ဘိုင်ယန်နောက်ခံဘိုတန်ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထား ကမ်းလှမ်းနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့နောက်ခံကစားသမား ဘိုတန်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုကို ဖုန်းခေါ်ဆိုပြီး ယခုနွေရာသီမှာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လိုတဲ့ဆန္ဒမရှိကြောင်း အသိပေးခဲ့တယ်လို့ Bild ရဲ့သတင်းမှာ ဖော်ပြထားပါတယ်။

Man-Utd-transfer-news-United-Mourinho-Martial-998876.jpg

Photos: Sportskeeda

ဘိုင်ယန်မြူးနစ်အသင်းရဲ့နောက်ခံကစားသမား ဘိုတန်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေက အခိုင်အမာရေးသားနေကြပြီး စာချုပ်ချုပ်ဆိုဖို့ စတင်ပြောဆိုဆွေးနွေးနေကြပြီလို့ ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုအပတ်အစောပိုင်းမှာ မြူးနစ်ကို သွားရောက်ပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တာကြောင့် ဘိုတန် မန်ယူကို ပြောင်းရွှေ့တော့မယ်ဆိုတဲ့သတင်းတွေဟာ ပိုမိုဖြစ်နိုင်ဖွယ်ရှိလာခဲ့တာဖြစ်ပါတယ်။

Photos: Daily Star

 

များပြားလှတဲ့ သတင်းရင်းမြစ်တွေက အင်္ဂလန်ကလပ်အသင်းတွေရဲ့ အပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းမယ့် ကြာသပတေးနေ့ည မတိုင်မီ ဘိုတန်ကို ခေါ်ယူနိုင်ဖို့အတွက် စာချုပ်နဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေကြပြီလို့ ရေးသားခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းရဲ့နောက်ခံကစားသမား ဘိုတန်ဟာ မန်ယူအသင်းနည်းပြ မော်ရင်ဟိုထံ ဖုန်းခေါ်ခဲ့ပြီး အိုးထရက်ဖို့ဒ်ကို ဒီနှစ်နွေရာသီမှာ ပြောင်းရွှေ့လိုတဲ့ဆန္ဒမရှိကြောင်း အသိပေးခဲ့တယ်လို့ သိရပါတယ်။

ကစားသမားသစ် မခေါ်ယူပေမယ့် ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်နိုင်တယ်လို့ ပြောလိုက်တဲ့ ပေါ့ချက်တီနို 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကမ်းလှမ်းမှုကို ကစားသမားတစ်ဦးက လူသိရှင်ကြား ငြင်းငယ်ခဲ့တာဟာ ယခုအချိန်က ပထမဆုံးအချိန်မဟုတ်တော့ဘဲ ဘိုတန်ရဲ့အရင်က ရီးရဲမက်ဒရစ်အသင်းရဲ့ကွင်းလယ်ကစားသမား ကိုဗာဆစ်ကလည်း နည်းပြမော်ရင်ဟိုရဲ့လက်အောက်မှာ မကစားချင်ကြောင်း အတိအလင်း ငြင်းပယ်ခဲ့ပါတယ်။ ဖုန်းထဲမှာ ဘိုတန်က မော်ရင်ဟိုကို ၎င်းအနေနဲ့ ဘိုင်ယန်မြူးနစ်နည်းပြသစ် နီကိုကိုဗက်နဲ့လက်တွဲပြီး အလုပ်လုပ်ချင်တာကြောင့် အသင်းမှာပဲ ဆက်နေလိုကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က