ကာတာမှာ ခြေစမ်းပွဲ ၂ပွဲထပ်ကစားဖို့ရှိပါတယ်။

အန်တိုနီဟေးအနေနဲ့ လက်ရွေးစင်အသင်းကို ခြေစမ်းပွဲတွေသာ တာဝန်ယူကိုင်တွယ်ထားသေးတာ ဖြစ်ပြီး ပထမဆုံး ပြိုင်ပွဲအဖြစ် လာမယ့် ဆူဇူ ကီးကို စတင်တာဝန်ယူမှာဖြစ်ပါတယ်။

Photo - MFF

 

မနေ့ညက ကာတာ အပျော်တမ်းအသင်းတစ်သင်းဖြစ်တဲ့ တပ်မတော်အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ မြန်မာအသင်းက ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ ပါတယ်။

အောင်သူရဲ့ လက်ဒဏ်ရာ သက်သာလာပြီ 

ဒီနိုင်ပွဲက နည်းပြ အန်တိုနီဟေးအတွက်တော့ လက်ရွေးစင်အသင်းကို တာဝန်ယူကိုင်တွယ်သမျှ ကာလပတ်လုံး ပထမဆုံးနိုင်ပွဲစတင်ရယူနိုင်ခဲ့ တာလည်း ဖြစ်ပါတယ်။

Photo - MFF

မြန်မာအသင်းက ကာတာနိုင်ငံမှာ အောက်တိုဘာလ ၁၇ ရက်နေ့ကတည်းက နေထိုင်လေ့ကျင့်နေပြီး ခြေစမ်းပွဲတွေ ကစားနေတာပါ။ လက်ရှိ အချိန်အထိ ၃ ပွဲကစားပြီးချိန်မှာ တစ်ပွဲနိုင်၊တစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပါတယ်။

ဒီမတိုင်ခင်ကတော့ နိုင်ငံတကာခြေစမ်းပွဲ ၄ ပွဲအထိ ကစားခဲ့ဖူးပြီး တရုတ်၊အင်ဒိုနီးရှား၊ဘိုလီးဗီးယားနဲ့ဘာရိန်းအသင်းတို့ကို ဆက်တိုက်ရှုံးနိမ့်ထား ပါတယ်။

Photo - MFF

 

ဒါကြောင့် အခုလို အနိုင်ရရှိခဲ့တာဟာ နည်းပြ အန်တိုနီဟေးလက်ထက်တော့ ပထမဆုံးလက်ရွေးစင်အသင်းကို နိုင်ပွဲရယူပေးနိုင်တာ ဖြစ်ပြီး ဆူ ဇူကီးအတွက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဆူဇူကီးမတိုင်ခင် ကာတာမှာ ခြေစမ်းပွဲ ၂ ပွဲလောက် ထပ်မံ ခြေစမ်းကစားဖို့ရှိနေသေးတယ်လို့သိရပြီး ဘယ်အသင်းတွေနဲ့ ထပ်မံ ခြေစမ်းမယ်ဆို တာကတော့ မသိသေးပါဘူး။

မြန်မာအသင်းက ဆူဇူကီးအဖွင့်ပွဲကို နိုဝင်ဘာ ၁၂ ရက်နေ့ ကမ္ဘောဒီးယားအသင်းနဲ့ ကစားမှာ ဖြစ်ပြီး အဲ့နောက် လာအို၊ဗီယက်နမ်၊မလေးရှား အသင်းတို့နဲ့ ဆက်တိုက်ကစားမှာပါ။

Share

Loading Next Article...
က္က