မော်ရင်ဟိုက အကောင်းဆုံးနည်းပြလို့ပြောခဲ့တာပါ။

ချယ်ဆီးအသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ဝီလီယံဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ကိုင်တွယ်နေတဲ့ ဆရာဟောင်း နည်းပြမော်ရင်ဟိုရဲ့လက်အောက်မှာ နောက်ထပ်တစ်ကြိမ် ထပ်မံကစားလိုတဲ့ဆန္ဒရှိကြောင်း ပြောကြားခဲ့ပြီး မော်ရင်ဟိုဟာ ၎င်းရဲ့အေးဂျင့်ကို တစ်ချိန်လုံး ၎င်းကိုခေါ်ယူပေးဖို့ ပြောဆိုလေ့ရှိတယ်ကြောင်း ပြောကြားခဲ့ပါတယ်။

process (1).jpg

ချယ်ဆီအသင်းရဲ့ကွင်းလယ်ကစားသမား ဝီလီယံဟာ ယမန်နေ့ကပဲ ချယ်ဆီးအသင်းကို စွန့်ခွာသွားမှာမဟုတ်ကြောင်း အတိအလင်းပြောကြားခဲ့သူဖြစ်ပြီး ယနေ့မှာတော့ ဆရာဟောင်းဖြစ်သူ မန်ယူအသင်းနည်းပြမော်ရင်ဟိုရဲ့လက်အောက်မှာ နောက်ထပ်တစ်ကြိမ် ကစားလိုကြောင်းပြောကြားခဲ့ပါတယ်။

"မော်ရင်ဟိုက ကျွန်တော်အလုပ်တွဲလုပ်ဖူးတဲ့နည်းပြတွေထဲမှာ အကောင်းဆုံးနည်းပြပါပဲ။ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး မိတ်ဆွေသူငယ်ချင်းတွေပါ"

"တစ်ခါတလေ ကျွန်တော်တို့ စကားပြောဖြစ်တယ်။ စာတွေလည်း ပို့ကြတယ်။ Whatapp နဲ့ အပြန်အလှန် စာတွေပို့ကြတယ်။ သူက အရမ်းတော်တဲ့နည်းပြတစ်ယောက်ပါ။ သူနဲ့အလုပ်တွဲလုပ်ရတာ ကျွန်တော် တကယ်စိတ်ပျော်ရွှင်ရပါတယ်။ တစ်နေ့မှာ သူနဲ့နောက်ထပ်တစ်ခါ အလုပ်တွဲလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်"

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြမော်ရင်ဟို အိုးထရက်ဖို့ဒ်ကို စတင်ရောက်ရှိလာချိန်ကတည်းက ဝီလီယံကို ခေါ်ယူပေးနိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့တာဖြစ်ပြီး ယခုနွေရာသီအစောပိုင်းကာလတုန်းက ဝီလီယံကို ချဉ်းကပ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။

ကျောနံပါတ် ၁၀ ကို ရက်ရှ်ဖို့ဒ် ဝတ်ဆင်ခဲ့တဲ့အပေါ်မှာ ဝိန်းရူနီ ဘယ်လိုမှတ်ချက်ပေးခဲ့လဲ 

"မန်ယူအသင်းကနေ တရားဝင်ကမ်းလှမ်းမှုတွေ ရောက်နေလားဆိုတာ ကျွန်တော် လုံးဝမသိပါဘူး။ ဒါပေမယ့် တချို့အရာတွေက ဖြစ်ပျက်ပြီးပါပြီ"

"အရာအားလုံးကလည်း အင်တာနက်ပေါ်မှာ ပေါ်ထွက်နေတာပဲလေ။ ဒါပေမယ့် မော်ရင်ဟိုကတော့ ကျွန်တော့်ရဲ့အေးဂျင့်ကို တစ်ချိန်လုံး 'သူ့ကို ခေါ်ပေး၊ သူ့ကို ခေါ်ပေး'နဲ့ ပြောနေပါတယ်။ ဟင့်အင်း၊ သူ ကျွန်တော့်ကို တစ်ခါမှ ဖုန်းမခေါ်ပါဘူး။ ဒါပေမယ့် သူအမြဲတမ်း စာတိုတော့ ပေးပို့လေ့ရှိပါတယ်"

 

ဝီလီယံရဲ့ပြောကြားချက်ဟာ ယမန်နေ့က ပြောကြားခဲ့တဲ့ ချယ်ဆီးအသင်းမှာ ပျေ်ာရွှင်နေပြီး အသင်းကို စွန့်ခွာသွားလိုစိတ်မရှိဘူးဆိုတဲ့စကားနဲ့ ဆန့်ကျင်ဘက်ဖြစ်နေခဲ့ပြီး ဆရာဟောင်းမော်ရင်ဟိုကို လာခေါ်ပါလို့ မပြောရုံတမယ်ဖြစ်နေတာကို တွေ့ရပါတယ်။ ဝီလီယံဟာ နည်းပြဟောင်း ကွန်တီနဲ့ ဆက်ဆံရေးမပြေလည်ခဲ့တဲ့ကစားသမားဖြစ်ပြီး အသင်းပြောင်းရွှေ့ဖို့အထိ စဉ်းစားခဲ့သူဖြစ်ပါတယ်။ ချယ်ဆီးအသင်းရဲ့နည်းပြသစ် မူရီဇီယိုဆာရီကိုတော့ ဝီလီယံက သဘောကျတဲ့ပုံစံ ပြသခဲ့ပြီး ဆာရီနဲ့အတူ အလုပ်တွဲလုပ်ဖို့အတွက် မြင့်မားတဲ့မျှော်မှန်းချက်တွေ ထားရှိထားတယ်လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က