ကစားသမားတစ်ဦးမှ မခေါ်ယူရသေးပါဘူး။

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့နည်းပြ ပေါ့ချက်တီနိုဟာ တော့တင်ဟမ်ဟော့စပါးအသင်းကို အောင်မြင်မှုတွေ ရယူပေးဖို့ ဆုံးဖြတ်ထားပြီး အသင်းအနေနဲ့ ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားခေါ်ယူမှုတစ်ခုမှ မပြုလုပ်နိုင်သေးတာ သတိပြုမိကြောင်း ပြောကြားခဲ့ပါတယ်။

process (2).jpg

Photos: 90min

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ယခုနွေရာသီမှာ ကစာသမားခေါ်ယူမှုတစ်ခုမှ မပြုလုပ်ရသေးတဲ့ ပရီးမီးယားလိဂ်ရဲ့တစ်ခုတည်းသော အသင်းဖြစ်ပြီး ြ့ပိုင်ဘက်အသင်းကြီးတွေဖြစ်တဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ လီဗာပူးအသင်းတို့ကတော့ ငွေကြေးများစွာအသုံးပြုပြီး အသင်းကို အင်အားဖြည့်တင်းနေကြတာဖြစ်ပါတယ်။

ပရိသတ်တွေနဲ့အသင်းကို စိတ်ရှုပ်အောင် တစ်နေ့တစ်မျိုးပြောနေတဲ့ ဝီလီယံ 

တော့တင်ဟမ်ဟော့စပါးအသင်းဟာ နောက်ထပ်ကစားသမားသစ်တွေ ခေါ်ယူဖို့ထက် အသင်းမှာ လက်ရှိရှိနေတဲ့ ကြယ်ပွင့်ကစားသမားတွေကို မဆုံးရှုံးရအောင် စာချုပ်သစ် ချုပ်ဆိုဖို့ကိုသာ အာရုံစိုက်နေတာဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြပေါ့ချက်တီနိုဟာ တော့တင်ဟမ်ဟော့စပါးအသင်းအနေနဲ့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ တစ်စုံတရာလှုပ်ရှားမှုလုံးဝမရှိပေမယ့် မိမိရဲ့ရည်မှန်းချက်ဟာ ပြောင်းလဲသွားမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

Photos: 90min

 

"ကျွန်တော်ဒီကို ဆုဖလားတွေရယူဖို့ ရောက်လာတာပါ"

"တကယ့်ပကတိအမှန်တရားကတော့ ဆုဖလားတွေ ရရှိဖို့ပါပဲ။ အနိုင်ရရှိဖို့အတွက် ဘယ်ကိရိယာတွေသုံးမလဲဆိုတာ အငြင်းပွားစရာရှိပေမယ့် အဲဒါက ကွဲပြားတဲ့ကိစ္စတစ်ခုပါ။ ကျွန်တော်တို့အသင်းမှာ ကြီးမားတဲ့အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲကို ၃ နှစ်ဆက်တိုက် ဝင်ခွင့်ရရှိခဲ့ပါတယ်"

"အဲဒါက မလုံလောက်တာဖြစ်ကောင်းဖြစ်မယ်။ ကျွန်တော်တို့အနေနဲ့ အရာအချို့ကို ပြောင်းလဲဖို့လိုတာလည်း ဖြစ်ကောင်းဖြစ်မယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်အတွက်ကတော့ အဲဒါက မလုံလောက်သေးပါဘူး။ ကျွန်တော်က စိန်ခေါ်ပြီး အဆုံးအထိ အနိုင်ရရှိဖို့အတွက် တိုက်ပွဲဝင်ချင်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့်ရဲ့ဥက္ကဌလီဗိုင်းက ဘာပြောလဲဆိုတော့ မူရီစီယိုရေ၊ အိမ်ပြန်ပြီး နောက်ထပ်စီမံကိန်းအသစ်တစ်ခု သွားရှာလိုက်ပါလို့ ပြောလာပါတယ်"

"ဒီလို ပြိုင်ပွဲမျိုးမှာ ယှဉ်ပြိုင်ဖို့နဲ့ သူတို့ရဲ့အသင်းတွေကို တိုးတက်အောင် အာရုံစိုက်နေတဲ့ ကြီးမားတဲ့ပြိုင်ဘက်အသင်းတွေကို စိန်ခေါ်နိုင်ဖို့အတွက်ဆိုရင် ကျွန်တော်တို့မှာလည်း မတူညီတဲ့တိုးတက်မှုတွေရှိပါတယ်။ လေ့ကျင့်ရေးကွင်းအသစ်ဆောက်တာ၊ ကွင်းအသစ်ဆောက်တာလိုမျိုးကိစ္စတွေပေါ့။ အဲဒီတော့ အဲဒီအသင်းတွေနဲ့ ကျွန်တော်တို့ကို နှိုင်းယှဉ်တာဟာ မမျှတဘူးလို့ ကျွန်တော်ထင်ပါတယ်"

"ကျွန်တော်တို့အနေနဲ့ တူညီတဲ့ပြိုင်ပွဲမှာ ယှဉ်ပြိုင်သွားမှာပါ။ ဒါပေမယ့် မတူညီတဲ့ နည်းလမ်းနဲ့ပါ"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က