ငြိမ်းချမ်းအောင်နဲ့အတူ နောက်ခံလူ မိုကွီးကိုလည်း တစ်နှစ်သက်တမ်း တိုးခဲ့ပါတယ်။

ရန်ကုန်အသင်းနဲ့ တစ်နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်သာ ချုပ်ဆိုခဲ့တာ ဖြစ်ပြီး ငြိမ်းချမ်းအောင်ကတော့ ပြည်ပ ထွက်ကစားဖို့ ရည်ရွယ်ထား တာကြောင့်လို့ ပြောပါတယ်။



 

ရန်ကုန်ယူနိုက်တက်အသင်းကတော့ အသင်းက ကွင်းလယ်ကစားသမား ငြိမ်းချမ်းအောင်ကို ၁ နှစ်သက်တမ်းတိုး စာချုပ်တစ်ရပ် ဒီကနေ့မှာ ချုပ်ဆိုနိုင်ပြီလို့ တရားဝင် သတင်းထုတ်ပြန်လာပါတယ်။

စွမ်းဆောင်ရည်ကြောင့် ငြိမ်းချမ်းအောင်ကို တက္ကသိုလ်လက်ရွေးစင်အသင်းက ချန်လှပ်ခဲ့ 

ငြိမ်းချမ်းအောင်က မြန်မာ့လက်ရွေးစင်ဟောင်း ကစားသမားတစ်ဦးဖြစ်ပြီး ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူနေရတဲ့ ကွင်းလယ်ကစားသ မားတစ်ယောက်လည်း ဖြစ်ပါတယ်။

 

"ကျွန်တော် အဓိက ရန်ကုန်အသင်းနဲ့ ၁ နှစ်ပဲ စာချုပ်ချုပ်ဖြစ်တာကတော့ ကျွန်တော့်ဆန္ဒအရပါ။အသင်းကလည်း ကျွန်တော့်ဆန္ဒကို ဦးစားပေး ပါတယ်။ ကျွန်တော်ဘာလို့ ရန်ကုန်နဲ့ တစ်နှစ်ပဲ ချုပ်ဖြစ်ရတာလဲဆိုတော့ ပြည်ပထွက်ကစားချင်တဲ့ ဆန္ဒရှိလို့ပါ။နောက်ပြီး ဒီနှစ်မှာ ရန်ကုန်အ သင်းနဲ့အတူ ဒီနှစ်မှာ ခြေစွမ်းအကောင်းဆုံးပြန်လည်ရရှိဖို့ ကြိုးစားချင်ပါတယ်။အခုလို ကျွန်တော့်ကို ယုံကြည်ပြီး စာချုပ်ချုပ်တဲ့ ရန်ကုန်အသင်း ကိုလည်း ကျေးဇူးတင်ပါတယ်။" လို့ ငြိမ်းချမ်းအောင်က DuwunSportsကို ပြောပါတယ်။

ငြိမ်းချမ်းအောင်အနေနဲ့ ဒူးဒဏ်ရာ ခွဲစိတ်ကုသမှုအပြီး မသက်သာလို့ ထိုင်းနိုင်ငံကို ဒုတိယတစ်ကြိမ် ပြန်သွားပြီး ကြံ့ခိုင်မှု ကုသရေးတွေ ပြန် လည်ပြုလုပ်ခဲ့ကာ အခုဆိုရင် ဒဏ်ရာ လုံး၀ ကောင်းမွန်နေပြီလို့လည်း သိရပါတယ်။

"ကျွန်တော့်ဒူး ၁၀၀ ရာခိုင်နှုန်း ပြန်ကောင်းနေပါပြီ။ ကျွန်တော့်ကို ထိုင်းက ဆရာဝန်ကလည်း မင်းဒဏ်ရာကောင်းသွားပြီ၊ ဘောလုံး ပြန်ကစား နိုင်ပြီလို့ မှတ်ချက်ပေးပြီးသွားပါပြီ။ ကျွန်တော်ကိုယ်တိုင်လည်း ဘောလုံးကို အကောင်းဆုံး ပြန်ကစားနေပါပြီ။ အရင်လို ခြေစွမ်းမျိုး ပြန်ရဖို့က တော့ ဒီနှစ်မှာ ရန်ကုန်အသင်းနဲ့ ကြိုးစားသွားမှာပါ။" လို့ ငြိမ်းချမ်းအောင်က သူ့ဒဏ်ရာအခြေအနေကို ပြောပါသေးတယ်။

ငြိမ်းချမ်းအောင်ကို ဒီကြားထဲမှာ အာဆီယံ တက္ကသိုလ်အားကစားပွဲတော် ဝင်ကစားမယ့် မြန်မာ့လက်ရွေးစင် တက္ကသိုလ်အသင်းက ပဏာမ စာရင်းမှာ ထည့်သွင်းခဲ့ပေမယ့်လည်း အပြီးသတ်စာရင်းမှာတော့ ချန်လှပ်ခဲ့ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းကတော့ ၂၀၁၉ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီသစ်အတွက် ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ထား သ လို ဒီကနေ့မှာလည်း ငြိမ်းချမ်းအောင်နဲ့အတူ မနှစ်က နောက်ခံလူဟောင်း မိုကွီးကိုလည်း ၁ နှစ်စာချုပ်သက်တမ်း တိုးခဲံပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က