မန်ယူအသင်းရဲ့ တိုက်စစ်မှူး ဟာနန်ဒက်ဟာဆိုရင်လည်း ၂၀၁၄ ခုနှစ် တုန်းက အသင်းပြောင်းသွားခဲ့ပါတယ်။

အပြောင်းအရွှေ့ နောက်ဆုံးရက်မှာမှ အသင်းပြောင်းရွှေ့သွားကြတဲ့ ကမ္ဘာကျော် ဘောလုံးသမားများစွာရှိခဲ့ကြပြီး ပရိသတ်တွေ အမှတ်တရ ဖြစ် နေစေမယ့် ကစားသမားတွေကို စုစည်းဖော်ပြပေးထားပါတယ်။

Photo - goal.com

 

အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အရောင်းအဝယ် ဈေးကွက်ကတော့ ဒီကနေ့မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲ အင်္ဂလန် စံတော်ချိန် ညနေ ၅ နာရီမှာ ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။

လက်ရှိ အပြောင်းအရွှေ့ ဈေးကွက်မှာ လှုပ်ခတ်ခဲ့ပြီး လက်ရှိအချိန်ထိ အသင်းပြောင်းရွှေ့သွားရခြင်းမရှိသေးတဲ့ ကစားသမားများစွာ ကျန်ရှိနေ ပါသေးတယ်။

ကြာသာပတေးနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အားကစားသတင်းများ 

ဒီကစားသမားတွေကလည်း လက်ရှိအချိန်ထိကို လှုပ်ခတ်နေဆဲဖြစ်ပြီး အပြောင်းအရွှေ့ နောက်ဆုံးအချိန်မှာ ဘယ်အသင်းတွေက အမိအရ ခေါ် ယူသွားနိုင်မလဲ ဆိုတာကလည်း စိတ်လှုပ်ရှားဖို့ကောင်းနေပါတယ်။

အပြောင်းအရွှေ့ နောက်ဆုံးပိတ်ရက်မှာ အခုလိုမျိုးစိတ်လှုပ်ရှားစရာတွေ အပြည့်နဲ့ ပြောင်းရွှေ့သွားဖြစ်တဲ့ ကစးသမားများစွာလည်း အမှတ်တရ အဖြစ် ရှိနေပြီး အခုလို အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ DuwunSports ရဲ့ ပရိသတ်ကြီး အမှတ်တရရှိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

Photo - goal.com

 

ပထမဆုံး ပရိသတ်တွေကို ရုတ်တရက် နှုတ်ဆက်သွားတဲ့ ကစားသမားကတော့ ၂၀၁၄ခုနှစ်က ဖြစ်ပြီး မန်ယူအသင်းက ဂျာဗီ ဟာနန်ဒက်ဖြစ်ပါ တယ်။သူက အဲ့တုန်းက ဘယ်အသင်းကိုပြောင်းသွားတာလဲဆိုတာ ပရိသတ်ကြီး မှတ်မိပါအုံးမလား?

Photo - SOCCERINFOMANIA

 

နောက်တစ်ဦးကတော့ ချဲလ်ဆီးက မိုက်ကယ် အက်ဆီယန်က ၂၀၁၂ ခုနှစ်မှာ ချဲလ်ဆီးအသင်းကနေ ရီးရဲအသင်းကို ပြောင်းရွှေ့သွားခဲ့လို့ ချဲလ် ဆီးပရိသတ်တွေ ဝမ်းနည်းခဲ့ရဖူးပါတယ်။

Photo - GiveMeSport

 

အဲ့မတိုင်ခင်ကလည်း အင်္ဂလန်သားတွေရဲ့ အချစ်တော် ဂျိုလ်ကိုးက ၂၀၁၁ ခုနှစ်မှာပဲ ပြင်သစ်ကလပ် အသင်းတစ်သင်းကို ပြောင်းသွားခဲ့တာ ပရိသတ်တွေ မှတ်မိပါအုံးမလား။

Photo - The Independent

 

အဲ့လိုပဲ မန်ယူအသင်းက အိုဝင် ဟားဂရေ့ဆိုရင်လည်း ပြိုင်ဖက် မြို့ခံ အသင်းကို ပြောင်းသွားခဲ့ဖူးပြီး ဘာကြောင့် ဒဏ်ရာတွေနဲ့ နဲ့ နပန်း လုံး နေရတဲ့ သူ့ကို မန်စီးတီးအသင်းက ခေါ်ခဲ့တာလဲဆိုတာကတော့ အံ့အားသင့်ဖို့ကောင်းပါတယ်။

Photo - m.yukle.mobi

 

ပရီးမီးယားလိဂ်မှာ အသင်းကြီးတစ်သင်းကနေ အခြား အသင်းကြီးတစ်သင်းကို ပြောင်းတဲ့ ကစားသမား သိပ်များများစားစားတော့မရှိပါဘူး။ ဒါပေမယ့်လည်း အနည်းငယ်သော ကစားသမားတွေထဲမှာ ရာအူးလ်မီယာလက်လည်းပါပြီး သူက ဘယ်အသင်းကြီးကနေ ဘယ်အသင်းကြီး ကို ဘယ်နှစ်ခုနှစ်တုန်းက အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ပြောင်းသွားတာလဲဆိုတာ စဉ်းစားပေးပါအုံးလား ပရိသတ်ကြီးရေ။

ပရိသတ်တွေ ၂၀၁၈ ကမ္ဘာ့ဖလားမှာသတိထားမိခဲ့တဲ့ ကစားသမားတွေဟာ တစ်ချိန်တုန်းက အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ လူမသိသူမသိ ပြောင်းရွှေ့ခဲ့ဖူးတဲ့ သူတွေ ရှိပါတယ်။

Photo - Diario AS

 

အဲ့ဒီထဲမှာ စပိန်အသင်းနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့တဲ့ ရိုဒရီဂိုဆိုရင် ၂၀၁၀ တုန်းက ဘင်ဖီကာအသင်းကနေ ဘော်လ်တန်အသင်းကို အငှားနဲ့လာရောက်ခဲ့ဖူးပြီး စုစုပေါင်း ၂၁ ပွဲမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

၇ နှစ်အလွန်တုန်းက အခု ကျွန်တော်တို့သိတဲ့ အိုက်စလန်အသင်းခေါင်းဆောင် ဆီဂတ်ဆန်ကို ဟော်ဖန်ဟိမ်းအသင်းက ရီးဒင်းအသင်းထံကနေ အငှားနဲ့ ခေါ်ယူခဲ့ဖူးပါတယ်။ဒါပေမယ့် ၁၈ လအကြာမှာ အင်္ဂလန်ကို ပြန်ရောက်လာပြီး ဆွမ်ဆီးနဲ့အတူ လူသိလာခဲ့ပါတယ်။

အခုဖော်ပြပေးခဲ့တာတွေကတော့ လွန်ခဲ့တဲ့ နှစ်တွေက ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့ နောက်ဆုံးရက်တွေမှာ အသင်းပြောင်းရွှေ့သွားကြတဲ့ ကစားသမားတွေဖြစ်ပြီး တစ်ချို့ကတော့ ဘောလုံးလောကက အနားယူသွားခဲ့ပြီဖြစ်သလို တစ်ချို့ကတော့ ဆက်လက်ကစားနေဆဲ အောင်မြင် နေဆဲ ဖြစ်ပါတယ်။

ဒီနေ့မှာရော ဘယ်ကစားသမားတွေက အသင်းတွေ ပြောင်းဖြစ်သွားမလဲ မပြောင်းဖြစ်မလဲဆိုတာကိုလည်း အတူတူ ရင်ခုန်စွာ စောင့်မျှော်ကြည့် ကြပါစို့လား။

Share

Loading Next Article...
က္က