ရှားဇောင်းလက်ပတ်ဟာ အသားအရေကို ကြည်လင်ချောမွေ့စေတဲ့ အစွမ်းသတ္တိရှိပါတယ်။
 

မျက်နှာသန့်စင် ဆေးကြောပြီးတိုင်း တိုနာ (Toner) ကို လိမ်းပေးရပါတယ်။ တိုနာလိမ်းမှ အရေပြားက အစိုဓာတ်ကိုပိုမိုစုပ်ယူနိုင်မှာပါ။ အသားအရေကို ကျန်းမာစိုပြေစေပြီး မိတ်ကပ်လိမ်းလို့ ပိုကောင်းစေပါတယ်။ Scrub လို့ ကျယ်သွားတဲ့ချွေးပေါက်တွေကိုလည်း ပြန်ညှိပေးပါတယ်။ တိုနာကို ကိုယ်တိုင် သဘာဝနည်းတွေနဲ့ စမ်းပြီးလုပ်ကြည့်ပါလား။

 

၁။ ရှားဇောင်းလက်ပတ်

ရှားဇောင်းလက်ပတ်ဟာ အသားအရေကို ကြည်လင်ချောမွေ့စေတဲ့ အစွမ်းသတ္တိရှိပါတယ်။ ရှားဇောင်းလက်ပတ်အရွက်ကို ရေစင်စင်ဆေးပြီး အရည်ညှစ်ကာ တိုနာအဖြစ်နဲ့ အသုံးပြုနိုင်ပါတယ်။ အသားအရေကို စိုပြေစေရုံသာမက နေလောင်ကွက်တွေကိုပါ ပျောက်သွားစေပါတယ်။

 

၂။ ပူစီနံ

ခြောက်သွေ့တဲ့ အသားအရေပိုင်ရှင်တွေအတွက် ပူစီနံတိုနာ ပြုလုပ်နည်း ပြောပြပါ့မယ်။ ပူစီနံ လက်နှစ်ဆုပ်စာကို ရေ ၁၀၀ ဂရမ်နဲ့ရောပြီး ဆူပွက်အောင်ကျိုပါ။ ကျောက်ချဉ်မှုန့် လက်ဖက်စားဇွန်းတစ်ဝက်စာ ထည့်ပြီး ရောမွှေပေးရပါမယ်။ မီးဖိုပေါ်ကချပြီး အအေးခံထားပါ။ အေးသွားရင် ရေခဲသေတ္တာထဲထည့်ပြီး သိမ်းဆည်းထားလို့ရပါတယ်။ ပူစီနံတိုနာကို အသုံးပြုလိုတဲ့အခါ သိမ်းထားတဲ့ပူစီနံရည် ၂ စက်/၃ စက်ကို ပေါင်းခံရေ (သို့မဟုတ်) ရေသန့် တစ်ခွက်စာနဲ့ ရောပြီး အသုံးပြုနိုင်ပါတယ်။ အသားအရေ ကြည်လင်သန့်စင်စေပါတယ်။

သင်နှစ်သက်နိုင်မည့်ဆောင်းပါး ---> အသားအရေ အိုမင်းရင့်ရော်ခြင်းမှကာကွယ်နိုင်ဖို့ လိုက်နာရမယ့်အချက် (၆) ချက်

 

၃။ နှင်းဆီရည်နဲ့ ဂလစ်ဆရင်း

နှင်းဆီရည် ၅၀ ဂရမ်၊ သံပရိုရည် လက်ဖက်စားဇွန်းတစ်ဇွန်းနဲ့ ဂလစ်ဆရင်း (Glycerin) ၁၀၀ ဂရမ်တို့ကို ရောသမလိုက်ပါ။ ဂွမ်းစလေးနဲ့တို့ပြီး မျက်နှာနဲ့လည်ပင်းကို လိမ်းပေးနိုင်ပါတယ်။ ၁၀ မိနစ်ကြာရင်တော့ ရေဆေးလိုက်ရပါမယ်။ မကြာခဏ သုံးချင်ရင်တော့ ရေခဲသေတ္တာထဲမှာ ထည့်ပြီး သိမ်းဆည်းထားလို့ရပါတယ်။

Source : Natural Beauty Tip

သင်နှစ်သက်နိုင်မည့်ဆောင်းပါး ---> ကိုရီးယားသူလေးတွေရဲ့ အလှအပလျှို့ဝှက်ချက် (၉) ချက်

Share

Loading Next Article...
က္က