ဒုတိယအဆင့် ခြေစစ်ပွဲကို ဆက်လက်ကစားရပါဦးမယ်။

မြန်မာအသင်းအနေနဲ့ အုပ်စုမှာ ၂ ပွဲနိုင် ၁ ပွဲသရေ ရမှတ် ၇ မှတ်ရရှိပြီး အုပ်စုဗိုလ်နဲ့ ခြေစစ်ပွဲ ဒုတိယအဆင့်ကို တက်လှမ်းသွားတာ ဖြစ်ပါတယ်။



Photo - MFF

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကတော့ ၂၀၂၀ တိုကျို အိုလံပစ်ပြိုင်ပွဲအတွက် ပထမအဆင့် ခြေစစ်ပွဲ တွေကို ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။

"အောင်သူက ထွက်ပြေးတတ်တဲ့ ကစားသမားမဟုတ်ဘူး" - အန်တွန်နီဟေး 

မြန်မာအသင်းပါတဲ့ အုပ်စုကိုတော့ အိမ်ရှင်အဖြစ်ကစားခဲ့တာ ဖြစ်ပြီး နီပေါ၊ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယအသင်းတို့ ပါဝင်ပါတယ်။

Photo - MFF

 

မြန်မာအသင်းအနေနဲ့ အဖွင့်ပွဲမှာ ဘင်္ဂလားဒေ့ရှ်အသင်းကို ၅ ဂိုးပြတ်အနိုင်ခဲ့ပေမယ့် ဒုတိယပွဲမှာနီပေါအသင်းကို အမှတ်မထင် တစ်ဂိုးစီသရေကျခဲ့လို့ ခြေစစ်ပွဲအောင်ဖို့ စိုးရိမ်စရာရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း အုပ်စုနောက်ဆုံးပွဲမှာတော့ နီပေါနဲ့ ဘင်္ဂဘားဒေ့ရှ်တို့ သရေကျခဲ့လို့ မြန်မာအသင်း အိန္ဒိယနဲ့ မကစားခင်မှာပင် နောက်တစ်ဆင့်ကို တက်ရောက်သွားပါတယ်။

Photo - MFF

 

အိန္ဒိယနဲ့ပွဲကတော့ အုပ်စုဗိုလ်အတွက်သာ ကစားခဲ့ရတော့ပြီး မြန်မာအသင်းက ၂ - ၁ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ၂၀၂၀ တိုကျိုအိုလံပစ် ပထမအဆင့် ခြေစစ်ပွဲကို အုပ်စုဗိုလ်နဲ့ အောင်မြင်ခဲ့ပါတယ်။

အုပ်စုဗိုလ်နဲ့ အုပ်စု ဒုတိယက အသင်းတွေက ဒုတိယအဆင့် ခြေစစ်ပွဲတွေကို တိုက်ရိုက်အောင်မြင်မှာ ဖြစ်ပြီး အကောင်းဆုံး အုပ်စု တတိယရအသင်း၂ သင်းလည်း နောက်တစ်ဆင့်ကို တက်ရောက်ကစားခွင့်ရပါမယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က