ကာတာဘောလုံးအဖွဲ့ချုပ်ရဲ့ အစီအစဉ်နဲ့သာ ခြေစမ်းကစားခွင့်ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ကနဦး သတင်းထုတ်ပြန်ထားချက်အရ ကာတာနိုင်ငံမှာ ခြေစမ်းပွဲ ၅ ပွဲအထိ ကစားသွားမှာ ဖြစ်တာကြောင့် လက်ကျန် ခြေစမ်းပွဲ ၂ ပွဲကစားဖို့ကျန်ပါသေးတယ်။

Photo - MFF

 

မြန်မာ့လက်ရွေးစင်အသင်းကတော့ ကာတာနိုင်ငံကို လေ့ကျင့်ရေးနဲ့ ခြေစမ်းပွဲများ ကစားဖို့ ရောက်ရှိနေတာ ဖြစ်ပြီး လက်ရှိအချိန်ထိ ခြေစမ်းပွဲ ၃ ပွဲကစားပြီး ဖြစ်ပါတယ်။

ဆူဇူကီးကြိုတင်လက်မှတ်တွေကို အကန့်အသတ်မရှိရောင်းချပေးသွားမည် 

အောက်တိုဘာလ ၁၇ ရက်နေ့ကတည်းက ကာတာနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပြီး ပထမဆုံး ကာတာလိဂ် ချန်ပီယံအသင်းနဲ့ ခြေစမ်းကစားခဲ့ ရာမှာတော့ ၂-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။

 

အဲ့နောက် ကာတာတပ်မတော်အသင်းနဲ့ ခြေစမ်းပွဲ ၂ပွဲဆက်တိုက်ကစားခဲ့ရာမှာတော့ ပထမပွဲမှာ ၂ဂိုးစီသရေကျခဲ့ပြီး ဒုတိယပွဲမှာတော့ ၂ ဂိုးဂိုး မရှိနဲ့ အနိုင်ရခဲ့ပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ကနဦး သတင်းထုတ်ပြန်ထားချက်အရ ကာတာနိုင်ငံမှာ ခြေစမ်းပွဲ ၅ ပွဲအထိ ကစားသွားမှာ ဖြစ်တာကြောင့် လက်ကျန် ခြေစမ်းပွဲ ၂ ပွဲကစားဖို့ကျန်ပါသေးတယ်။

 

" ခြေစမ်းပွဲ ၂ ပွဲအတွက် အခုထိတော့ အသင်းမရသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ ကာတာဘောလုံးအဖွဲ့ချုပ်ရဲ့ စီစဉ်ပေးမှုနဲ့သာ ခြေစမ်းပွဲ တွေ ကစားနေခြင်းဖြစ်ပါတယ်။ရှေ့ကပွဲတွေကိုလည်း ကာတာဘောလုံးအဖွဲ့ချုပ်ဖက်က ကူညီ စီစဉ်ပေးခဲ့တာပါ။အခုလည်း နောက်ထပ် ခြေစမ်း ပွဲတွေအတွက် သူတို့ဖက်က အသင်းရှာပေးနေပါတယ်။သူတို့ စီစဉ်ပေးတဲ့အသင်းနဲ့သာ ကစားရတာ ဖြစ်ပြီး အခုချိန်အထိတော့ ခြေစမ်းပွဲ ကစား ဖို့အသင်းမရသေးပါဘူး။" လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာ တာဝန်ခံ ဦးဇော်မင်းထိုက်က ပြောပါတယ်။

မြန်မာအသင်းအနေနဲ့ ကာတာနိုင်ငံကို ခြေစမ်းခရီးမသွားခင် ဖီဖာအသိအမှတ်ပြု နိုင်ငံတကာ ခြေစမ်းပွဲ၃ ပွဲကစားခဲ့ပြီး အင်ဒိုနီးရှား၊ဘိုလီးဗီ ယားနဲ့ဘာရိန်းအသင်းတို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့ပါတယ်။

ဆူဇူကီးပြိုင်ပွဲမတိုင်ခင် နိုဝင်ဘာလ ၅ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာမှာ ဖြစ်ပြီး ၁၂ ရက်နေ့မှာတော့ ကမ္ဘောဒီးယားအသင်းနဲ့ အဖွင့်ပွဲ စတင်ကစားပါမယ်။

Share

Loading Next Article...
က္က