မာရက်ဇ်ကိုလည်း ထိန်းသိမ်းမယ်ပြောပြီး မန်စီးတီးနောက် ပါသွားခဲ့ပါတယ်။

မန်ယူက ပေါင် ၆၅ သန်းပေးခေါ်နေပေမယ့် လက်စတာက ပေါင်သန်း ၈၀ အထိ မူလက တိုးတောင်းထားခဲ့ပါတယ်။အခုတော့ မရောင်းတော့ပဲ စာချုပ်သက်တမ်းတိုးမယ်လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Photo - FortuneBet News

 

လက်စတာစီးတီးအသင်းက နောက်ခံလူ မက်ဂွီးကို မန်ယူအသင်းက ခေါ်ယူနိုင်ရေး ကြိုးပမ်းနေပြီး လက်စတာအသင်းကလည်း ကစားသမားကို ထိန်းသိမ်းနိုင်ရေး ကြိုးပမ်းနေပါတယ်။

မော်ရင်ဟိုကို ပညာသားပါပါ ပြန်လည်တုံ့ပြန်လိုက်တဲ့ ကလော့ပ် 

မူလက မက်ဂွီးအတွက်ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းနဲ့ မန်ယူအသင်းက ကမ်းလှမ်းထားပေမယ့်လည်း လက်စတာက ပေါင် သန်း ၈၀ နဲ့ အလို ရှိနေတယ်လို့ သတ်ငးတွေ ထွက်လာခဲ့ပါတယ်။

Photo - oddschecker.com

 

အခုအခါမှာတော့ လက်စတာအသင်းဟာ မက်ဂွီးအတွက် မန်ယူရဲ့ ကမ်းလှမ်းမှုကို ပယ်ဖျက်ပြီး စာချုပ်သစ်ချုပ်ဆိုနိုင်ရေးသာ ကြိုးပမ်းသွား တော့မယ်လို့ ထုတ်ဖော်ပြောလာခဲ့ပါတယ်။

မနှစ်ကလည်း အယ်ဂျီးရီးယား တိုက်စစ်မှူး မာရက်ဇ်ကို မန်စီးတီးအသင်းက ခေါ်ယူဖို့ကြိုးပမ်းခဲ့တုန်းက လက်စတာအသင်းဟာ အခုလိုပဲ ထိန်း သိမ်းနိုင်ဖို့သာ ကြိုးပမ်းသွားမယ်လို့ ပြောခဲ့ဖူးပါတယ်။

Photo - standard.co.uk

 

ဒါပေမယ့်လည်း ဒီနှစ် ရာသီမစတင်ခင်မှာတော့ မာရက်ဇ်ကို မန်စီးတီးအသင်းထံ ပေါင် သန်း ၆၀ နဲ့ ပေးလိုက်ရတာကြောင့် ဒီတစ်ကြိမ် မက်ဂွီး ကိုလည်း မာရက်ဇ်လို အဖြစ်မျိုးနဲ့ ရင်မဆိုင်ရဖို့ ကြိုးပမ်းနိုင်ဦးမှာလား စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

အသက် ၂၅ နှစ်သာရှိသေးတဲ့ အင်္ဂလန် နောက်ခံလူ မက်ဂွီးဟာ ၂၀၁၈ ကမ္ဘာ့ဖလားပွဲတန်းက ခြေစွမ်းပြ ကစားနိုင်ခဲ့သူဖြစ်ပြီး ရှုံးထွက်ပွဲစဉ်တိုင်း ကိုလည်း ပွဲထွက်ပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။

မန်ယူအသင်းကတော့ မက်ဂွီးကို ခေါ်ယူဖို့ ကြိုးပမ်းနေပေမယ့် ဒီနှစ်ရာသီမစတင်ခင်မှာ ဘရာဇီးက ကွင်းလယ်လူ ဖရက်ဒ်၊ပေါ်တူဂီ နောက်ခံလူ ဒီယေဂို ဒါလော့ဒ်၊ဂိုးသမား လီဂရန့်တို့ကို ခေါ်ယူထားနိုင်ခဲ့ပါပြီ။

လူဝယ်ရာသီက လာမယ့် သြဂုတ်လ ၉ ရက်နေ့မှာ ပိတ်မှာမို့ လက်ကျန် ရက် အနည်းငယ်အတွင်းမှာ လက်စတာက ထိန်းသိမ်းထားနိုင်မလား၊မန် ယူက မက်လုံးပေးခေါ်ယူနိုင်မလား စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Share

Loading Next Article...
က္က