၇ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။

ယနေ့ညနေ ၆ နာရီ ၃၀ မိနစ်အချိန်မှာ AFF ဆူဇူကီးဖလား ၂၀၁၈ ပြိုင်ပွဲရဲ့ အုပ်စု B အဖွင့််ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ တီမောအသင်းနဲ့ ထိုင်းအသင်းတို့ရဲ့ပွဲစဉ်မှာ ထိုင်းအသင်းက ၇ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ထိုင်းအသင်းအတွက် သွင်းဂိုးတွေကို အဒီဆတ်ခရိုင်ဆွန်တစ်ဦးတည်းက ၆ ဂိုးအထိသွင်းယူပေးခဲ့ပြီး အဖွင့်ပွဲမှာတင် ပြိုင်ပွဲရဲ့ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့ပြီဖြစ်ပါတယ်။

hasil-timnas-timor-leste-vs-thailand-di-piala-aff-2018.jpg 

ထိုင်းအသင်းဟာ ၄-၂-၃-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ခရိုင်ဆွန်ကို အထောင်တိုက်စစ်မှူးအဖြစ် ကစားစေခဲ့ပါတယ်။ တီမောအသင်းဟာ ပထမပိုင်းစတင်ချိန်ကတည်းက ထိုင်းအသင်းကို မယှဉ်နိုင်ခဲ့ဘဲ ၃ မိနစ်မှာ ခရိုင်ဆွန်က ထိုင်းအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

တီမောအသင်းဟာ ဒေသတွင်းရပ်တည်မှုအရ ကြည့်မယ်ဆိုရင် ထိုင်းအသင်းထက် များစွာအဆင့်နိမ့်ကျတဲ့အသင်းဖြစ်တာနဲ့အညီ ကစားကွက်အပိုင်းရော၊ ကြံ့ခိုင်မှုအပိုင်းမှာပါ ထိုင်းအသင်းကို ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူးဆိုတာ အလွယ်တကူ ခန့်မှန်းလို့ရနိုင်တဲ့အနေအထားဖြစ်ပါတယ်။

 

၁၃ မိနစ်မှာ ခရိုင်ဆွန်ကပဲ နောက်ထပ် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ၃၁ မိနစ်မှာ နောက်ထပ် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ၄၅ မိနစ်မှာ ခရိုင်ဆွန်ကပဲ စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး မိနစ် ၅၀ မှာ နောက်ထပ် ပဉ္စမမြောက်ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။

၅၇ မိနစ်မှာ ထိုင်းအသင်း ပင်နယ်တီကန်ခွင့်ရရှိခဲ့ပြီး ခရိုင်ဆွန်က ပင်နယ်တီပြစ်ဒဏ်ဘောကို အမှားအယွင်းမရှိကန်သွင်းယူခဲ့ပြီး ထပ်ဆင့်ဟက်ထရစ်ကို ရရှိသွားခဲ့ပါတယ်။ ၇၃ မိနစ်မှာ တီမောအသင်းရဲ့ဂိုးသမား ဖာနန်ဒက်စ် ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး တီမောအသင်းဟာ ထိုင်းအသင်းကို ၆ ဂိုးပြတ်ရှုံးနိမ့်နေချိန်မှာ ၁ ယောက်လျော့နဲ့ ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။ ၈၇ မိနစ်မှာ တစ်ဦးတည်း ထပ်ဆင့် ဟက်ထရစ်သွင်းယူခဲ့တဲ့ ခရိုင်ဆွန်ကို အနားပေးခဲ့ပြီး ဆူပါချိုင်း ဝင်ရောက်ကစားစေခဲ့ရာ ၉၁ မိနစ်မှာ စူပါချိုင်းက ထိုင်းအသင်းအတွက် သတ္တမမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ထိုင်းအသင်းက အုပ်စုအဖွင့်ပွဲစဉ်မှာ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး အုပ်စုထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က