မော်ရင်ဟိုရဲ့ လီဗာပူး ပရီးမီးယားဖလား ရနိုင်တယ်ဆိုတဲ့ စကားကို တုံ့ပြန်လိုက်တာပါ။

လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ဖလား ရနိုင်တယ်လို့ ပြောကြားခဲ့တဲ့ မော်ရင်ဟိုရဲ့ ပြောစကားတွေဟာ ဟာသက်သက်သာ ဖြစ်တယ်လို့ ခံစားမိကြောင်း လီဗာပူးလ်နည်းပြ ကလော့ပ်က ပြန်လည်ချေပသွားခဲ့ပါတယ်။ အပြောင်းအရွှေ့ဈေးကွက်မှာ ပေါင် သန်း၁၇၀အထိ သုံးစွဲထားတဲ့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားဖလား အတွက် ဖိအားဒဏ်တွေ ခံရနိုင်တယ်လို့ လည်းမော်ရင်ဟိုက ပြောဆိုခဲ့ပါတယ်။

Photo : Loop Jamaica

 

ကလော့ပ်က မော်ရင်ဟိုရဲ့ ပြောဆိုမှုဟာ စိတ်ဓာတ်စစ်ဆင်ရေးတစ်ခုသာ ဖြစ်တယ်လို့ ယူဆခဲ့ပြီး သူ့အနေနဲ့ ဒီပြောစကားအပေါ် ဘယ်လိုမှ တုန်လှုပ်မိခြင်း မရှိဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ဒီနှစ်အပြောင်းအရွှေ့မှာ ကီတာ၊ ဖာဘင်ဟို၊ အယ်လစ်ဆန်နဲ့ ရှာကွီရီတို့ (၄)ဦးကို ခေါ်ယူထားခဲ့ပြီး အကြီးအကျယ်ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေတဲ့ အသင်းဖြစ်ပါတယ်။

ဒမ်ဘီလီကို ခေါ်ယူဖို့ ကြိုးစားတော့မယ့် လီဗာပူးလ် 

Photo : ESPN

 

"သေချာပါတယ်၊ ဒါ စိတ်ဓာတ်စစ်ဆင်ရေးပါ၊ ဒါပေမယ့် အဆင်ပြေပါတယ်၊ ကျွန်တော့် ဘဝရဲ့ အကြီးမားဆုံး ရည်ရွယ်ချက်တစ်ခုက ဟိုဆေးကို ပြုံးရွှင်နေအောင် ပြုလုပ်ဖို့ပါ၊ ကျွန်တော် ဟိုအရင်ကတည်းက ပြောကြားခဲ့သလိုပါပဲ၊ ကျွန်တော် ဘာပြောခဲ့လဲဆိုတာ ကျွန်တော် မမှတ်မိဘူးဆိုတာလေ၊ ဒါပေမယ့် ပေါ့ဂ်ဘာရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဘာပြောခဲ့လဲဆိုတာ ကျွန်တော် မှတ်မိပါတယ်"

Photo : ESPN

 

"မန်ချက်စတာယူနိုက်တက်နဲ့ ပတ်သက်တာတွေကို လာမေးရင် ကျွန်တော် ပြောမှာမဟုတ်တော့ပါဘူး၊ သူတို့လာမေးခဲ့မယ်ဆိုရင် ယဉ်ယဉ်ကျေးကျေးနဲ့ ကျွန်တော် ပြန်ဖြေကြားသွားမှာပါ၊ ဟိုဆေး ဘာတွေပဲပြောပြော ပြသနာမရှိပါဘူး၊ လွတ်လပ်မှုရှိတဲ့ ကမ္ဘာကြီးမှာ သူပြောချင်တာ ပြောနိုင်ပါတယ်" လို့ ကလော့ပ် မော်ရင်ဟိုကို တုံ့ပြန်ခဲ့ပါတယ်။

Photo : Stadium Astro

လီဗာပူးလ်အသင်းရဲ့ ပြုပြင်မှုတွေအပေါ်မှာ မော်ရင်ဟိုက ဝေဖန်သုံးသပ်ခဲ့တာဖြစ်ပြီး လီဗာပူးလ်အနေနဲ့ ပရီးမီးယားလိဂ်ဖလား ရနိုင်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ ဒါ့အပြင် ကလော့ပ်အနေနဲ့လည်း လီဗာပူးလ်ကို အမှတ်ပေးချန်ပီယံဖြစ်အောင် ဦးဆောင်နိုင်စွမ်းရှိရမယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။ ဒီအပေါ်မှာ ကလော့ပ်က အထက်ပါအတိုင်း ပြန်လည်တုံ့ပြန်ခဲပါတယ်။

Photo : The Liverpool Offside

 

ဒါ့အပြင် ကလော့ပ်က မန်ချက်စတာယူနိုက်တက်အသင်းဟာ တောင့်တင်းတဲ့အသင်းဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး မန်စီးတီး၊ စပါးတို့လည်း အင်အားတောင့်တင်းကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။ အာဆင်နယ် နဲ့ ချယ်လ်ဆီးတို့ဟာလည်း နည်းပြသစ်ကိုယ်စီနဲ့ ဆိုပေမယ့် တောင့်တင်းနေဆဲလို့ ကလော့ပ်က ဆိုခဲ့ပြီး မော်ရင်ဟိုရဲ့ မှတ်ချက်အပေါ် ပညာသားပါပါ တုံ့ပြန်ခဲ့ပါတယ်။

Share

Loading Next Article...
က္က