။

Share

Loading Next Article...
က္က