အဝေးကွင်းသွားရောက်ကစားရမှာ ဖြစ်ပါတယ်။

မလေးရှားနဲ့ပွဲမှာ အဝေးကွင်းကစားရမှာ ဖြစ်ပြီး အနိမ့်ဆုံး သရေတစ်မှတ်ရယူနိုင်ရုံနဲ့ ဆီမီးဖိုင်နယ်ကို တက်လှမ်းခွင့်ရမှာ ဖြစ်တာကြောင့် ကစား သမားတွေအနေနဲ့ အဝေးကွင်းပရိသတ်ကို မရှိန်ပဲ တည်တည်ငြိမ်ငြိမ်ကစားဖို့ မှာကြားခဲ့ပါတယ်။



Photo - MFF

 

မြန်မာအသင်းကတော့ ၂၀၁၈ အာဆီယံ ဆူဇူကီးဖလား ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်တက်ရေး အဆုံးအဖြတ်ပွဲအဖြစ် မလေးရှားအသင်းနဲ့ အုပ်စု နောက်ဆုံးပွဲ ကစားဖို့ ကျန်ပါသေးတယ်။

ဗီယက်နမ်ကို သရေကျခဲ့ပြီး မလေးရှားမြေမှာ အနိမ့်ဆုံးသရေရအောင် ကစားရမယ့် မြန်မာလ 

ဒီပွဲကိုတော့ မလေးရှားနိုင်ငံမှာ သွားရောက်ကစားရမှာ ဖြစ်ပြီး မြန်မာအသင်းကတော့ မနေ့ညက လေ့ကျင့်မှုတွေကို ရန်ကုန်မြို့ သုဝဏ္ဏကွင်း အတွင်း ပြုလုပ်ခဲ့ပါတယ်။

Photo - MFF

 

အဲ့ဒီ လေ့ကျင့်မှုကိုတော့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ကိုယ်တိုင် လာရောက်အားပေးခဲ့ပြီး အားပေးတိုက်တွန်း စကားအချို့ ကိုလည်း ပြောသွားပါတယ်။

"ပြီးခဲ့တဲ့ သုံးပွဲစလုံး ကစားထားပြီးတဲ့ အချိန်မှာ စိတ်ဓာတ်ပိုင်းအရ အမြင့်ဆုံး အချိန်ဖြစ်နေပြီ။ မလေးရှားနဲ့ပွဲ ရလဒ်ကောင်းဖို့ အဓိက အရေးကြီးတာ အခုအချိန်ကစပြီး တည်ငြိမ်မှုရှိဖို့ပဲ။ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ယုံကြည်ချက် ခိုင်ခိုင်မာမာ ရှိနေဖို့လိုပါတယ်။ ပရိသတ်က အရမ်း လေးစားဖို့ကောင်းတယ်။ ကိုယ့်ပရိသတ်နဲ့ကိုယ့်တိုု်င်းပြည်အတွက် နည်းပြတွေ လမ်းညွှန်မှုကို သေသေချာချာ လိုက်နာပြီး ကိုယ်တိုင်လည်း အသင်းစိတ်ဓာတ်အပြည့်နဲ့ တည်တည်ငြိမ်ငြိမ်လေး ကြိုးစားကြမယ် ပွဲချိန်အတွင်းမှာလည်း ခြောက်ခြားမှု မရှိဘဲ နောက်ဆုံးမိနစ်အထိ ကြိုးစားကစားမယ်ဆို တို့လိုချင်တဲ့ရလဒ်က ရရှိလာမှာပဲ" လို့ ဦးဇော်ဇော်က ပြောသွားပါတယ်။

Photo - MFF

 

မြန်မာအသင်းအနေနဲ့ အုပ်စုပွဲ ၃ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၇ မှတ်ရရှိထားပြီး မလေးရှားအသင်းနဲ့ နောက်ဆုံး ပွဲမှာ အနည်းဆုံး သရေတစ်မှတ် ရရုံနဲ့ ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

ဒီပွဲကိုတော့ လာမယ့် နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပြီး ဒီကနေ့ မနက်ပိုင်းက လေကြောင်းခရီးနဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့ကို ထွက်ခွာသွားနှင့်ပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က