ကစားထားသမျှ ခြေစမ်းပွဲအားလုံး ရှုံးနိမ့်ခဲ့ပြီး ယီမင်အသင်းရဲ့ ကျော်တက်ခြင်းခံခဲ့ရပါတယ်။

စက်တင်ဘာလမှာ ခြေစမ်းပွဲလုံး၀ မကစားခဲ့သလို အောက်တိုဘာလအတွင်းကစားခဲ့သမျှ ဖီဖာအသိအမှတ်ပြု ခြေစမ်းပွဲအားလုံးကို ရှုံးနိမ့်ခဲ့ ပါတယ်။



Photo - MFF

 

အောက်တိုဘာလအတွက် ဖီဖာ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာတော့ မြန်မာ့လက်ရွေးစင်အသင်း အဆင့် ၃ ဆင့် လျော့ကျခဲ့ပါတယ်။

ကာတာအပျော်တမ်းကလပ်ကို သရေကစားပြီး ရှုံးပွဲဆက်နေမှုကို မြန်မာအသင်းရပ်တန့် 

မူလ ကမ္ဘာ့အဆင့် ၁၃၈ မှာ ရပ်တည်နေတာကနေ ၁၄၁ အထိ လျော့ခဲ့ရတာ ဖြစ်ပြီး ဒီလိုလျော့ကျရတာကလည်း အောက်တိုဘာလအတွင်း ကစားတဲ့ ခြေစမ်းပွဲတွေမှာ အမှတ်လုံး၀ မရခဲ့တာကြောင့် ဖြစ်ပါတယ်။

Photo - MFF

 

စက်တင်ဘာမှာ ခြေစမ်းပွဲလုံး၀ မကစားခဲ့သလို အောက်တိုမှာ ကစားတဲ့ ခြေစမ်းပွဲ ၂ ပွဲမှာလည်း ရဂိုးမရှိ နှစ်ပွဲစလုံး ရှုံးနိမ့်ခဲ့ပါတယ်။

အင်ဒိုနီးရှားကို ၃-၀ ရှုံးသလို ဘိုလီးဗီးယားကိုလည်း ၃-၀ နဲ့ပဲ ရှုံးခဲ့ပါတယ်။ အဲ့နောက် ဘာရိန်းလက်ရွေးစင်အသင်းနဲ့ ခြေစမ်းကစားခဲ့ရာမှာ လည်း ၄-၁ ဂိုးနဲ့ ထပ်မံ အရေးနိမ့်ခဲ့ပြန်ပါတယ်။

Photo - MFF

 

မြန်မာအသင်းအနေနဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်း ကစားထားခဲ့သမျှ ဖီဖာ အသိအမှတ်ပြု ခြေစမ်းပွဲစဉ်တွေအားလုံးကို ရှုံးနိမ့် ခဲ့တာကြောင့် မူလရမှတ်အတိုင်းသာ ဆက်ရှိနေခဲ့ပြီး ယီမင်အသင်းရဲ့ ကျော်တက်ခြင်းကို ခံခဲ့ရပါတယ်။

အခုတော့ ကာတာမှာ နေထိုင် လေ့ကျင့်နေပြီး ကာတာမှာလည်း ခြေစမ်းပွဲ ၂ ပွဲကစားပြီးချိန်ထိ နိုင်ပွဲ မရသေးပဲ ကာတာလိဂ်ချန်ပီယံကိ ု၂-၁ ဂိုးနဲ့ ရှုံးထားသလို ကာတာ တပ်မတော် အပျော်တမ်းအသင်းကိုလည်း ၂ ဂိုးစီ သရေသာ ကစားထားနိုင်ပါတယ်။

ဆူဇူကီးအတွက် ပြင်ဆင်နေတာ ဖြစ်ပြီး ကာတာနိုင်ငံမှာ လက်ကျန် ခြေစမ်းပွဲ ၃ ပွဲကစားဖို့ရှိနေပါသေးတယ်။ ဒီကနေ့မှာတော့ ၂ ဂိုးစီ သရေ ကျထားတဲ့ ကာတာ တပ်မတော်အသင်းနဲ့ ထပ်မံ ခြေစမ်းဦးမှာလို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က