ခြေစွမ်းပိုင်း အကောင်းဆုံး ပုံစံ ပြန်မရသေးလို့ချန်လှပ်ခဲ့တာလို့ သိရပါတယ်။

ငြိမ်းချမ်းအောင်က ယူ-၂၀ ကမ္ဘာ့ဖလားနဲ့အတူ မြန်မာ့လက်ရွေးစင် ကစားသမားတစ်ယောက်အဖြစ် လူသိလာခဲ့တာ ဖြစ်ပေမယ့်လည်း ဒူးဒဏ် ရာကြောင့် ကာလရှည် အနားယူနေခဲ့ရသူ ဖြစ်ပါတယ်။

 

မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ငြိမ်းချမ်းအောင်ကို ၁၉ ကြိမ်မြောက် အာဆီယံ တက္ကသိုလ် ကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့ လက်ရွေးစင် တက္ကသိုလ်အသင်းအတွက် ပဏာမ ရွေးချယ်ခဲ့ပါတယ်။

ထိုင်းလိဂ်(၁)ကလပ် PT ပရာချတ်အသင်းက လှိုင်းဘိုဘိုကို ကမ်းလှမ်း 

ဒါပေမယ့် အခုချိန်မှာ အပြီးသတ်စာရင်း ထုတ်ပြန်ခဲ့ရာမှာတော့ ငြိမ်းချမ်းအောင်ကို ချန်လှပ်ခဲ့တာကို တွေ့မြင်ရပြီး ဘာကြောင့်ချန်လှပ်ခဲ့ရတယ် ဆိုတာကတော့ ပြိုင်ပွဲ အောင်နိုင်ရေး ကော်မတီဝင် ဦးဇော်မြင့်က ရှင်းလင်းပြောပြပါတယ်။

 

"ကျွန်တော်တို့ သူ့ကို အများကြီး မျှော်လင့်ပြီး ခေါ်ခဲ့တယ်။ဒါပေမယ့် ဒဏ်ရာကြောင့်ထင်တယ် သူ့စွမ်းဆောင်ရည်က ကျွန်တော်တို့ မျှော်လင့် ထားသလောက် အနေအထားမှာရှိမနေဘူး။ သာမာန်လောက်သာရှိတဲ့ ခြေစွမ်းအနေအထားမှာတော့ ကျွန်တော်တို့က တစ်နှစ်ပတ်လုံး အသင်း မှာ ပူးပေါင်းထားတဲ့ ကစားသမားကို ဦးစားပေးချင်တာကြောင့် အခုလို ချန်လှပ်ခဲ့ရတာ ဖြစ်ပါတယ်။" လို့ ဦးဇော်မြင့်က ပြောပါတယ်။

ငြိမ်းချမ်းအောင်အနေနဲ့ ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှု အပြီးမှာတော့ ထိုင်းနိုင်ငံမှာ ကာလရှည် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး အခုအခါ ပြန်လည် သက်သာလာခဲ့ပြီ ဖြစ်ပါတယ်။

 

နောက်ဆုံးတစ်ခေါက် ထိုင်းနိုင်ငံမှာ လေ့ကျင့်မှုအပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာချိန်မှာပဲ ငြိမ်းချမ်းအောင်ကို တက္ကသိုလ်လက်ရွေးစင် အသင်းက ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

" ကျွန်တော် ဒဏ်ရာ ကောင်းနေပါပြီ။ ဆရာဝန်ကလည်း ကျွန်တော့်ကို ကောင်းနေပြီ ဘောလုံး ပြန်ကစားလို့ ရနေပြီလို့ ပြောတာကြောင့် အခု လို ကျွန်တော် ပြန်ကစားနေတာပါ။ သူတို့က ကျွန်တော့်ကို ဒဏ်ရာ မကောင်းသေးလို့ မရွေးတာဆိုတော့ ကျွန်တော် နားလည်ရခက်ပါတယ်။" လို့ ငြိမ်းချမ်းအောင်က ပြောပါတယ်။

အာဆီယံ တက္ကသိုလ်လက်ရွေးစင် ဘောလုံးအသင်းအနေနဲ့ တက္ကသိုလ် ကစားသမားများနဲ့သာ ဖွဲ့စည်းထားခြင်းဖြစ်ပြီး ငြိမ်းချမ်းအောင်မှာ လည်း တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ပြီး ရူပဗေဒ ပညာရပ်ကို ရန်ကုန်အရှေ့ပိုင်း တာ၀ မှာ ပညာသင်ကြားနေသူ တစ်ယောက်ဖြစ်ကာ အခုတော့ ဘွဲ့ရသွားပါပြီ။

မြန်မာ့လက်ရွေးစင် တက္ကသိုလ် လက်ရွေးစင် ဘောလုံးအသင်းကတော့ ဒီဇင်ဘာ ၉ ရက်နေ့ကနေ ဒီဇင်ဘာ၁၇ ရက်နေ့အထိ နေပြည်တော် မှာ ကျင်းပမယ့် အာဆီယံ တက္ကသိုလ်ဘောလုံးပြိုင်ပွဲကို ဝင်ရောက်ကစားမှာ ဖြစ်ပြီး ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ လာအို အသင်းတို့နဲ့ ပတ်လည် စနစ် ကစားရမှာပါ။

Share

Loading Next Article...
က္က