၂၀၁၉ မတ်လပိုင်းအတွင်း ဂျပပန်မှာ ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန်ဗီရာနဲ့ လိုက်ဟဲဗီးဝိတ်ခါးပတ်ကာကွယ်ပွဲထိုးရမယ်လို့ သိရပါတယ်။

လိုက်ဟဲဗီးဝိတ်ရွှေခါးပတ်ကို ကာကွယ်ဖို့အတွက် အပြင်းအထန်လေ့ကျင့်နေတယ်လို့ အောင်လအန်ဆန်က ပြောလာတာ ဖြစ်ပြီး ၂၀၁၉ ခုနှစ် မတ်ပိုင်းလောက်မှာ ဖိလစ်ပိုင်က ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန်ဗီရာနဲ့ ဂျပန်မှာ ထိုးသတ်ရမယ်လို့ သိရပါတယ်။



Photo - Aung La N Sang facebook page

 

မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်ကတော့ လာမယ့် စိန်ခေါ်ပွဲအတွက် ပြင်ဆင်မှုတွေကို ပြီးခဲ့တဲ့ ခရာကီနဲ့ မစ်ဒယ်ဝိတ်ကာကွယ်ပွဲပြီးက တည်းက လုပ်ဆောင်နေခဲ့ပါတယ်။

MMAရဲ့ တစ်နှစ်တာအကောင်းဆုံး အမျိုးသားတိုက်ခိုက်ရေးသမားအဖြစ် အောင်လသတ်မှတ်ခံရ 

လက်ရှိမှာတော့ သူနေထိုင်ရာ အမေရိကန်ပြည်ထောင်စုက လေ့ကျင့်ဖော်တွေနဲ့ အတူ အပြင်းအထန်လေ့ကျင့်နေတာတွေကို သူ့ရဲ့ လူမှု စာမျက်နှာထက်မှာ အလျင်းသင့်သလို ဖော်ပြနေလို့ သိရပါတယ်။

Photo - Aung La N Sang facebook page

 

အောင်လအန်ဆန်အတွက် လာမယ့် ပွဲစဉ်ကတော့ လိုက်ဟဲဗီးဝိတ် ရွှေခါးပတ်ကာကွယ်ပွဲဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသား ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန် ဗီရာက စိန်ခေါ်ထားတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း One Championship ကတော့ တရားဝင် အတိအကျတော့ ထုတ်ပြန်ပေးထားခြင်းမရှိသေးပါဘူး။ ဂျပန်နိုင်ငံမှာ ၂၀၁၉ ခုနှစ် ၃ လပိုင်းမှာ ထိုးသတ်မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ ဒီပြိုင်ပွဲအတွက် အောင်လအန်ဆန်ကတော့ အပြင်းအထန်ကို ပြင်ဆင်နေတာပါ။

Photo - Aung La N Sang facebook page

 

"ကျွန်တော့်ရဲ့ Light heavyweight ကာကွယ်ပွဲအတွက် ဒီ heavyweights သမားတွေနဲ့လေ့ကျင့်နေပြီး အဆင်သင့်ဖြစ်ဖို့ ပြင်ဆင်နေပါပြီ။ ပင်ပန်းပေမယ့် အပြုံးတွေကိုယ်စီနဲ့" လို့ အောင်လအန်ဆန်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာထက်မှာ ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် - "ကိုယ့်အတွက်အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ရတဲ့အခြေအနေမျိူးမှာ အားလပ်ရက်တွေပိတ်ရက်ရှည်တွေမရှိပါဘူး။ ကျွန်တော် တို့တွေကနေ့စဉ်နဲ့အမျှရည်မှန်းချက်တွေနဲ့ရှင်သန်နေထိုင်ရတာပါ။ကျွန်တော့်အတွက် ပင်ပင်ပမ်းပမ်း လေ့ကျင့်ပေးကြပြီး နောက်လာမယ့် ပြိုင်ပွဲတွေအတွက်ပြင်ဆင်ပေးတဲ့ Marcel နဲ့ Christian တို့ကို ကျေးဇူးတင်ပါတယ်။" လို့လည်း အိမ်နဲ့ဝေးပြီး လေ့ကျင့်နေရတဲ့ အောင်လအန်ဆန် ကပြောပါသေးတယ်။

Photo - Aung La N Sang facebook page

 

အောင်လအန်ဆန်ဟာ One Championship က ကျင်းပနေတဲ့ MMA ပြိုင်ပွဲမှာ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်တန်းနှစ်ခုရဲ့ ရွှေခါးပတ်ပိုင်ရှင် ဖြစ်ပြီး မစ်ဒယ်ဝိတ်ခါးကိုတော့ ၂ ကြိမ်တိတိ ကာကွယ်ခဲ့ပြီးပါပြီ။

အခုပထမဆုံးအကြိမ် ကာကွယ်မယ့် လိုက်ဟဲဗီးဝိတ်ကိုတော့ အောင်လအန်ဆန်က ခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့် ဝိတ်တန်းနှစ်ခု အပြောင်းအလဲ ထိုးပါများရင် မကောင်းဘူးလို့ဆိုပါတယ်။ ဒါကြောင့်ဒီလိုက်ဟဲဗီးဝိတ် ခါးပတ်ကိုတော့ တစ်ကြိမ်သာ ကာကွယ်မှု ပြုလုပ်ပြီး နိုင်နိုင်ရှုံးရှုံး အခြား သော ပြိုင်ဖက်တစ်ဦးကို လွှဲပြောင်းပေးဖို့ စီစဉ်ထားတယ်လို့လည်း DuwunSportsကို ပြောခဲ့ဖူးပါတယ်။

ကိုယ့်အတွက် အောင်မြင်မှုတွေ ရရှိဖို့ လေ့ကျင့်နေတဲ့ တစ်ချိန်တည်းမှာပဲ အမေရိကန်မှာ သူ့လို ကြိုးစားလေ့ကျင့်နေတဲ့ Tial Thang Zathang “Dragon Legs” ဆိုတဲ့ ချင်းလူမျိုး လူငယ်လေးတစ်ယောက်ကိုလည်း သူ့လိုပဲ စောင့်ကြည့်အားပေးဖို့ တိုက်တွန်းထားပါသေးတယ်။

လာမယ့် ဒီဇင်ဘာလအတွင်းမှာတော့ လူမှုရေး လုပ်ငန်းအချို့နဲ့ လေ့ကျင့်ရေး သင်တန်းအချို့ကို မြန်မာနိုင်ငံမှာ လာရောက်ဆောင်ရွက်ပေးဖို့ ရှိ နေတာကြောင့် အောင်လအန်ဆန်ကို ပြန်လည်ဆုံတွေ့ရပါဦးမယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က