ဗီယက်နမ်နဲ့ပွဲမှာ အိမ်ကွင်းပရိသတ်အပြည့် အားပေးမယ်လို့ အန်တွန်နီဟေးက ယုံကြည်နေပါတယ်။

အုပ်စု လက်ကျန် ၂ ပွဲအလိုမှာ မြန်မာ၊ဗီယက်နမ်နဲ့ မလေးရှားတို့ ၆ မှတ်စီတူညီနေပေမယ့် မလေးရှားက တစ်ပွဲပိုကစားထားပါတယ်။ ဒါကြောင့် မြန်မာအသင်းအနေနဲ့ မလေးရှားကို သရေကျတာနဲ့ ဗီယက်နမ်နဲ့ပွဲမှာ ဂိုးပြတ်မရှုံးဘူးဆို ဆီမီးဖိုင်နယ်ကို ဂိုးကွာခြားချက်နဲ့ တက်ရောက်နိုင်ပါတယ်။

Photo - MFF

 

မြန်မာအသင်းကတော့ ၂၀၁၈ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေရာမှာ လက်ရှိအချိန်မှာတော့ ၂ ပွဲကစား ၂ ပွဲနိုင်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

လာအိုကိုလည်း နောက်ကလိုက်ကစားပြီးမှ အနိုင်ယူနိုင်ခဲ့တဲ့ မြန်မာ 

အဖွင့်ပွဲမှာ ကမ္ဘောဒီးယားကို ၄-၁ ဂိုး၊ ဒုတိယပွဲမှာ လာအိုကို ၃-၁ ဂိုးနဲ့တို့ အနိုင်ရထားပြီး လာမယ့် တတိယနဲ့ စတုတ္ထမြောက်ပွဲတွေကတော့ တစ်ကယ်ကို ခက်ခဲမယ့် ပွဲတွေ လာပါတော့မယ်။

 

လာမယ့် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ဗီယက်နမ်အသင်းကို အိမ်ကွင်းဧည့်ခံ ကစားမှာ ဖြစ်ပြီး ၂၄ ရက်နေ့မှာ မလေးရှားအသင်းကို အဝေးကွင်း လိုက်ပါ ကစားရမှာပါ။

ဒီပွဲစဉ် ၂ ပွဲက မြန်မာအသင်းအတွက် ဆီမီးဖိုင်နယ် တက်ရောက်ရေး အဆုံးအဖြတ်ပေးမယ့် ပွဲစဉ် ၂ပွဲဖြစ်ပြီး အဓိကကတော့ မလေးရှားအသင်း နဲ့ ပွဲစဉ် ဖြစ်ပါတယ်။

Photo - MFF

 

"ရန်ကုန်မှာ ကစားမယ့် ဗီယက်နမ်နဲ့ပွဲစဉ်ကတော့ ပရိသတ် ကွင်းအပြည့်နဲ့ အားပေးကြမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ အားအင်အပြည့် အကောင်းဆုံး ကစားနိုင်မှာပါ။ ပရိသတ်တွေ အားပေးမှုနဲ့အတူဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။” လို့ မြန်မာ အသင်း နည်းပြချုပ် အန်တွန်နီဟေးက လာအိုကို နိုင်တဲ့ပွဲအပြီးမှာ ပြောသွားပါတယ်။

မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့က ၂၀၁၆ ဆူဇူကီးဖလားတုန်းကလည်း တစ်အုပ်စုတည်း ကျရောက်ခဲ့ဖူးပြီး အဲ့တုန်းက မြန်မာနိုင်ငံက အိမ် ရှင်အဖြစ် ကစားတာပါ။

ဒါပေမယ့်လည်း ဗီယက်နမ်အသင်းက မြန်မာအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ယူထားဖူးတဲ့ သာဓက ကလည်း ရှိနေပြန်တော့ အခုတစ်ကြိမ်မှာလည်း ခြေစွမ်းအရ ဗီယက်နမ်အသင်းက အနည်းငယ် ပိုမို သာလွန်နေတဲ့ အနေအထားမှာစိုးရိမ်စရာရှိနေပါတယ်။

မြန်မာအသင်းအနေနဲ့ လက်ရှိ အုပ်စု ရပ်တည်မှု အနေအထားအရ အုပ်စုဗိုလ်မှာ ရှိနေတာကြောင့် ဗီယက်နမ်နဲ့ပွဲမှာ ရှုံးနိမ့်သည့်တိုင် မလေးရှား အသင်းကို သရေကစားနိုင်ပါက ဆီမီးဖိုင်နယ်ကို တက်ရောက်မှာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာအသင်းရဲ့ ဆီမီးဖိုင်နယ် တက်ရေး အဆုံးအဖြတ်ပေးလာမယ့် ပွဲကတော့ မလေးရှားအသင်းနဲ့ ကစားမယ့် အုပ်စု နောက်ဆုံး ပွဲ စဉ်ဖြစ်ပြီး ၂၀၁၆ တုန်းကလို မလေးရှားအသင်းကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို ထပ်မံ တက်လှမ်းမလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

Share

Loading Next Article...
က္က