လူတွေက သူတို့ကို ထင်စေချင်တဲ့ပုံစံမျိုးကို ဆိုရှယ်မီဒီယာပေါ်မှာ ပုံဖော်လေ့ရှိပါတယ်။
 

ကိုယ်ဘာလုပ်နေတယ်၊ ဘာဖြစ်နေတယ်ဆိုတာအပါအဝင် နေ့စဉ်အကြောင်းအရာများစွာကို ဆိုရှယ်မီဒီယာပေါ်မှာ တင်လေ့ရှိပါတယ်။ ဒီထဲမှာ အချစ်ရေးနဲ့ပတ်သက်ပြီး ဘယ်လိုခံစားနေရတယ်ဆိုတာကိုလည်း တင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ တစ်ချို့ကတော့ သူတို့အချစ်ရေးအကြောင်းကို လုံးဝမတင်ပါဘူး။ ကိုယ့်ချစ်သူနဲ့ တွဲရိုက်ထားတဲ့ ပုံတောင် တင်လေ့မရှိကြပါဘူး။  ဒီလိုမတင်ရတဲ့အကြောင်းအရင်း သူတို့မှာ ရှိပါတယ်။



၁ - ပုဂ္ဂိုလ်ရေးကိစ္စ

အချစ်ရေးဟာ လူနှစ်ယောက်နဲ့ပဲ ဆိုင်တဲ့ ပုဂ္ဂိုလ်ရေးကိစ္စလို့ ထင်လို့ပါ။ နှစ်ဦးသားအကြောင်းဟာ အများဝိုင်းကြည့်တဲ့ ပွဲတစ်ပွဲဖြစ်သင့်တယ်လို့ မထင်ပါဘူး။ နှစ်ဦးသားလုပ်တဲ့ ကိစ္စမှန်သမျှဟာ ကိုယ်ကြိုက်လို့ ကိုယ်လုပ်တာပါ။ ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ်ပေါ်တင်ချင်လို့ မဟုတ်ပါဘူး။ သူငယ်ချင်းတွေ မနာလိုဖြစ်အောင် ကြွားချင်လို့ မဟုတ်ပါဘူး။ နှစ်ယောက်ပျော်နေရင်ပြီးတာပါပဲ။ ဘာမှထပ်မလိုပါဘူး။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး - ကျောင်းတုန်းကတွဲခဲ့တဲ့ စုံတွဲတွေ မမြဲရတဲ့ အကြောင်းအရင်း (၅) ချက် )

 

၂ - မဝေမျှသင့်

အချစ်ရေးမှာ ပြဿနာတက်ရင် ဖေ့စ်ဘွတ်ပေါ်မတင်သင့်ဘူးလို့ ထင်လို့ပါ။ ဒီလိုတင်လိုက်ရင် အများသိပြီး ပြဿနာအကျိုးဆက်က ပိုကြီးလာနိုင်တယ်လို့ ထင်ပါတယ်။ ဒီလို တင်လိုက်လို့ သင့်ကို တချို့က သနားပါမယ်။ တချို့က ပြဿနာကြီးအောင်လုပ်တယ်လို့ ထင်ပါမယ်။ သင့်ကိုမနှစ်သက်သူတွေကတော့ သဘောကျပါမယ်။ ဒီလိုဖြစ်တာတွေအားလုံးမကောင်းသလို ဖြစ်လာအောင်လည်း မဖန်တီးသင့်ပါဘူး။ အချစ်ရေးပြဿနာဟာ နှစ်ကိုယ်ကြားပဲ အေးအေးဆေးဆေး ဖြေရှင်းသင့်ပါတယ်။

၃ - တကယ့်အပျော်

တကယ့်အပျော်က တစ်ဦးနားမှာ တစ်ဦးရှိရင် ပြီးပါတယ်။ ဒါကို လူအများမြင်အောင် ပြစရာ မလိုသလို အခြားလူတွေနဲ့လည်း ဒီအပျော်ကို ဝေမျှနေစရာမလိုပါဘူး။ အခြားလူတွေမလိုဘဲ နှစ်ယောက်တည်းနဲ့တင် ကျေနပ်စရာ ဖြစ်ပါတယ်။ တစ်ဦးကို တစ်ဦးပဲ ဂရုစိုက်ဖို့ အလေးပေးပြီး ဆိုရှယ်မီဒီယာပေါ်က လူအများကို ဂရုမစိုက်ချင်ပါဘူး။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး - အမူအရာကို ကြည့်ပြီး လူတစ်ယောက်ကို ဘယ်လို အကဲခတ်မလဲ)

 

၄ - သက်သေပြစရာမလို

အပြင်ဘက်ဘဝမှာ ဖြစ်မနေတာတွေကို  ဆိုရှယ်မီဒီယာပေါ်မှာ ဖြစ်ပြနေစရာမလိုပါဘူး။ အပြင်ဘက်ဘဝမှာ မရှိတာကို ဆိုရှယ်မီဒီယာပေါ်မှာ ရှိပြနေစရာ မလိုပါဘူး။ အချစ်ရေးဆိုတာ ကိုယ်ချစ်တဲ့လူနဲ့ ကိုယ်နဲ့ နှစ်ဦးတည်း ဆိုင်တဲ့ ကိစ္စပါ။ အကောင်းအဆိုးတွေ ဖြစ်ပေါ်နေတာကို အများသိအောင် သက်သေပြနေစရာ မလိုပါဘူး။

 

၅ - ဆိုရှယ်မီဒီယာရဲ့ ဆိုးကျိုး

ဆိုရှယ်မီဒီယာပေါ်မှာ လူတွေဟာ သူတို့ရဲ့ ပျော်ရွှင်မှုတွေကိုပဲ ပြတာများပါတယ်။ လူတွေက သူတို့ကို ထင်စေချင်တဲ့ပုံစံမျိုးကို ဆိုရှယ်မီဒီယာပေါ်မှာ ပုံဖော်လေ့ရှိပါတယ်။ လူတွေဟာ သင့်ထက်သာတယ်၊ သင့်ထက် ကောင်းမွန်တဲ့ သူငယ်ချင်းဆက်ဆံရေး၊ အချစ်ရေးမျိုး ရှိတယ်လို့ ထင်လာတတ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ကိုယ့်ကိုယ်ကိုယ် မကျေနပ်တာတွေ ထွက်ပေါ်လာပါတယ်။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး - ်ရည်းစားဟောင်းကို မမြင်ချင်ဘဲမြင်နေရသူတွေသာ သိနိုင်မယ့်အချက်တွေ )

Photos & Source: Candy


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က