AD
AD
AD

ကာတာနိုင်ငံကို အောက်တိုဘာ ၁၇ ရက်နေ့ကတည်းက ရောက်နေတာ ဖြစ်ပြီး နိုဝင်ဘာလ ၅ ရက်နေ့မှာတော့ မြန်မာနိုင်ငံကို ပြန်လည်ရောက် ရှိမှာပါ။

play
Photo - MFF

 

ကာတာနိုင်ငံမှာ နေထိုင်လေ့ကျင့်နေတဲ့ မြန်မာ့လက်ရွေးစင်အသင်းကတော့ ခြေစမ်းပွဲ ၅ ပွဲကစားဖို့ စီစဉ်ထားပေမယ့် ၃ ပွဲသာ ကစားထားနိုင်ပါ သေးတယ်။

 

လက်ကျန် ခြေစမ်းပွဲ ၂ပွဲအတွက်လည်း အဆင်မပြေလို့ ကစားနိုင်ခြင်း မရှိတော့ပဲ ကာတာနိုင်ငံမှာ လေ့ကျင့်ရေးတွေသာ ပြုလုပ်တော့မယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

play
Photo - MFF

 

မြန်မာအသင်းအနေနဲ့ ကာတာနိုင်ငံမှာ ခြေစမ်းပွဲ ၃ ပွဲကစားပြီးချိန်မှာတော့ ကာတာလိဂ် ချန်ပီယံအသင်းကို ၂-၁ ဂိုးနဲ့ ရှုံးခဲ့ပြီး ကာတာ တပ်မ တော်အသင်းကို ပထမပွဲမှာ ၂ ဂိုးစီ သရေ၊ ဒုတိယပွဲမှာ ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

အဲ့မတိုင်ခင်က ဖီဖာ အသိအမှတ်ပြု ခြေစမ်းပွဲ ၃ပွဲထိ ကစားခဲ့ပြီး အင်ဒိုနီးရှား၊ဘိုလီးဗီးယားနဲ့ ဘာရိန်းအသင်းတို့နဲ့ကစားခဲ့ရာမှာတော့ ရှုံးပွဲဆက် ခဲ့ပါတယ်။

play
Photo - MFF

 

မြန်မာနိုင်ငံကိုတော့ လာမယ့် နိုဝင်ဘာလ ၅ ရက်နေ့မှာ ပြန်လည်ရောက်ရှိမယ်လို့ သိရပြီး နိုဝင်ဘာလ ၈ ရက်နေ့မှာတော့ မန္တလေးမြို့ကို ဆက်လက်ထွက်ခွာပါမယ်။

မန္တလေးမြို့မှာတော့ နိုဝင်ဘာ ၁၂ ရက်နေ့မှာ ကမ္ဘောဒီးယားအသင်းနဲ့ ဆူဇူကီးဖလား အဖွင့်ပွဲကို စတင်ကစားမှာ ဖြစ်ပြီး ၁၆ ရက်နေ့မှာတော့ လာအိုနိုင်ငံကို သွားရောက်ကစားပါမယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD