တတိယမြောက်ခြေစမ်းပွဲကို ၂၈ ရက်နေ့မှာ ကာတာရဲတပ်ဖွဲ့အသင်းနဲ့ပဲ ထပ်မံ ခြေစမ်းကစားမှာပါ။

နည်းပြအန်တွန်နီဟေးလက်ထက် မြန်မာ့လက်ရွေးစင်အသင်း ရှုံးပွဲဆက်နေခဲ့ပြီး တရုတ်၊အင်ဒိုနီးရှား၊ဘိုလီးဗီးယားနဲ့ ကာတာလိဂ်ချန်ပီယံအ သင်းတို့ကို ဆက်တိုက်ရှုံးနိမ့်ထားတာပါ။အခုပွဲသရေကျခဲ့လို့ ရှုံးပွဲဆက်နေမှုကိုတော့ ရပ်တန့်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။



Photo - MFF

 

ဆူဇူကီးပြိုင်ပွဲအတွက် ကာတာနိုင်ငံမှာ နေထိုင်လေ့ကျင့်နေတဲ့ မြန်မာအသင်းကတော့ မနေ့ညနေပိုင်းက ကာတာ အပျော်တမ်း အသင်းတစ် သင်းဖြစ်တဲ့ ကာတာတပ်မတော်အသင်းနဲ့ ခြေစမ်းကစားခဲ့ပါတယ်။

မြန်မာပရိသတ်ကို အလိုလိုက်ပြီး ထိုးသတ်ပေးနေတယ်ဆိုတဲ့ အောင်လအန်ဆန် 

အဲ့ဒီပွဲ ပထမပိုင်းမှာ ကာတာအသင်းက ဦးဆောင်ထားနိုင်ပေမယ့်လည်း ဒုတိယပိုင်း မိနစ် (၆၀)မှာတော့ မြန်မာအသင်းရဲ့ တိုက်စစ်ကို ဖျက် ထုတ်ရင်း ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့လို့ မြန်မာအသင်း ချေပဂိုးရခဲ့ပါတယ်။

Photo - MFF

ထပ်မံပြီး မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို ဇင်မင်းထွန်းက သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း ပွဲချိန် ၉၂ မိနစ်မှာ ကာတာရဲတပ်ဖွဲ့အသင်းက ချေပဂိုး ပြန်ရသွားလို့ ပွဲအပြီးမှာ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့ပါတယ်။

မြန်မာအသင်းကတော့ ကာတာနိုင်ငံကို ၁၇ ရက်နေ့ကတည်းက ရောက်ရှိနေခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ခြေစမ်းပွဲ ၂ပွဲကစားပြီးနှင့်ပြီ ဖြစ်ပါတယ်။

ပထမ ခြေစမ်းပွဲမှာ ကာတာလိဂ် ချန်ပီယံကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး အဆိုပါပွဲမတိုင်မီမှာလည်း အင်ဒိုနီးရှားကို ၃-၀ ၊ ဘိုလီးဗီးယားကို ၃-၀ တို့နဲ့ အသီးသီး အရေးနိမ့်ထားပြီး ရှုံးပွဲဆက်နေခဲ့တာ ဖြစ်ပါတယ်။

အခုလို ကာတာရဲတပ်ဖွဲ့အသင်းနဲ့ သရေကျခဲ့တာကြောင့် အန်တိုနီဟေးလက်ထက် လက်ရွေးစင်အသင်းအနေနဲ့ ပထမဆုံး ရမှတ်ကို ရှာဖွေနိုင်ခဲ့ တာလည်း ဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့ ကာတာနိုင်ငံမှာ ခြေစမ်းပွဲ ၅ ပွဲကစားမှာလို့ သိထားရတာကြောင့် နောက်ထပ် ၃ ပွဲကစားဖို့ ကျန်သေးတာ ဖြစ်ပြီး တတိယ ပွဲအဖြစ်တော့ အခုကစားခဲ့တဲ့ ကာတာ တပ်မတော်အသင်းနဲ့ပဲ ထပ်မံ ကစားသွားဦးမှာ ဖြစ်ပါတယ်။

တတိယမြောက် ခြေစမ်းပွဲကိုတော့ လာမယ့် ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီ ၄၅ မိနစ်မှာ ဆက်လက်ကစားသွားဦးမှာ ဖြစ်ပါတယ်။ တစ်ခုရှိတာက အခု ကာတာမှာ ကစားနေတဲ့ ခြေစမ်းပွဲတွေက ကွင်းပိတ်ကစားနေတာ ဖြစ်သလို အထူးသဖြင့် လေ့ကျင့်ရေး ခြေစမ်းပွဲသဘော မျိုးသာ ကစားနေတာလည်းဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့ ဆူဇူကီးပြိုင်ပွဲမှာ အုပ်စု(က)အတွင်း ဗီယက်နမ်၊မလေးရှား၊ကမ္ဘောဒီးယား၊လာအိုအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက် နေပြီး အဖွင့်ပွဲအဖြစ် နိုဝင်ဘာ ၁၂ ရက်နေ့မှာ ကမ္ဘောဒီးယားအသင်းနဲ့ စတင်ကစားပါမယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က