ဘယ်တော့ပြန်လာမလဲဆိုတဲ့မေးခွန်းကို မဖြေခဲ့ပါဘူး။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ ပြင်သစ်မှာ ဒုတိယမြောက်ရင်သွေးမွေးဖွားတာကို သွားရောက်ကြည့်ရှုတဲ့ အန်သိုနီမာရှယ် အသင်းကို ပြန်လာ၊ မလာနဲ့ပတ်သက်ပြီး ဘာတစ်ခုမှအာမံချက်ပေးနိုင်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အနာဂတ်မရေမရာဖြစ်နေတဲ့ မာရှယ်အနေနဲ့ အိုးထရက်ဖို့ဒ်ကို ပြန်လာ၊ မလာ မော်ရင်ဟိုကိုယ်တိုင် မသိသေးတာဖြစ်ပါတယ်။

martial-cropped_1ko6ss4eju9ho176eeo7r0p5so.jpg

အန်သိုနီမာရှယ်ဟာ ပဲရစ်မြို့မှာ ၎င်းရဲ့ဒုတိယမြောက်ရင်သွေးမွေးဖွားတာကို သွားရောက်ကြည့်ရှုဖို့အတွက် အသင်းရဲ့ရာသီကြိုပွဲစဉ်တွေကို ထားရစ်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိ အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ အသင်းဖော်တွေဆီကို ပြန်မလာသေးဘဲ ပဲရစ်မြို့မှာ ဆက်လက်နေထိုင်နေတာဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာရှယ်ဟာ ပွဲထွက်ကစားခွင့်ပိုမိုရရှိဖို့အတွက် အသင်းပြောင်းရွှေ့လိုတဲ့ဆန္ဒရှိနေတယ်လို့ ၎င်းရဲ့အေးဂျင့်က ပြောကြားထားပြီး ယနေ့နံနက်မှာ ရီးရဲမက်ဒရစ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ နိုင်ငံတကာချန်ပီယံဖလားပွဲစဉ်မှာ ပါဝင်ကစားပေးဖို့ ပျက်ကွက်ခဲ့တာဖြစ်ပါတယ်။

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ သြဂုတ်လ ၁၀ ရက်နေ့မှာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် လက်စတာစီးတီးအသင်းနဲ့ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မတိုင်မီ ဥရောပကို ပြန်ဖို့ ပြင်ဆင်နေပြီး နည်းပြမော်ရင်ဟိုက မာရှယ် ပြန်လာ၊ မလာကို အာမခံဖို့ ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

နည်းပြတွေလည်း ပြစ်ဒဏ်ကျူးလွန်ရင် အပြစ်ပေးခံရတော့မယ့် စနစ်သစ် 

သတင်းထောက်တွေက မန်ချက်စတာယူနိုက်တက်အသင်းကို မာရှယ် ဘယ်တော့လောက် ပြန်ရောက်မလဲဆိုတဲ့မေးခွန်းကို မေးမြန်းခဲ့တဲ့အချိန်မှာ နည်းပြမော်ရင်ဟိုက အခုလိုပဲ ပြန်လည်ပြောကြားခဲ့ပါတယ်။

"အန်သိုနီမာရှယ်လား။ အဲဒီမေးခွန်းကို ပြန်ကြားရေးတာဝန်ခံကာရန် ဖြေတာ ပိုကောင်းမယ်ထင်တယ်။ သူ ဖြေချင်စိတ်ရှိတယ်ဆိုရင်ပေါ့လေ"

"အခု ဒီကိုရောက်နေတာ ပွဲအကြောင်း ပြောဖို့ပါ"လို့ ပြန်ကြားရေးတာဝန်ခံ ကာရန်က သတင်းထောက်တွေကို ပြန်လည်ပြောကြားခဲ့ပါတယ်။

သတင်းထောက်တွေက မာရှယ်အကြောင်း နောက်ထပ်မေးမြန်းတဲ့အခါမှာတော့ မော်ရင်ဟိုက "ကျွန်တော် လုံးဝမသိပါဘူး"လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က