KBZPay အသုံးပြုသူတွေအနေနဲ့ KBZPay App ထဲကနေ Flymya ကို ရှာဖွေဝင်ရောက်ပြီး မိမိလိုအပ်တဲ့ ခရီးသွားဝန်ဆောင်မှုတွေကို စိတ်ကြိုက်ရွေးချယ်ဘွတ်ကင်တင်နိုင်ပါတယ်။

ခရီးသွားဖို့ လေယာဉ်လက်မှတ်ရှာမယ်၊ Booking လုပ်မယ်၊ Payment ပေးချေမယ်ဆိုပြီး App တစ်ခုကနေတစ်ခု ပြောင်းသုံးနေရတာမျိုးထက် ကိုယ်အသုံးပြုနေကျ App တစ်ခုထဲကနေ Travel Services တွေကိုပါ အသုံးပြုနိုင်ရင် အားလုံးအတွက် ပိုအဆင်ပြေစေတယ်မဟုတ်လား…?



ဒါကြောင့် Flymya Mini App ကို KBZPay App ထဲမှာ တိုက်ရိုက်အသုံးပြုနိုင်အောင် Flymya နဲ့ KBZPay တို့ ပူးပေါင်းဆောင်ရွက်ထားပါတယ်။

KBZPay အသုံးပြုသူတွေအနေနဲ့ KBZPay App ထဲကနေ Flymya ကို ရှာဖွေဝင်ရောက်ပြီး မိမိလိုအပ်တဲ့ ခရီးသွားဝန်ဆောင်မှုတွေကို စိတ်ကြိုက်ရွေးချယ်ဘွတ်ကင်တင်နိုင်ပါတယ်။

Flymya Mini App ဆိုတာ ဘာလဲ?

Flymya Mini App ဆိုတာ KBZPay Mini App Ecosystem ထဲမှာ အသုံးပြုနိုင်တဲ့ Flymya ရဲ့ Travel Booking Service ဖြစ်ပါတယ်။ Flymya Website ဒါမှမဟုတ် အခြား App တစ်ခုကို သွားစရာမလိုဘဲ KBZPay ထဲကနေ Flymya Travel Services တွေကို ဝင်ရောက်အသုံးပြုနိုင်အောင် ပြုလုပ်ထားတာဖြစ်ပါတယ်။

KBZPay ကို နေ့စဉ်အသုံးပြုနေတဲ့ Customer တွေအတွက်တော့…

ခရီးစဉ်ရှာဖွေခြင်း → Booking → Payment တို့ကို အသုံးပြု ဘွတ်ကင်တင်နိုင်လို့ ပိုမိုကောင်းမွန်တဲ့ Digital Travel Experience တစ်ခုကို ရရှိစေပါတယ်။

Flymya Mini App မှာ ဘာတွေလုပ်လို့ရလဲ?

ခရီးစဉ်၊ Product နဲ့ Availability အလိုက် Flymya Mini App ကနေ အောက်ပါဝန်ဆောင်မှုများကို ရှာဖွေ Booking ပြုလုပ်နိုင်ပါတယ်။

  • မြန်မာပြည်တွင်း လေယာဉ်လက်မှတ်
  • ပြည်ပလေယာဉ်လက်မှတ်
  • ပြည်တွင်း၊ ပြည်ပဟိုတယ်ဘွတ်ကင်
  • အဝေးပြေးကားလက်မှတ်
  • လေဆိပ်ကြိုပို့ဝန်ဆောင်မှု
  • အလည်အပတ်ခရီးစဉ်များ

(မှတ်ချက်။ ။ Product အမျိုးအစားအလိုက် Booking Process နဲ့ ရရှိနိုင်တဲ့ Service တွေ ကွာခြားနိုင်ပါတယ်)

KBZPay ထဲမှာ Flymya ကို ဘယ်လိုရှာမလဲ?

Flymya Mini App ကို အသုံးပြုဖို့ အလွန်လွယ်ကူပါတယ်။

  • အဆင့် (၁) - KBZPay App ကိုဖွင့်ပါ
  • မိမိဖုန်းထဲက KBZPay App ကိုဖွင့်ပြီး Account ထဲကို ဝင်ပါ။
  • အဆင့် (၂) - Flymya ကိုရှာပါ
  • KBZPay ထဲက Mini App Services ထဲက Travel ထဲမှာ Flymya ကို ရှာပါ။
  • အဆင့် (၃) — Flymya Mini App ကိုဝင်ပါ
  • Flymya ကိုရွေးချယ်ပြီး ရရှိနိုင်တဲ့ Travel Services တွေကို ကြည့်ရှုနိုင်ပါတယ်။
  • အဆင့် (၄) — ကိုယ့်ရဲ့ခရီးစဉ်ကို ရှာဖွေပါ
  • ကိုယ်အတွက်လိုအပ်တဲ့ Travel Service ကိုရွေးပြီး ထွက်ခွာမဲ့နေရာ၊ သွားရောက်မဲ့နေရာ၊ ခရီးသွားမဲ့ရက်၊ ခရီးသည်အရေအတွက် စတဲ့ လိုအပ်တဲ့အချက်အလက်တွေကို ဖြည့်သွင်းပါ။
  • အဆင့် (၅) — ကိုယ်နဲ့အဆင်ပြေတဲ့ Travel Option ကိုရွေးပါ
  • ရရှိနိုင်တဲ့ Flight ဒါမှမဟုတ် Travel Options တွေကို ကြည့်ရှုပြီး မိမိရဲ့ Schedule နဲ့ Budget ကိုက်ညီတဲ့ Option ကို ရွေးချယ်ပါ။
  • အဆင့် (၆) — Booking ကို အပြီးသတ်ပါ
  • လိုအပ်တဲ့ Traveller Information တွေကို ဖြည့်သွင်းပြီး ရွေးချယ်ထားတဲ့ Product အတွက် ဖော်ပြထားတဲ့ Booking နဲ့ Payment Instructions တွေအတိုင်း ဆက်လက်လုပ်ဆောင်ပါ။

လိုအပ်တဲ့အဆင့်တွေ ပြီးဆုံးသွားတဲ့အခါ Booking Confirmation Instructions တွေအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ပါတယ်။

Flymya Mini App အသုံးပြုရန် - https://api.kbzpay.com/api/interface/facebook/share?server=newMacle&channel=prod&language=en&shareTitle=KBZPay Mini App - Flymya&appId=4a6b8a64be5d4f949e272433ed07e0f1%2Findex.html%3Flocale%3Dmy-MM%26startUpFrom%3DSharing 

KBZPay ထဲက Flymya Mini App ကို ဘာကြောင့်အသုံးပြုသင့်တာလဲ?

အဓိက အားသာချက်ကတော့ Convenience (အဆင်ပြေလွယ်ကူမှု) ကြောင့်ပါပဲ။ KBZPay အသုံးပြုသူတစ်ယောက်အနေနဲ့ ခရီးစဉ်တစ်ခု စီစဉ်ဖို့အတွက် အခြား Platform တစ်ခုကို အစကနေ ပြောင်းသုံးစရာမလိုဘဲ ကိုယ်အသုံးပြုနေကျ KBZPay App ထဲကနေ Flymya Travel Services တွေကို ဝင်ရောက်အသုံးပြုနိုင်ပါတယ်။

Flymya Mini App က Search → Select → Book → Pay → Travel ဆိုတဲ့ Customer Journey ကို ပိုမိုလွယ်ကူစွာ ချိတ်ဆက်ပေးထားပါတယ်။

ပြည်တွင်းလေယာဉ်လက်မှတ် ရှာမယ်

မြန်မာနိုင်ငံအတွင်း ရရှိနိုင်တဲ့ Domestic Flight တွေကို ခရီးသွားမဲ့ရက်အလိုက် ရှာဖွေနိုင်ပါတယ်။

(Flight Schedule၊ Fare နဲ့ Seat Availability တွေဟာ Airline နဲ့ Travel Date အလိုက် ကွာခြားနိုင်တာကြောင့် မိမိတကယ်သွားမဲ့ရက်ကို ထည့်သွင်းပြီး ရှာဖွေတာ အကောင်းဆုံးဖြစ်ပါတယ်)

ပြည်ပခရီးစဉ်တွေလည်း ရှာဖွေနိုင်ပါတယ်

အနီးအနားနိုင်ငံကို Weekend Trip သွားတာပဲဖြစ်ဖြစ်၊ Business Trip ပဲဖြစ်ဖြစ်၊ နိုင်ငံခြားအားလပ်ရက်ခရီး စီစဉ်နေတာပဲဖြစ်ဖြစ် ကိုယ်သွားချင်တဲ့ Destination နဲ့ Travel Date အလိုက် ရရှိနိုင်တဲ့ International Flight Options တွေကို ရှာဖွေနိုင်ပါတယ်။

Flymya Mini App က Flight တစ်ခုတည်းမဟုတ်ပါဘူး

Hotel၊ Bus၊ Airport Transfer၊ Tour၊ Travel Package စတဲ့ အခြား Travel Services တွေကိုပါ KBZPay Mini App Ecosystem ထဲမှာ အသုံးပြုနိုင်ခြင်းက Customer တွေအတွက် မိမိအသုံးပြုနေကျ Digital Platform ကနေ ခရီးစဉ်ကို ပိုမိုလွယ်ကူစွာ စီစဉ်နိုင်စေပါတယ်။

Flymya x KBZPay - Travel နဲ့ Digital Payment ကို ချိတ်ဆက်ပေးခြင်း

Flymya Mini App ဟာ Flymya နဲ့ KBZPay တို့ရဲ့ ပူးပေါင်းမှုကနေ ခရီးသွားသူတွေအတွက် Digital Travel Services တွေကို ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်စေဖို့ ဖန်တီးထားတဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။

Flymya ရဲ့ Travel Services တွေကို KBZPay Ecosystem နဲ့ ချိတ်ဆက်ခြင်းအားဖြင့် Customer တွေအနေနဲ့ ခရီးစဉ်ရှာဖွေတာ၊ စီစဉ်တာနဲ့ Booking ပြုလုပ်တာတွေကို Digital Platform ကနေ ပိုမိုအဆင်ပြေစွာ ပြုလုပ်နိုင်ပါတယ်။

ကိုယ့်ရဲ့ခရီးစဉ်တိုင်းကို KBZPay ထဲက Flymya MIni App ကနေ စတင်လိုက်ပါ

ကိုယ်က KBZPay သုံးနေကျသူလား?

KBZPay App ကိုဖွင့် → Flymya Mini App ကိုရှာ → ခရီးစဉ်ရှာ → Booking လုပ် → ခရီးထွက်

ကိုယ့်ရဲ့ နောက်ထပ်ခရီးစဉ်တိုင်းကို KBZPay App ထဲက Flymya Mini App နဲ့ စတင်လိုက်ပါ။

မေးလေ့ရှိသောမေးခွန်းများ (FAQ)

  • Flymya ကို KBZPay App ထဲမှာ အသုံးပြုနိုင်ပါသလား?
  •  အသုံးပြုနိုင်ပါတယ်။ KBZPay ရဲ့ Mini App Services ထဲက Flymya Mini App ကို ဝင်ရောက်အသုံးပြုနိုင်ပါတယ်။
  • Flymya App သီးသန့် Download လုပ်ဖို့လိုပါသလား?
  • KBZPay Mini App ကနေ Flymya ကို အသုံးပြုမယ်ဆိုရင် ရရှိနိုင်တဲ့ Flymya Services တွေကို KBZPay App ထဲကနေ တိုက်ရိုက်ဝင်ရောက်နိုင်ပါတယ်။
  • Flymya Mini App မှာ လေယာဉ်လက်မှတ်ရှာနိုင်ပါသလား?
  • ရှာဖွေနိုင်ပါတယ်။ ရရှိနိုင်တဲ့ Flight Route၊ Schedule နဲ့ Fare တွေဟာ Airline နဲ့ Travel Date အလိုက် ကွာခြားနိုင်ပါတယ်။
  • International Flight တွေလည်း Booking လုပ်နိုင်ပါသလား?
  • Route နဲ့ Availability အလိုက် International Flight Options တွေကိုလည်း ရှာဖွေနိုင်ပါတယ်။
  • Flight အပြင် တခြားဘာတွေရှိသလဲ?
  • Flymya မှာ Hotel၊ Bus၊ Airport Transfer၊ Tour နဲ့ Travel Package စတဲ့ Travel Products တွေလည်း ရှိပါတယ်။ Mini App ထဲမှာ ရရှိနိုင်တဲ့ Product နဲ့ Booking Process တွေက Service အလိုက် ကွာခြားနိုင်ပါတယ်။
  • KBZPay ထဲမှာ Flymya ကို ဘယ်လိုရှာရမလဲ?
  • KBZPay App ကိုဖွင့်ပြီး Mini App Services ထဲမှာ Flymya ကို ရှာဖွေဝင်ရောက်နိုင်ပါတယ်။

ယခုဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။

Share

Loading Next Article...
က္က