လက်ဖနောင့်ရိုးအက်တဲ့ဒဏ်ကို ခံစားနေရတာ ဖြစ်ပြီး ခြေစမ်းပွဲအချို့ကို လွဲချော်ထားပါတယ်။

လက်ဖနောင့်ရိုးအက်တဲ့ ဒဏ်ကို ခံစားခဲ့ရတာ ဖြစ်ပြီး ကာတာနိုင်ငံကို ထွက်ခွာသွားတဲ့အသင်းမှာ လိုက်ပါသွားပေမယ့်လည်း ဒီနေ့အထိတော့ အသင်းနဲ့အတူ ပွဲထွက်ကစားထားနိုင်ခြင်းမရှိသေးပါဘူး။



Photo - MFF

 

မြန်မာ့လက်ရွေးစင်အသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူး အောင်သူကတော့ ထိုင်းလိဂ်မှာ ကစားစဉ် ကလပ်အသင်းနဲ့ ရရှိထားတဲ့ လက်ဒဏ်ရာ ကြောင့် မြန်မာ့လက်ရွေးစင်အသင်းရဲ့ ပွဲစဉ်အချို့ကို လွဲချော်ထားရပါတယ်။

ကမ္ဘာ့အဆင့် ၃ ဆင့် လျော့ကျခဲ့တဲ့ မြန်မာ 

အောင်သူအနေနဲ့ ထိုင်းလိဂ်မှာ ကစားစဉ် ပြိုင်ဖက်အသင်းရဲ့ ဂိုးသမားနဲ့ထိခိုက်မိပြီး လက်ဖနောင့်ရိုးအက်တဲ့ ဒဏ်ကို ခံစားနေရတာလို့ သိရပါ တယ်။

Photo - MFF

 

အခုတော့ ဒီဒဏ်ရာက ပြန်လည်သက်သာလာနေပြီလို့ သိရပြီး အသင်းနဲ့အတူလည်း လေ့ကျင့်ခန်းတွေ ပူးပေါင်းနေနိုင်ပြီလို့ မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

ဒါကြောင့် မကြာခင်မှာ ကစားဖို့ရှိနေတဲ့ ဆူဇူကီးဖလားပြိုင်ပွဲကြီးအတွက် အောင်သူတစ်ယောက် အဆင်သင့်အနေအထားကို မကြာခင်မှာ ရောက်ရှိတော့မှာလည်း ဖြစ်ပါတယ်။

Photo - MFF

 

မြန်မာအသင်းကတော့ ကာတာနိုင်ငံကို ရောက်ရှိနေပြီး ခြေစမ်းပွဲ ၅ ပွဲကစားမယ်လို့ သိရပါတယ်။ ဒီနေ့အထိတော့ ခြေစမ်းပွဲ ၂ ပွဲကစားပြီးရာ မှာ တစ်ပွဲရှုံး တစ်ပွဲသရေကျထားပါတယ်။

မနက်ဖြန်မှာ ကတာ တပ်မတော်အပျော်တမ်းအသင်းနဲ့ ခြေစမ်းပွဲကစားဖို့ရှိနေပြီး ပြီးခဲ့တဲ့ ၂၄ ရက်နေ့တုန်းက ကစားခဲ့ရာမှာတော့ ဒီအသင်းကို တစ်ဖက် ၂ ဂိုးစီ သရေကစားထားပါတယ်။

မနက်ဖြန်ပွဲကို မြန်မာစံတော်ချိန် ည ၁၀ နာရီ ၄၅ မှာ ကစားမှာလို့သိရပြီး လေ့ကျင့်ရေးခြေစမ်းပွဲသဘောမျိုးသာ ကစားမှာ ဖြစ်လို့ ဘယ်လိုင်း ကမှ ထုတ်လွှင့်ပြသနိုင်မှာတော့ မဟုတ်ပါဘူး။

မြန်မာအသင်းအနေနဲ့ လာမယ့် နိုဝင်ဘာ ၁၂ ရက်နေ့မှာ ကမ္ဘောဒီးယားအသင်းနဲ့ ဆူဇူကီးအဖွင့်ပွဲကစားရဖို့ရှိနေပြီး အဲ့နောက် ၁၆ ရက်နေ့မှာ လာအိုအသင်း၊၂၀ ရက်နေ့မှာ ဗီယက်နမ်အသင်း၊၂၄ ရက်နေ့မှာ မလေးရှားအသင်းတို့နဲ့ ဆက်တိုက်ကစားသွားရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က