In partnership with  logo
တွစ်တာပေါ်မှာ #MeToo စာသားနဲ့အတူ ဖော်ပြခဲ့ပါတယ်။

ပါကစ္စတန်ရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဟာ နာမည်ကျော်အဆိုတော်တစ်ဦးက သူမအပေါ် လိင်နှောင့်ယှက်မှုပြုလုပ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါဟာ ကမ္ဘာတစ်ဝန်းက အမျိုးသမီးတွေ လှုပ်ရှားနေကြတဲ့ #MeToo လှုပ်ရှားမှုအရွေ့မှာ ပါကစ္စတန်ကလည်း ပထမဆုံး ပါဝင်လိုက်တာလည်း ဖြစ်ပါတယ်။ Zafar ဟာ ကလေးနှစ်ယောက်မိခင်ဖြစ်ပြီး တွစ်တာပေါ်ကနေ ထုတ်ဖော်လိုက်တာ ဖြစ်ပါတယ်။


 

The Reluctant Fundamentalist ရုပ်ရှင် အပါအဝင် ဇာတ်ကားပေါင်းများစွာမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် Meesha Shafi ဟာ ပါကစ္စတန်ရဲ့နာမည်ကြီး မင်းသမီးတစ်လက်ပါ။ အဆိုတော် Ali Zafar က သူမကို " စော်ကားနှောင့်ယှက်မှုဟာ သဘာဝပဲ" လို့တောင် ပြောခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အဆိုတော် Zafar က ဒါကို ငြင်းဆိုထားပြီး ဥပဒေအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။

 

Ali နဲ့ သူမဟာ နှစ်ပေါင်းများစွာ သိကျွမ်းခဲ့သူ ဖြစ်ပေမဲ့ ခုလိုလုပ်လိုက်တဲ့အတွက် သူမရော မိသားစုပါ  ပြင်းပြင်းထန်ထန် စိတ်ထိခိုက်ရတယ်လို့ ရေးခဲ့ပါတယ်။ သူမအနေနဲ့ အမျိုးသမီးတွေရဲ့တိတ်ဆိတ်နေတတ်တဲ့ထုံးတမ်းကို ချိုးဖောက်ပြီး ထုတ်ဖော်ပြောကြားရတာက ပြည်တွင်းက အမျိုးသမီးငယ်တွေအတွက် နမူနာတစ်ခု ချမှတ်ပေးလိုတဲ့အတွက် လုပ်ရတယ်လို့လည်း Zafar က ရေးထားပါတယ်။

 

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပါကစ္စတန်က လူမှုကွန်ရက်ပေါ်မှာတော့ ဂယက်ထသွားပါတယ်။ အမျိုးသမီးများစွာက စော်ကားနှောင့်ယှက်မှုနဲ့ပတ်သက်ပြီး သူတို့ရဲ့အမြင်တွေကိုလည်း မျှဝေနေကြပါတယ်။ သူတို့တွေကတော့ မင်းသမီး Shafi ဘက်က ရပ်တည်ပြီး ထောက်ခံနေကြတာပါ။

see also 

 

ဟောလိဝုဒ်က ထုတ်လုပ်သူ Harvey Weinstein ရဲ့ အရှုပ်တော်ပုံ ပေါ်ထွက်လာပြီးနောက် စတင်လာတဲ့ #MeToo လှုပ်ရှားမှုဟာ ပိုမိုကျယ်ပြန့်လာပြီး ကမ္ဘာတစ်ဝန်းက အခြားနိုင်ငံတွေမှာပါ လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်မှုကို ဆန့်ကျင်ကြောင်း ထုတ်ဖော်လာနေကြပါတယ်။ ပါကစ္စတန်လူမှုအသိုင်းအဝိုင်းဟာ ယောက်ျားတွေကိုသာ ကြီးစိုးခြယ်လှယ်ခွင့်ပြုထားပါတယ်။ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေရဲ့ အဆိုအရ အမျိုးသမီးအရေအတွက် အမြောက်အများဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု သို့မဟုတ် စော်ကားနှောက်ယှက်ခံရမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

Source : BBC


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က