မြန်မာ့ဘောလုံးအတွက် အားကစားအသုံးအဆောင်ပံ့ပိုးကူညီတဲ့ ဒုတိယမြောက် ထိုင်းကုမ္ပဏီဖြစ်လာခဲ့ပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ အမျိုးသားဖူဆယ်လက်ရွေးစင်အသင်း၊ အမျိုးလက်ရွေးစင်အသင်းတွေနဲ့ အကယ်ဒမီအသင်းတွေအတွက် ဒေါ်လာ ခုနှစ်သိန်းခွဲတန်ကြေးရှိတဲ့ စပွန်ဆာ စာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို စပွန်ဆာပေးတဲ့ ကုမ္ပဏီက ထိုင်းအခြေစိုက် Bangkok Athletic Co.,Ltd ပါ။

IMG_9774.JPG

Photo: Duwun

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ ထိုင်းအခြေစိုက်အားကစားပစ္စည်းကုမ္ပဏီ Bangkok Athletic Co.,Ltd တို့ စက်တင်ဘာ ၇ရက်က စပွန်ဆာစာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပါတယ်။ Bangkok Athletic Co.,Ltd ကုမ္ပဏီဟာ မြန်မာအမျိုးသားဖူဆယ်လက်ရွေးစင်အသင်း၊ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းတွေနဲ့ အကယ်ဒမီဘောလုံးအသင်းတွေအတွက်  Pan အမှတ်တံဆိပ် ဘောလုံးကန်ဖိန်ပ်နဲ့ ဝေါ့ကင်းရှူးတွေကို ထောက်ပံ့ကူညီပေးမှာပါ။

နိုင်ငံပေါင်း (၁၀၀)ကျော် ချိတ်ဆက်ခဲ့ပေမယ့်လည်း စက်တင်ဘာလအတွက် ခြေစမ်းပွဲ အဆင်မပြေ 

Photo: Pan

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ Bangkok Athletic Co.,Ltd တို့ဟာ သုံးနှစ်သက်တမ်းရှိတဲ့ စာချုပ်,ချုပ်ဆိုခဲ့တာဖြစ်ပြီး တန်ကြေး တစ်နှစ်ကို ဒေါ်လာ နှစ်သိန်းခွဲရှိတဲ့ ဖိနပ်တွေကို ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ စာချုပ်သက်တမ်းဟာ ၂၀၁၈၊ စက်တင်ဘာ ၇ရက်ကနေ ၂၀၂၁၊ စက်တင်ဘာ ၆ရက်အထိဖြစ်ပါတယ်။ “ကျွန်တော်တို့က သူတို့ဆီကနေ ကစားသမားတစ်ဦးအတွက် ဆယ်လအတွင်း ဘောလုံးကန်ဖိနပ် သုံးရံ၊ ဝေါ့ကင်းရှူး တစ်ရံနှုန်းနဲ့တောင်းထားတာပါ။ အဆင့်အမြင့်ဆုံးအရည်အသွေးကို ပေးမှာဖြစ်လို့ ဖူဆယ်ဖိနပ်တစ်ရံကို ဒေါ်လာ ၁၀၀ လောက်ရှိတယ်။ ဘောလုံးကန်ဖိနပ်က ဒေါ်လာ ၁၀၀ ကျော်လောက်ရှိတယ်။ ဒီတော့တန်ကြေးက တစ်နှစ်ကို ဒေါ်လာ နှစ်သိန်းခွဲလောက်ရှိပြီး သုံးနှစ်စာချုပ်ထားတာပါ။" လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်က ပြောပါတယ်။

Photo: FBT Myanmar

 

မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းအပါအဝင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းတွေအတွက် ဝတ်စုံစပွန်ဆာကို ထိုင်းအားကစားပစ္စည်းကုမ္ပဏီ FBT က စပွန်ဆာပေးထားပြီး နှစ်စဉ်ပံ့ပိုးကူညီပေးနေပါတယ်။ Bangkok Athletic Co.,Ltd ရဲ့ဖိနပ်စပွန်ဆာမှာတော့ အမျိုးသားလက်ရွေးစင်အသင်းတွေပါဝင်ခြင်းမရှိပဲ မြန်မာ့ဘောလုံးအတွက် အားကစားအသုံးအဆောင်ပံ့ပိုးကူညီတဲ့ ဒုတိယမြောက် ထိုင်းကုမ္ပဏီဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ Bangkok Athletic Co.,Ltd ရဲ့ Pan အမှတ်တံဆိပ်ဖိနပ်တွေကို Co-Sponsor အနေနဲ့သာလက်ခံခဲ့တာဖြစ်လို့ ကစားသမားတွေအနေနဲ့ မဖြစ်မနေဝတ်ဆင်ဖို့မလိုပဲ မိမိနှစ်သက်ရာ အမှတ်တံဆိပ်ကို ဝတ်ဆင်ခွင့်ရှိတယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က