ဘာကြောင့် ကိုယ့်လောက် သူ့ဘက်က ခင်တွယ်မှုမရှိတာလဲလို့ မေးခွန်းတွေ ထုတ်နေတတ်ပါတယ်။
 

လက်တွဲလာတာဟာ ကြာပြီပဲဖြစ်ဖြစ်၊ လပိုင်းလောက်ပဲ ရှိသေးတာပဲဖြစ်ဖြစ် လက်တွဲဖော်ဟာ သင့်ကို ပွင့်ပွင့်လင်းလင်း မဆက်ဆံဘူးလို့ ခံစားရနေနိုင်ပါတယ်။ ကိုယ်ဘက်က ရင်းရင်းနှီးနှီးရှိပေမဲ့ သူ့ဘက်က ဝေးနေတယ်လို သင့်ဘက်က ခံစားရနိုင်ပါတယ်။ ဒီအခါမှာ ကိုယ်ဟာ ယုံကြည်မှုရှိစရာ ကောင်းတဲ့လူတစ်ယောက်မဟုတ်ဘူးလားလို့ စိတ်မကောင်းဖြစ်ရတတ်ပါတယ်။ ကိုယ့်လောက် သူ့ဘက်က ခင်တွယ်မှု မရှိတဲ့အကြောင်းအရင်းကို မေးခွန်းတွေ ထုတ်နေတတ်ပါတယ်။

အကြောင်းအရင်းများ

၁ - ကြောက်လို့

သင့်ကို ပွင့်ပွင့်လင်းလင်း မပြောရဲတဲ့ အဖြစ်နိုင်ဆုံးအကြောင်းအရင်းကတော့ ကြောက်စိတ်ရှိလို့ပါ။ သင့်ကို ကြောက်တာမဟုတ်ဘဲ သူ့ဘက်က ပွင့်ပွင့်လင်းလင်း ဖွင့်ပြောတာမျိုးတွေ လုပ်တဲ့အခါ သင်တုံ့ပြန်လာမယ့်ပုံစံကို ကြောက်တာပါ။ သူ့အကြောင်းတွေ ပွင့်ပွင့်လင်းလင်း ဖွင့်ပြောလို့ အထင်သေးသွားမှာ၊ ယုံကြည်မှုလျော့ကျသွားမှာတွေကို ကြောက်တာပါ။

 

၂ - သတိမထားမိလို့

ဒါကတော့ သူ့အကျင့်ဖြစ်ပါတယ်။ ကိုယ့်အကြောင်း တစ်ဖက်လူကို ပြောတတ်တဲ့ အကျင့်မရှိလို့ ဖြစ်ပါတယ်။ သူတို့ဆီမှာ ဒီလိုပြောစရာအကြောင်း ကြီးကြီးမားမားရှိတယ်လို့လည်း မထင်သူတွေပါ။ သိပ်အပူအပင်မရှိသူတွေ ဖြစ်တတ်ပါတယ်။

၃ - အတွေ့အကြုံ

အတိတ်က အတွေ့အကြုံတွေကြောင့်ပါ။ လေးလေးနက်နက် ပွင့်ပွင့်လင်းလင်း တွဲခဲ့ပေမဲ့ ထင်သလို ဖြစ်မလာခဲ့တဲ့ အချစ်ရေးတစ်ခု ရှိခဲ့ဖူးသူ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် မိသားစုက ပေးတဲ့ စိတ်ဒဏ်ရာ၊ ပတ်ဝန်းကျင်က ပေးတဲ့ စိတ်ဒဏ်ရာမျိုး ရှိသူ ဖြစ်တာကြောင့် တော်ရုံနဲ့ သူတို့အကြောင်းတွေကို ဖွင့်မပြောချင်တာပါ။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး -ကိုယ့် အချစ်ရေးအကြောင်း ဖေ့စ်ဘွတ်မှာ မပြောဖြစ်တဲ့ အကြောင်းအရင်း (၅) ချက် )

 

ဖြေရှင်းနည်းများ

၁ - နေရာ

သင့်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုစေချင်တယ်ဆိုရင် ပထမအချက်က နေရာပါ။ လူတွေကြပ်နေတဲ့ စူပါးမားကတ်က အအေးဆိုင်မျိုး၊ ရှုပ်ထွေးနေတဲ့စားသောက်ဆိုင်မျိုးတွေက သူ့အတွက် အဆင်မပြေပါဘူး။ အေးအေးလူလူ ရှိတဲ့ တစ်နေရာကို ရွေးရမှာ ဖြစ်ပါတယ်။

၂ - ပွင့်လင်းပါ

သူ့ဘက်က ပွင့်ပွင့်လင်းလင်း ရှိစေချင်တယ်ဆိုရင် သင့်ဘက်ကလည်း ရိုးသားပွင့်လင်းဖို့ လိုပါတယ်။ ဥပမာ - သူတွဲခဲ့တဲ့ လူတစ်ယောက်အကြောင်း သင်က သိချင်တယ်ဆိုရင် သင်တွဲခဲ့တဲ့လူအကြောင်းလည်း ပြောပြရမှာပဲ ဖြစ်ပါတယ်။ သင့်ဘက်က ပွင့်လင်းရိုးသားသူဖြစ်ကြောင်း သူ့ကိုသိစေမှ သူကလည်း သင့်ကို ပွင့်လင်းရိုးသားမှာပါ။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး - ကိုယ့်ချစ်သူကို နားလည်မှုရှိရှိ စကားဘယ်လိုပြောမလဲ)

 

၃ - ယုံကြည်ရသူ

သင်က ယုံကြည်ရသူဖြစ်တယ်ဆိုတာကိုလည်း သူဘက်က သိဖို့ လိုပါတယ်။ ဘယ်သူမဆို ယုံကြည်ရတဲ့လူကိုပဲ ဖွင့်ဟတိုင်ပင်ချင်ကြပါတယ်။ ယုံကြည်ရမှ ကိုယ့်အကြောင်းပြောပြချင်ကြပါတယ်။

၄ - စည်း

ဘယ်လောက်ပဲ ခင်မင်ရင်းနှီးသူဖြစ်ပါစေ စည်းလေးတော့ တစ်ယောက်နဲ့တစ်ယောက် ထားရမှာ ဖြစ်ပါတယ်။ သူမပြောချင်တာ၊ သူမသိစေချင်တာကို အတင်းမမေးပါနဲ့။ သင်တို့ သံယောဇဉ်အတိုင်းအတာအရပဲ သိသင့်တာကို သိတာ ကောင်းပါတယ်။ စည်းအရမ်းကျော်သွားရင် မကောင်းပါဘူး။

(သင်စိတ်ဝင်စားနိုင်မယ့်ဆောင်းပါး - သင်တွဲနေတဲ့လူရဲ့ သူငယ်ချင်းတွေကို မကြိုက်ရင် ဘာလုပ်မလဲ)

Photos & Source: About Relationships

Share

Loading Next Article...
က္က