ရှုံးနိမ့်ခဲ့တဲ့ဖိုးသော်အပေါ်မှာ မကောင်းမပြောဖို့လည်း အောင်လက တောင်းဆိုခဲ့ပါတယ်။

အောင်လအန်ဆန်က မြန်မာနိုင်ငံကို နိုဝင်ဘာလမကုန်ခင် ပြန်လာမှာ ဖြစ်ပြီး ဒီဇင်ဘာလအတွင်းမှာတော့ MMA ပညာရပ်ကို သင်တန်းတစ်ခု ဖွင့်လှစ်ပြီး မျိုးဆက်သစ် မြန်မာကစားသမားတွေကို ဝေမျှပေးသွားမှာပါ။



 

One Championship ရဲ့ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံ အောင်လအန်ဆန်ကတော့ ဒီနှစ်မကုန်ခင်မှာ မြန်မာနိုင်ငံကို တစ်ခေါက်ပြန်လာ ပြီး MMA ပညာရပ်တွေကို ဝေမျှပေးသွားမယ်လို့ ဆိုပါတယ်။

ရှုံးနိမ့်ခဲ့တဲ့ ဖိုးသော်ကို အောင်လနဲ့အန်တိုနီယာ ဝိုင်းဝန်းနှစ်သိမ့်အားပေး 

အောက်တိုဘာ ၂၆ ရက်နေ့က ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ မစ်ဒယ်ဝိတ်ရွှေခါးပတ်ကို ကာကွယ်ပွဲမှာ ကရာကီကို အနိုင်ယူနိုင်ခဲ့ပြီးနောက် အောင်လ အန်ဆန်က ပြောခဲ့တာ ဖြစ်ပါတယ်။

 

" ကျွန်တော် ၂၈ ရက်နေ့ညမှာ ပြန်ရပါမယ်။ဒါပေမယ့် နိုဝင်ဘာလ မကုန်ခင် မြန်မာနိုင်ငံကို ပြန်လာမယ်။ပြီးရင် ဒီဇင်ဘာလအတွင်းမှာ သင်တန်း တစ်ခုဖွင့်ပြီး MMA ပညာရပ်တွေကို ဒီက မျိုးဆက်သစ် ကစားသမားတွေကို ပြန်လည်မျှဝေပေးသွားပါမယ်။" လို့ အောင်လအန်ဆန် က ပြောပါတယ်။

အဲ့ဒီနေ့က မလေးရှားနိုင်ငံသား ဆူးဘားကို ရှုံးနိမ့်ခဲ့တဲ့ မြန်မာဖိုက်တာ ဖိုးသော်ကိုလည်း အောင်လအန်ဆန်က ပွဲအပြီးမှာ အားပေးစကားပြော ခဲ့ပါသေးတယ်။

 

" ဆက်ပြီးကြိုးစားနော့၊ ကျွန်တော်ပရိသတ်အားလုံးကို ပြောချင်ပါတယ်။ဖိုးသော် မကောင်းကြောင်းမပြောပါနဲ့၊သူ့ကို ဝေဖန်တဲ့စကားတွေ အများကြီးမပြောပါနဲ့၊အားပေးပေးပါ။ သူများကို မကောင်းတာပြောရင် ကိုယ့်အတွက် ဘာမှလည်း မထိရောက်ပါဘူး။ကျွန်တော်တို့အချင်းချင်း အားယူရမယ်။အချင်းချင်း အားပေးတာမျိုးပဲ လုပ်ပေးပါ။" လို့လည်း အောင်လကပြောခဲ့ပါသေးတယ်။

ဖိုးသော်က မြန်မာပြည်မှာ အောင်လအန်ဆန်ပြီးရင် MMA ပြိုင်ပွဲအတွေ့အကြုံအများဆုံး ကစားသမားတစ်ဦးဖြစ်ပေမယ့်လည်း MMA ပြိုင်ပွဲရဲ့ သဘောတရားတစ်ခုဖြစ်တဲ့ Ground Game မှာတော့ အနည်းငယ် အားနည်းနေသေးတာကြောင့်လည်း ပြိုင်ဖက်က ဖိုးသော်ရဲ့ အားနည်းချက် ကိုအခွင့်ကောင်းယူပြီး အနိုင်ယူသွားတာ ဖြစ်ပါတယ်။

ဒီလို အားနည်းနေသေးတဲ့အပေါ်မှာတော့ အောင်လအန်ဆန်က ဖိုးသော်အပါအဝင် မြန်မာကစားသမားတွေ အားနည်းနေတဲ့ MMA ရဲ့ တိုက်ကွက် ဖြစ်တဲ့ ချုပ်ကွက်(တစ်နည်းအားဖြင့် အောင်လရဲ့ အားသာချက်) ကို ပြန်လည်ဝေမျှပေးသွားမယ်လို့လည်း အောင်လက ဆိုလာတာ ဖြစ်ပါတယ်။

အောင်လအန်ဆန်ကတော့ နောက်တစ်ကြိမ် ခါးပတ်ကာကွယ်ပွဲအဖြစ် လိုက်ဟဲဗီးဝိတ်ခါးပတ်ကို ကာကွယ်သွားရဖို့ရှိတယ်လို့ဆိုလာခဲ့ပြီး ဒီခါး ပတ်ကာကွယ်ပွဲကိုတော့ ဂျပန်နိုင်ငံမှာ ကာကွယ်သွားမယ်လို့လည်း ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က