အချိုးအစားမှန်မှန် အသုံးချတတ်ရင် အရက်ကိုလည်း အလှအပရေးရာမှာ သုံးနိုင်ပါတယ်။

ဗော့ဒ်ကာ (vodka) အရက်ပုလင်းတွေ ကိုယ့်ဆီရောက်လာလို့ အရက်မသောက်တတ်တဲ့လူအဖို့တော့ သူများကို ပေးပစ်မလား၊ ရောင်းပစ်မလားပေါ့။ ဒါပေမဲ့ အချိုးအစားမှန်မှန် အသုံးချတတ်ရင် အရက်ကိုလည်း အလှအပရေးရာမှာ သုံးနိုင်ပါတယ်။ ဗော့ဒ်ကာအရက်ကို အသုံးချနိုင်တဲ့နည်းလေးတွေကို ပြောလိုက်မယ်နော်။



၁) အသားအရေကြည်လင်စေ

img-2181-1024x768.jpg 

ချွေးပေါက်ပိတ်တာတွေကို ပွင့်သွားအောင် ဗော့ဒ်ကာအရက်က လုပ်ပေးနိုင်ပါတယ်။ ဗော့ဒ်ကာတုန်နာ (toner) လေး လုပ်ဖို့အတွက် ဗော့ဒ်ကာ - လက်ဖက်စားဇွန်း ၁ ဇွန်း၊ ပေါင်းခံရည် - လက်ဖက်စားဇွန်း ၂ ဇွန်း၊ rosemary နဲ့ jojoba oil - လက်ဖက်စားဇွန်း ၂ ဇွန်းစီတို့ကို ရောစပ်သုံးနိုင်ပါတယ်။ ချွေးပေါက်ထဲက အညစ်အကြေးတွေသန့်စင်သွားပြီး ချွေးပေါက်ကျဉ်းစေပါတယ်။ ယားယံတာတွေကို ချက်ချင်းသက်သာစေပါတယ်။

၂) ဆံပင်ပေါင်းဆေး

Vodka-For-Dandruff.jpg 

ပျားရည်၊ ကြက်သွန်နီအရည်၊ ဗော့ဒ်ကာတို့ကို ရောစပ်ပြီး ဆံပင်ပေါင်းဆေးလုပ်လို့ရတယ်။ အားလုံးကို ရောပြီး ဆံပင်မှာလိမ်းပြီး တညအိပ် ထားလိုက်ပါ။ မနက်ကျမှ ခေါင်းပြန်လျှော်ရုံပဲ။ ဆံပင်ကျွတ်တာသက်သာပြီး ဦးရေပြားက အဆိပ်နဲ့ ဘက်တီးရီးယားတွေကို ပျောက်စေပါတယ်။ ဆံပင်ကိုလည်းသန်စေတယ်။

၃) ခြေထောက် cleansing

bigstock-High-heels-shoe-feet-pain-Clo-150068441.jpg 

ခြေထောက်ကအနံ့ဆိုးတွေ ထွက်တာကို ပျောက်ချင်ရင်လည်း ဗော့ဒ်ကာကိုပဲ သုံးရအောင်။ ဗော့ဒ်ကာအရက်မှာပါဝင်တဲ့ အယ်လ်ကိုဟောက ဘက်တီးရီးယားတွေကိုသေစေပါတယ်။ ရေအေးနဲ့ဗော့ဒ်ကာကို ရောစပ်ပြီး ခြေထောက်ကို စိမ်ပေးပါ။ ဒါမှမဟုတ်လည်း ဗော့ဒ်ကာကိုရေနဲ့စပ်ပြီး အဝတ်လေးမှာဆွတ်၊ ခြေထောက်ကိုသုတ်ပေးရင် အနံ့ပျောက်ပါတယ်။

ှSource : Be Beautiful

အပိုတစ်ခုအနေနဲ့ ထပ်ပြောရရင်တော့ မုတ်ဆိတ်ရိတ်ဓားတွေမှာ အမွေးတွေနဲ့ကပ်ငြိပြီး မထက်တော့ဘူးဆိုရင်လည်း ဗော့ဒ်ကာအရက်လေး လောင်းချလိုက်ရင် အိုကေသွားပါလိမ့်မယ်နော်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က