မုန်တိုင်းက တစ်နာရီကို ၅၅ ကီလိုမီတာကနေ ၆၅ ကီလိုမီတာအထိ တိုက်ခိုက်လာနိုင်ပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့မှာ ကစားမှာ ဖြစ်ပြီး မုန်တိုင်းက အဲ့နေ့ပဲ နီဂရို့စ် ကျွန်းကို ဝင်မယ်လို့ ဖိလစ်ပိုင် မိုးလေဝသ သတင်းဌာနက သတင်းထုတ် ပြန်လာတာ ဖြစ်ပါတယ်။



 

ဖိလစ်ပိုင်အသင်းနဲ့ ထိုင်းအသင်းတို့ကစားရမယ့် အုပ်စု(ခ)ရဲ့နောက်တစ်ဆင့်တက်ရေး အရေးကြီးတဲ့ ပွဲစဉ်တစ်ပွဲကတော့ စိုစွတ်တဲ့ ရာသီဥတုနဲ့ အနည်းငယ်ဆိုးရွားဟန်ရှိမယ့် ရာသီဥတုနဲ့ ကြုံတွေ့ရနိုင်ပါတယ်။

ပွဲစဉ်(၃)ရဲ့ အကောင်းဆုံး ကစားသမား ၄ ယောက်ဆန်ကာတင်စာရင်းမှာ အောင်သူပါဝင်နေ 

အပူပိုင်းဒေသဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ရာသီဥတု အခြေအနေကတော့ လက်ရှိမှာ နီဂရို့စ်ကျွန်းကို မုန်တိုင်းက တိုက်ရိုက်လာနေတာ မြင်တွေ့နေ ရတယ်လို့ မိုးလေဝသ သတင်းဌာနတွေက ဖော်ပြနေပါတယ်။

Photo - fox sports

 

ဖိလစ်ပိုင်နိုင်ငံရဲ့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဖော်ပြချက်အရ နိုင်ငံတကာက ခေါ်ဝေါ်နေတဲ့ တော်ရာဂျီ(ဖိလစ်ပိုင် အခေါ်အ ဝေါ်အရ ဆင်မြူရယ်)မုန်တိုင်းကတော့ မင်ဒါနာအို ကျွန်းကို ဦးတည် တိုက်ခိုက်လာနေပါတယ်။

အဲ့ဒီကနေမှ အရှေ့ကနေ အရှေ့မြောက်အရပ်ဆီကို တစ်နာရီလျှင် ၁၅ ကီလိုမီတာ နှုန်းနဲ့ ရွေ့လျားနေတာလည်း ဖြစ်ပါတယ်။ လေတိုက်ခတ် နှုန်းကလည်း ဗဟိုနဲ့ အနီးတစ်ဝိုက်မှာ တစ်နာရီကို ၅၅ ကီလိုမီတာနှုန်းရှိနေပြီး ၆၅ ကီလိုမီတာနှုန်းအထိ မြင့်တက်လာနိုင်ဖွယ်ရှိနေတယ်လို့ ဆိုပါ တယ်။

Photo - fox sports

 

ဒီမုန်တိုုင်းက လာမယ့် နိုဝင်ဘာလ ၂၁ ရက်နေ့ ဖိလစ်ပိုင်နဲ့ ထိုင်းအသင်းတို့ ကစားမယ့် ဆူဇူကီးပွဲနေ့မှာ နီဂရို့စ် ကျွန်းဖက်ကို ရောက်လာမှာ ဖြစ်တယ်လို့ ဟောကိန်းထုတ်ထားတာလည်း ဖြစ်ပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ဒီရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်း၊လေပြင်းများတိုက်ခတ်ခြင်းတို့ကြောင့် သွားလာရေး ခက်ခဲနိုင်ပြီး ဘောလုံး ကွင်းမျက်နှာပြင်လည်း ဆိုးရွားနေနိုင်ပါတယ်။

ဒီအခြေအနေမှာတော့ ဖိလစ်ပိုင်နဲ့ ထိုင်းအသင်းတို့ရဲ့ အုပ်စု(ခ)ပွဲစဉ်ကို AFF အဖွဲ့အစည်းအနေနဲ့ ပွဲရွှေ့ဖို့ စီစဉ်ရဖို့ များနေပြီး လက်ရှိအချိန်ထိ တော့ သက်ဆိုင်ရာက ဒီပွဲနဲ့ ပတ်သက်ပြီး သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ပေးခြင်း မရှိသေးပါဘူး။

ဖိလစ်ပိုင်နဲ့ ထိုင်းအသင်းက အုပ်စု(ခ)မှာ နှစ်ပွဲစီ ကစားပြီး ၂ ပွဲစီ နိုင်ထားလို့ ရမှတ် ၆ မှတ်စီ ကိုယ်စီရနေတာကြောင့် အခုတွေ့ဆုံမယ့်ပွဲက နှစ် သင်းစလုံးအတွက် နောက်တစ်ဆင့်တက်ရေး အရေး ပါနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က