၂ ပွဲ ၂ ဝါထိထားလို့ မနက်ဖြန်ပွဲကို ပါဝင်နိုင်မှာမဟုတ်ပါဘူး။

သိန်းသန်းဝင်းမပါဝင်နိုင်လို့ သူ့နေရာမှာ အစားထိုးကစားနိုင်မယ့် ကစားသမားကတော့ နန္ဒကျော်ရှိနေပါတယ်။ သိန်းသန်းဝင်းက အုပ်စုနောက် ဆုံးပွဲအဖြစ် မလေးနဲ့ ပွဲမှာတော့ ပြန်လည်ပါဝင်ကစားနိုင်မှာပါ။

 

မြန်မာနဲ့ ဗီယက်နမ်အသင်းတို့ မနက်ဖြန်မှာ ကစားမယ့် ဆူဇူကီးဖလား အုပ်စုပွဲစဉ်အတွက် သတင်းစာရှင်းလင်း ပွဲကို ဒီကနေ့ နေ့လည်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

ပွဲစဉ်(၃)ရဲ့ အကောင်းဆုံး ကစားသမား ၄ ယောက်ဆန်ကာတင်စာရင်းမှာ အောင်သူပါဝင်နေ 

မြန်မာအသင်းက နည်းပြချုပ် အန်တွန်နီဟေးနဲ့ မနက်ဖြန်ပွဲမှာ နှစ်ဝါထိထားလို့ ပွဲပယ်ခံထားရတဲ့ အဓိက ဘယ်နောက်ခံလူ သိန်းသန်းဝင်း တက်ရောက်ဖြေခဲ့ပါတယ်။

 

သိန်းသန်းဝင်းအနေနဲ့ ကမ္ဘောဒီးယား၊လာအိုအသင်းတို့ကို အနိုင်ရခဲ့တဲ့ ပွဲတွေမှာ တစ်ပွဲတစ်ပွဲနှုန်းထိထားလို့ ပြိုင်ပွဲရဲ့ စည်းမျဉ်းအရ ၂ ဝါထိတဲ့ ကစားသမားအနေနဲ့ အနီးဆုံးပွဲတစ်ပွဲကို လွဲချော်ရမှာ ဖြစ်ပါတယ်။

“ကျွန်တော့်အနေနဲ့ မနက်ဖြန်ပွဲမှာ ပါဝင်ကစားနိုင်ခြင်းမရှိပေမယ့် အသင်းအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်သွားမှာပါ။ မနက်ဖြန် ကွင်းထဲမှာ ရေဘူးပဲ ကောက်ရကော်ရ ၊ ဆွဲရဆွဲရ ကျွန်တော် တတ် နိုင်တဲ့ ဖက်ကနေ အသင်းကို အားဖြည့်ပါဝင်နေမှာပါ။” လို့ သိန်းသန်းဝင်းက သတင်းစာရှင်းလင်းပွဲမှာ ဖြေသွား ပါတယ်။

 

သိန်းသန်းဝင်းက မြန်မာအသင်းအတွက် အားထားရတဲ့ ဘယ်နောက်ခံလူ တစ်ဦးဖြစ်ပြီး ကမ္ဘောဒီးယား၊ လာအို အသင်းတို့နဲ့ပွဲတွေမှာ အသင်းဖော်တွေ ဂိုးရရှိနိုင်ဖို့ တစ်ပွဲတစ်လုံး ဖန်တီးပေးထားနိုင်သူပါ။

မြန်မာနဲ့ ဗီယက်နမ်အသင်းတို့ရဲ့ ပွဲစဉ်ကိုတော့ မနက်ဖြန် ညနေ ၆ နာရီမှာ သုဝဏ္ဏကွင်းကြီးအတွင်း စတင် ယှဉ်ပြိုင်ကစားသွားမှာပါ။

Share

Loading Next Article...
က္က