In partnership with  logo
အမျိုးသမီးတွေဟာ သူတို့သက်တမ်းတလျှောက်မှာ ပျမ်းမျှအားဖြင့် ရာသီလာတဲ့ရက်ပေါင်း ၃၀၀၀ရှိပါတယ်။

အရင်တစ်ခေါက်က မိန်းကလေးတွေကို ရာသီလာတဲ့အချိန်မှာ ခွဲခြားဆက်ဆံတာတွေ ရပ်သင့်တဲ့အကြောင်း ပြောခဲ့ဖူးပါတယ်။ အခုတခါတော့ ရာသီစက်ဝန်းဟာ ပတ်ဝန်းကျင်မှာ အမြဲ ရှိနေတဲ့ အရာဖြစ်လို့ နေသားကြနေဖို့ ပြောချင်ပါတယ်။ မိန်းကလေးတော်တော်များများက ရာသီလာနေပြီဆိုရင် သူများကို မသိစေချင်ပါဘူး။ လူရှေ့သူရှေ့မှာ အဲဒီအကြောင်းကို ပြောရင် ရိုင်းမှာ၊ မသင့်တော်မှာ စိုးရိမ်ကြပါတယ်။ မိန်းကလေးတစ်ယောက်က “ဟိုဟာလာနေလို့”လို့ပြောလိုက်ရင် အဲဒါဘာပြောတာလဲဆိုတာ ယောက်ျားလေးတွေပါ သိပါတယ်။ ဓမ္မတာလာတယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။ မိန်းကလေးတစ်ယောက်အနေနဲ့ ဘယ်တော့မှ ရှောင်လွှဲလို့ မရပါဘူး။ ဒါဟာ ရှက်စရာကိစ္စလည်း မဟုတ်ပါဘူး။ ဒါဆို ဘာလို့ ဒီအကြောင်းပြောဖို့ ဝန်လေးနေကြတာလဲ။

အပျိုဘော်ဝင်စအရွယ်

menstrupedia.jpg 

မိန်းကလေးတွေအများအားဖြင့် အသက် ၈နှစ်ကနေ ၁၆နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ရာသီသွေးစပေါ်ပါတယ်။ ဒါကို ပျိုဘော်ဝင်စအရွယ်လို့ခေါ်ပါတယ်။ ပထမဆုံးအတွေ့အကြုံဟာ မိန်းကလေးတိုင်းအဖို့ ကြောက်စရာကောင်းပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ ဘဝမှာ ပထမဆုံးအကြိမ် ဒီလိုအပြောင်းအလဲမျိုးဖြစ်တဲ့ အချိန်မှာ ဓမ္မတာလာတာဟာ ရွံစရာ၊ အများရှေ့မှာ ထုတ်မပြောသင့်တဲ့အရာလို့ အတွေးမျိုး ဝင်သွားခဲ့ရင် အားငယ်စိတ်အလိုလိုဝင်လာနိုင်ပါတယ်။ ဒီလိုအချိန်မှာ မိဘ၊ဆရာ၊ဆရာမကဖြစ်စေ သူငယ်ချင်းအချင်းချင်း ဖြစ်စေ ဖေးမကူညီသင့်ပါတယ်။

ဘဝရဲ့ တစိတ်တပိုင်း

အမျိုးသမီးတွေဟာ သူတို့သက်တမ်းတလျှောက်မှာ ပျမ်းမျှအားဖြင့် ရာသီလာတဲ့ရက်ပေါင်း ၃၀၀၀ရှိပါတယ်။ ဒါဟာ ၈နှစ်ကျော်အချိန်နဲ့ ညီမျှပါတယ်။ အဲဒါကြောင့် ဓမ္မတာဟာ အမျိုးသမီးတွေ ဘဝရဲ့ တစိတ်တပိုင်း တစ်ခုဖြစ်တယ်လို့ ပြောလည်း မမှားပါဘူး။ လစဉ်ရင်ဆိုင်နေရတဲ့ ဒီကိစ္စကို အမျိုးသမီးတွေအနေနဲ့ ရဲရဲတင်းတင်းပြောဆိုမှသာ ဒါနဲ့ပတ်သက်လို့ ဖြစ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

အမျိုးသားတွေဘာကြောင့်သိသင့်သလဲ

LowLibido.jpg 

မိန်းကလေးတွေဟာ ဓမ္မတာလာတဲ့အချိန်မှာ မောင်နှမအချင်းချင်းဖြစ်စေ၊ ယောကျ်ားလေးသူငယ်ချင်းတွေ ကိုဖြစ်စေ သိမှာကို မစိုးရိမ်သင့်ပါဘူးး။ တကယ်တော့ ရာသီစက်ဝန်းနဲ့ ပတ်သက်တဲ့ အသိပညာဟာ ယောကျ်ားလေးတွေမှာလည်း ရှိသင့်ပါတယ်။ ရာသီလာတဲ့အချိန်မှာ မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ဘယ်လိုအပြောင်းအလဲတွေဖြစ်တယ်၊ ဘာတွေခံစားရတယ်ဆိုတဲ့ ယောကျ်ားလေးတွေ ဘယ်တော့မှ မခံစားရမယ့် အတွေ့အကြုံကို မိန်းကလေးတွေ ဖြတ်သန်းရတဲ့အတွက် စိတ်ဓာတ်ခွန်အားတစ်ခုဖြစ်ပါတယ်။ ရင့်ကျက်တဲ့ ယောကျ်ားတစ်ယောက် အမျိုးသမီးတစ်ယောက်ရဲ့ ရာသီကိစ္စ၊ ရာသီသွေးစွန်းတာနဲ့ပတ်သက်ပြီး ရွံစရာတစ်ခုအဖြစ်သတ်မှတ်မှာ မဟုတ်ပါဘူး။

See also

မိန်းကလေးတစ်ယောက်စိတ်ဟာ ဓမ္မတာလာတဲ့အချိန်မှာ ဟိုမုန်းအပြောင်းအလဲ ထိလွယ်ရှလွယ်ပါတယ်။ ဒီလိုအချိန်မှာ ကိုယ့်ဘက်က အမှား မလုပ်မိအောင် သတိထားသင့်ပါတယ်။ ဒါ့အပြင် ယောကျ်ားလေးတွေဘက်က ဒါကို အခွင့်အရေးယူပြီး မစော်ကားမိအောင် ပြုမူသင့်ပါတယ်။ မိန်းကလေးရော၊ ယောက်ျားလေးပါ ဒီကိစ္စကို သဘာဝတရားအဖြစ်သတ်မှတ်ပြီး ကန့်သတ်ချုပ်ခြယ်မှုတွေ မလုပ်ဘူးဆိုရင် ခွဲခြားဆက်ဆံမှုတွေကို ဖြေလျှော့နိုင်မှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က