နှစ်ဦးစလုံး နောက်ဆုံး ထိုးသတ်ထားတဲ့ နိုင်ငံတကာပွဲတွေမှာ ကိုယ်စီနိုင်ထားကြပါတယ်။

ဖိုးသော်ရဲ့ ဒုတိယမြောက် နိုင်ငံတကာ ပွဲလည်း ဖြစ်လာမှာ ဖြစ်ပြီး နှစ်ဦးကြား အသက် ၉ နှစ်လောက်ကွာဟနေလို့ မတူညီတဲ့ တိုက်ခိုက်ဟန် တွေကို တွေ့မြင်ရဖွယ်ရှိနေပါတယ်။



Photo - One Championship

 

One Championship MMA ပြိုင်ပွဲကြီးကတော့ မြန်မာနိုင်ငံမှာ လာမယ့် အောက်တိုဘာလ ၂၆ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံက ဖိုးသော်ကတော့ မလေးရှားက ဖိုက်တာ keanu subba နဲ့ ရင်ဆိုင်ထိုးသတ်ရမှာ ဖြစ်ပါတယ်။

"မြန်မာပြည်ကို ကိုယ်စားပြုယှဉ်ပြိုင်ရတာ ဂုဏ်အယူရဆုံးပါပဲ"(အောင်လအန်ဆန်) 

ဖိုးသော်နဲ့ ထိုးသတ်မယ့် မလေးရှားက ဖိုက်တာက ဖိုးသော်ထက် အနည်းငယ် MMA ပွဲအတွေ့အကြုံများတယ်ဆိုပေမယ့်လည်း နိုင်ပွဲကတော့ နှစ်ယောက်စလုံး ၆ ပွဲစီနိုင်ထားပါတယ်။

Photo - One Championship

 

အတိအကျပြောရမယ်ဆိုရင် ဖိုးသော်က MMA ၆ ပွဲဆက်ထိုးထားပြီး ၆ ပွဲစလုံးအနိုင်ရထားကာ မလေးရှားက keanu subbaကတော့ ၉ ပွဲထိုး သတ်ထားကာ ၆ ပွဲနိုင် ၃ ပွဲရှုံးထားတာ ဖြစ်ပါတယ်။

နောက်ဆုံးထိုးသတ်ထားခဲ့တဲ့ ပွဲတွေမှာတော့ ဖိုးသော်က ကမ္ဘောဒီးယားက ဆောဆေးကို အနိုင်ရထားသလို keanu subbaကလည်း တရုတ်က ချောင်ဇီကို အနိုင်ရထားပါတယ်။

Photo - One Championship

 

အသက်အရွယ်ပိုင်းအရ ဖိုးသော်က ၃၃ နှစ်ရှိပြီ ဖြစ်ပြီး keanu subbaကတော့ ၂၄ နှစ်သာ ရှိသေးလို့ များစွာ အသက်ကွာဟနေတဲ့ သူတို့ နှစ်ဦး မှာ မတူညီတဲ့ တိုက်ခိုက်ဟန်တွေကိုတော့ ပရိသတ်ကြီး တွေ့မြင်ရဦးမယ်လို့ ယုံကြည်ပါတယ်။

ဒီတစ်ကြိမ် One Championship ပြိုင်ပွဲမှာတော့ မြန်မာက ၄ ဦးပါဝင်ထိုးသတ်သွားမှာ ဖြစ်ပြီး ရဲသွေးနီနဲ့ မိုက်ရိုင်းတို့က ပြည်တွင်းတွဲဆိုင်း တစ်ပွဲ အဖြစ် ပါဝင်လာမှာ ဖြစ်ပြီး ဖိုးသော်ကတော့ keanu subbaနဲ့ ထိုးသတ်မှာ ဖြစ်ကာ အောင်လအန်ဆန်ကတော့ ဒီပြိုင်ပွဲရဲ့ အဓိက ခေါင်ပွဲ အဖြစ် လက်ဘနွန်က ကရာကီနဲ့ မစ်ဒယ်ဝိတ်ရွှေခါးပတ်ကာကွယ်ပွဲ ထိုးသတ်ရမှာ ဖြစ်ပါတယ်။

Photo - One Championship

 

ပြိုင်ပွဲဝင် နိုင်ငံ ၁၈ နိုင်ငံ ပါဝင်ထိုးသတ်မယ့် ဒီပြိုင်ပွဲရဲ့ ဒီတစ်ကြိမ်ထူးခြားချက်ကတော့ အမျိုးသမီး တွဲဆိုင်း လုံးဝပါဝင်လာခြင်းမရှိပဲ အမျိုးသား တွဲဆိုင်းတွေချည်းသာ ထိုးသတ်ကြမှာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က