၀ယ်လိုအားအရမ်းများလာရင်တော့ မှောင်ခိုဈေးကွက်မဖြစ်အောင် အစောင်ရေ ပြန်လည်ကန့်သတ်မယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ဗထူးကွင်းနဲ့ မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)တို့မှာ ရုံးချိန်အတွင်း ရောင်းချပေးသွားမှာ ဖြစ်ပြီး လက်မှတ်တန်ဖိုးကတော့ အထူးတန်း ၅၀၀၀ နဲ့ ရိုးရိုးတန်း ၃၀၀၀ ဖြစ်ပါတယ်။

 

နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ကစားမယ့် ကမ္ဘောဒီးယားအသင်းနဲ့ ဆူဇူကီးဖလား အုပ်စုအဖွင့်ပွဲအတွက် ကြိုတင်လက်မှတ်တွေကို နိုဝင်ဘာ ၇  ရက်နေ့ကနေ စတင်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

အန်တိုနီဟေးလက်ထက် လက်ရွေးစင်အသင်း ပထမဆုံး နိုင်ပွဲရ 

မြန်မာအသင်းနဲ့ ကမ္ဘောဒီးယားအသင်းတို့ပွဲစဉ်ကို မန္တလေးမြို့ မန္တလာ သီရိ အားကစားကွင်းမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး ကြိုတင်လက်မှတ် တွေကိုတော့ ဗထူးအားကစားကွင်းနဲ့ မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး)တို့မှာ နိုဝင်ဘာလ ၇ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ရုံးချိန်အတွင်း ရောင်းချပေးသွားမယ်လို့လည်း သိရပါတယ်။

 

ဒီလိုရောင်းချပေးရာမှာတော့ - " မှတ်ပုံတင်မလိုပါဘူး။ လူတိုင်း လိုသလောက်ရောင်းချပေးသွားမှာပါ။တစ်ဦးကို လက်မှတ် အစောင်ရေ အကန့်အသတ်မရှိ ဝယ်ခွင့်ပြုမှာ ဖြစ်ပေမယ့်လည်း  တစ်ခုရှိတာက တစ်ဦးတည်း အစောင်ရေ ၅၀၊၁၀၀ ဒီလိုမျိုးတော့ အများကြီး ဝယ်ခွင့်မပေး ပါဘူး။ ဒါကျတော့ မှောင်ခိုဈေးကွက်ကို အားပေးရာ ရောက်မှစိုးလို့ပါ။" လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာ တာဝန်ခံ ဦးဇော်မင်းထိုက်က ပြောပါတယ်။

အခုလို လိုသလောက်ဝယ်ခွင့်ပေးထားပေမယ့်လည်း မှောင်ခိုဈေးကွက်ကို အာေးပးမယ့် သဘောသက်ရောက်စေမယ့် ဝယ်ယူမှုမျိုးတွေ တွေ့လာပြီဆိုရင်တော့ ဝယ်ယူခွင့်ကို ပြန်လည်ကန့်သတ်သွားရတာမျိုးလည်း ရှိလာနိုင်တယ်လို့ ဦးဇော်မင်းထိုက်က ပြောပါသေးတယ်။

ပြိုင်ပွဲ ကျင်းပမယ့် နိုဝင်ဘာလ ၁၂ ရက်နေ့မှာလည်း ကျင်းပမယ့် ကွင်းရှေ့မှာ ရောင်းချပေးနိုင်ဖို့ လက်မှတ်အစောင်ရေ သောင်းဂဏန်းအထိ ချန်ထားတယ်လို့လည်း သိရပါတယ်။

 

မြန်မာအသင်းက ဆူဇူကီးမှာ အုပ်စုပွဲ ၄ ပွဲကစားရမှာဖြစ်ပြီး ၂ ပွဲကို အိမ်ရှင် ၂ ပွဲကို အဝေးကွင်းလိုက်ပါ ကစားရမှာဖြစ်ပါတယ်။ အိမ်ရှင်လုပ်တဲ့ ၂ ပွဲမှာ တစ်ပွဲကို မန္တလေး တစ်ပွဲကို ရန်ကုန်မှာ ကစားမှာဖြစ်တာကြောင့် ကမ္ဘောဒီးယားပွဲကို မန္တလေးမှာ ကျင်းပပြီးရင် ဗီယက်နမ်နဲ့ပွဲကို ရန်ကုန် မှာ ကျင်းပမှာ ဖြစ်ပါတယ်။

လက်မှတ်ခတွေကတော့ အထူးတန်း ၅၀၀၀ နဲ့ ရိုးရိုးတန်း ၃၀၀၀ အဖြစ် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက ဈေးနှုန်းအတိုင်းပဲ အပြောင်းအလဲမရှိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က