ဦးသန်းတိုးအောင်ကိုလည်း အဖွဲ့ခေါင်းဆောင်အဖြစ် လိုက်ပါဆောင်ရွက်စေမှာ ဖြစ်ပါတယ်။

မြန်မာအသင်းရဲ့ ခံစစ်မှာ ထိုက်ထိုက်အောင်၊စိုးမိုးကျော်၊ဝင်းမိုးကျော်တို့ရှိနေပေမယ့် အသက်အရွယ်နဲ့ အတွေ့အကြုံ ငယ်ရွယ်အားနည်းနေတာ ကြောင့် အခုလိုမျိုး ဝါရင့်နောက်ခံလူ ဇော်မင်းထွန်းကို ခေါ်ယူအားဖြည့်လိုက်တာလည်း ဖြစ်ပါတယ်။



Photo - MFF

 

မြန်မာ့လက်ရွေးစင်အသင်းကတော့ ကာတာနိုင်ငံကို ခြေစမ်းခရီးစဉ်အဖြစ် ရောက်ရှိနေပြီး စုစုပေါင်း ကစားသမား ၂၆ ဦး ခေါ်ဆောင်သွားပါ တယ်။

ကာတာမှာ ခြေစမ်းပွဲ ၅ ပွဲကစားဖို့ရှိပြီး မနက်ဖြန်မှာ လိဂ်ချန်ပီယံနဲ့ စတင်ကစားမယ် 

မြန်မာအသင်းမှာ ကစားသမားအများစုက လူငယ်ကစားသမားတွေအဖြစ် ရှိနေပြီး ဝါရင့် ကစားသမားတွေအဖြစ် နောက်ခံလူ သိန်းသန်းဝင်း၊ ဒေးဗစ်ထန်၊ကျော်ဇင်ထက်တို့လောက်သာရှိပါတယ်။

Photo - MFF

 

အခုချိန်မှာတော့ မြန်မာအသင်းအနေနဲ့ ခံစစ်က ခြေစမ်းပွဲတွေမှာ ပေးဂိုးတွေ များစွာ ပေးထားရတဲ့ အနေအထားတစ်ရပ်မှာ ခံစစ်အားနည်းတယ် ဆိုတဲ့ ဝေဖန်သံတွေလည်း ရှိနေပါတယ်။

ဒီအခြေအနေအပေါ်မှာတော့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် အန်တွန်နီဟေးက ခံစစ်ကို အားဖြည့်တဲ့အနေနဲ့ ဝါရင့်နောက်ခံလူ ဇော် မင်းထွန်းကို ခေါ်ယူအားဖြည့်လိုက်ပါပြီ။

Photo - MFF

 

"ကျွန်တော်မနက်ဖြန် မနက်လိုက်သွားရမယ်လို့သိပါတယ်။ ဒီကြားထဲမှာတော့ ကျွန်တော် တစ်ကိုယ်ရေလေ့ကျင့်ခန်းတွေလုပ်တယ်၊Gym ကိုလည်း တစ်ရက်ခြားစီ လေ့ကျင့်ဖြစ်နေပါတယ်။" လို့ ဇော်မင်းထွန်းက ပြောပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းရဲ့ နောက်တန်းမှာ ထိုက်ထိုက်အောင်၊စိုးမိုးကျော်နဲ့ဝင်းမိုးကျော်တို့ တာဝန်ယူနေပြီး အတွေ့အကြုံနဲ့ အသက်အရွယ် အရ အားနည်းမှုတွေကို ရှေ့မှာ ခြေစမ်းကစားထားတဲ့ပွဲတွေမှာတွေ့မြင်ခဲ့ရပြီး ပရိသတ်တွေကြားမှာလည်း နောက်တန်း အားနည်းနေတယ်လို့ ဝေဖန်နေကြတ ဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့ လူငယ်ကစားသမားတွေနဲ့ ကစားထားခဲ့တဲ့ နောက်ဆုံး ခြေစမ်းပွဲ ၃ ပွဲမှာ ပေးဂိုးက ၁၀ ဂိုးအထိရှိခဲ့ပြီး ရဂိုးကတော့ ၁ ဂိုး သာရရှိထားပါတယ်။

ဇော်မင်းထွန်းနည်းတူ အခြားသူတစ်ဦးအဖြစ် ဦးသန်းတိုးအောင်ကိုလည်း အသင်းရဲ့ အဖွဲ့ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်ဖို့အတွက် ကာ တာနိုင်ငံကို လိုက်ပါသွားစေမယ်လို့ သိရပါတယ်။

မြန်မာအသင်းကတော့ မနက်ဖြန်မှာ ကာတာလိဂ်က အမှတ်ပေးချန်ပီယံအသင်းနဲ့ စတင် ခြေစမ်းကစားမှာ ဖြစ်ပြီး ကာတာနိုင်ငံမှာ စုစုပေါင်း ခြေစမ်းပွဲ ၅ ပွဲ ကစားမှာလို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က