နောက်ဆုံးဝတ်ဆင်ခဲ့တာ အီဘရာမိုဗစ်ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့တစ်သက်တာထိပ်တန်းဂိုးသွင်းရှင် ဝိန်းရူနီက ၎င်းဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ကို လာမယ့်ရာသီမှာ ဝတ်ဆင်ကစားတော့မယ့် လူငယ်ကြယ်ပွင့်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ကံကောင်းပါစေလို့ ဆုတောင်းစကားပြောကြားပေးခဲ့ပါတယ်။

gettyimages-1011555300.jpg

ပြီးခဲ့တဲ့ရာသီအထိ ကျောနံပါတ် ၁၉ ကို ဝတ်ဆင်ကစားခဲ့တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဘိုင်ယန်မြူးနစ်အသင်းနဲ့ပွဲစဉ်မှာ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ပြီး ပွဲထွက်ကစားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အကောင်းဆုံးတိုက်စစ်မှူးတွေသာ ဝတ်ဆင်လေ့ရှိတဲ့ ကျောနံပါတ် ၁၀ ကို နောက်ဆုံးဝတ်ဆင်ခဲ့တဲ့ကစားသမားကတော့ ဝါရင့်တိုက်စစ်မှူး ဇလာတန်အီဘရာဟီမိုဗစ်ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ မားကပ်စ်ရက်ရှ်ဖို့ဒ်က ၎င်းရဲ့အင်စတာဂရမ်အကောင့်မှာ "မန်ယူဂန္တဝင်ကစားသမားတွေ ဝတ်ဆင်ခဲ့တဲ့အကျႌကို ဝတ်ဆင်ခွင့်ရတာ ဂုဏ်ယူမိပါတယ်"လို့ တင်ခဲ့ပါတယ်။ ယင်းပို့စ်ကို မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူးဟောင်း ဝိန်းရူနီက Liked ပေးခဲ့ပြီး ၎င်းရဲ့ထင်မြင်ချက်ကို ရေးသားခဲ့ပါတယ်။

 

ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းကနေ ပြီးခဲ့တဲ့နွေရာသီက မိခင်အသင်းဖြစ်တဲ့ အဲဗာတန်အသင်းကို ပြန်လည်ပြောင်းရွှေ့သွားခဲ့တဲ့ ဝိန်းရူနီက ကျောနံပါတ် ၁၀ ကို မားကပ်စ်ရက်ရှ်ဖို့ဒ် ဝတ်ဆင်ခဲ့တဲ့အပေါ်မှာ "မင်းနဲ့ သင့်တော်ပါတယ် သူငယ်ချင်း"လို့ ဝင်ရောက် မှတ်ချက်ပေးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုကလည်း ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ကျောနံပါတ် ၁၀ ကို ပြောင်းလဲဝတ်ဆင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

"ဟုတ်တယ်။ သူ ကျောနံပါတ် ၁၀ ကို ဝတ်ချင်ခဲ့တယ်။ သူအမြဲတမ်း ဝတ်ချင်ခဲ့တာပါ"

"ဟုတ်တာပေါ့။ ရူနီကို သူ အရမ်းလေးစားတယ်။ ပြီးတော့ ဇာလာတန်က ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ချင်ခဲ့တယ်လေ။ အဲဒီတော့ သူ အဲဒီအခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ရတာပေါ့"

"ကျောနံပါတ် ၁၀ က ဝတ်ဆင်မယ့်သူမရှိပါဘူး။ အဲဒါက ကလေးတွေအတွက် တစ်စုံတစ်ခု ထူးခြားဆန်းကြယ်နေမှာပါ။ ကျောနံပါတ် ၁၀ ကို သူဝတ်ဆင်ဖို့ ပေးလိုက်ကြရအောင်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က