ဖေဖော်ဝါရီလ ၅ ရက်နေ့ စတင်ကစားပါမယ်။

ဒီကနေ့မွန်လွဲပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ မဲခွဲခဲ့တာ ဖြစ်ပြီး ရန်ကုန်ကတော့ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲမထမအဆင့်ကနေ စတင်ကစားရမှာ ဖြစ်ပြီး ရှမ်းယူနိုက်တက်ကတော့ AFC CUP အုပ်စုအဆင့်ကနေ စတင်ကစားရပါမယ်။



Photo - AFC.com

မြန်မာနေရှင်နယ်လိဂ် ၂၀၁၈ ခုနှစ် ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ဒုတိယရ ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် အာရှချန်ပီ ယံလိဂ်နဲ့ AFC CUP အုပ်စုမဲခွဲမှုတွေကို ဒီကနေ့ မလေးရှားနိုင်ငံမှာ ပြုလုပ်ခဲ့ပါတယ်။

မလေးနဲ့ပွဲမှာ တည်ငြိမ်မှုရှိဖို့နဲ့ ခြောက်ခြားမှု မဖြစ်ဖို့ ဦးဇော်ဇော်တိုက်တွန်း 

ရန်ကုန်အသင်းက မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ဖြစ်တာကြောင့် အာရှချန်ပီယံလိဂ် ခြေစစ်ပွဲပထမအဆင့်က စတင်ကစားရဖို့ရှိနေပြီး ဖိလစ်ပိုင် ကလပ် စီးရက်စ်နီဂရို့စ်အသင်းနဲ့ စတင်ကစားရပါမယ်။

Photo - The AFC

ဒီအသင်းနဲ့က မနှစ်ကတုန်းက ဇုန်ဆီမီးဖိုင်နယ်အဆင့်မှာ တွေ့ဆုံထားပြီး နှစ်ကျော့ပေါင်း ရလဒ် ၅-၆ ဂိုးနဲ့ အရေးနိမ့်ထားတာ ဖြစ်တာကြောင့် မကျေပွဲ ပြန်နွှဲရမှာပါ။

ရှမ်းအသင်းကလည်း မနှစ်က အာရှချန်ပီယံလိဂ် ခြေစစ်ပွဲအဆင့်မှာ စီးရက်စ်အသင်းနဲ့ပဲ တွေ့ဆုံခဲ့ပြီး ရှုံးနိမ့်ခဲ့လို့ AFC CUPကို ဝင်ရောက်ယှဉ် ပြိုင်ရာမှာလည်း အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Photo - The AFC

ဒီနှစ်မှာတော့ ရန်ကုန်အသင်းအနေနဲ့ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲအဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်မယ်ဆိုရင်တော့ မနှစ်က မြန်မာနေရှင် နယ်လိဂ်မှာ အဆင့် ၃ နေရာရခဲ့တဲ့ ဇွဲကပင်ယူနိုက်တက်အသင်းက AFC CUP အုပ်စုအဆင့်ကို တက်ရောက် ကစားခွင့်ရမှာ ဖြစ်ပါတယ်။

ရန်ကုန်အသင်းသာ ခြေစစ်ပွဲမအောင်ခဲ့ဘူး ဆိုရင်တော့ ရန်ကုန်အသင်းကသာ AFC CUP အုပ်စု F မှာ သွားရောက်ကစားရမှာ ဖြစ်ပြီး ဇွဲကပင် အသင်းကတော့ ကစားခွင့်ရတော့မှာ မဟုတ်ပါဘူး။

 

ဒါကြောင့် လက်ရှိ အုပ်စု မဲခွဲမှု အရ ရန်ကုန်အသင်းက AFC CUP အုပ်စု F မှာ ဗီယက်နမ်ကလပ် ဟန်နွိုင်းအက်ဖ်စီ၊စင်ကာပူကလပ် တန်ပိုင်းရို ဗာ၊ကမ္ဘောဒီးယားကလပ် နာဂါဝေါအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

ရှမ်းအသင်းကလည်း အုပ်စု G မှာ ဖိလစ်ပိုင် ကလပ်တွေဖြစ်တဲ့ စီးရက်(သို့)ဒါဗိုအဂူလက်စ်၊ဗီယက်နမ်ကလပ် ဘင်ဒန်း၊အင်ဒိုနီးရှားလိဂ်က အဆင့် ၃ ရအသင်းတွေနဲ့အတူ တစ်အုပ်စုတည်းကျရောက်နေပါတယ်။

AFC CUP ပြိုင်ပွဲကိုတော့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စတင်ကျင်းပသွားမှာ ဖြစ်ပေမယ့်လည်း ရန်ကုန်အသင်းကတော့ အာရှ ချန်ပီယံလိဂ် ပြိုင် ပွဲခြေစစ်ပွဲ ပထမအဆင့်ကို ဖေဖော်ဝါရီလ ၅ ရက်နေ့မှာပဲ အဝေးကွင်းသွားရောက်ကစားရပါမယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က