Flagship features တွေနဲ့ အမိုက်စား Motorola ဖုန်းကို အိန္ဒိယမှာ မိတ်ဆက်လိုက်ပါတယ်။
Motorola Edge 20 Pro ဟာ ပြီးခဲ့တဲ့ဩဂုတ်လမှာ မိတ်ဆက်ခဲ့တဲ့ Edge 20 နဲ့ Edge 20 Fusion တွေရဲ့ အဆက် တတိယမြောက် Edge series ဖြစ်ပြီး စိတ်လှုပ်ရှားစရာ features တွေ ပါလာပါတယ်။ screen အပေါ် အလယ်တည့်တည့် punch-hole ဒီဇိုင်း သုံးထားတဲ့ ဒီဖုန်းဟာ အရွယ်အစား ၆.၇ လက်မ 144Hz FHD+ AMOLED display နဲ့ လာပါတယ်။
Photo; Gizmochina
Display ပိုင်းမှာ ထူးခြားချက်အနေနဲ့ 144Hz refresh rate အပြင် 576Hz touch sampling rate ၊ 10bit color ၊ DCI-P3 color gamut နဲ့ HDR10+ တို့ ပါပါမယ်။ Punch-hole ထဲမှာတော့ 32MP selfie ကင်မရာ ထည့်ထားပြီး Fingerprint reader ကိုတော့ ဖုန်းဘောင်ညာဘက်ခြမ်း ပါဝါခလုတ်အတွင်းမှာ တပ်ဆင်ထားပါတယ်။
ကျောဘက်ကင်မရာအိမ်ဟာ စတုဂံကင်မရာအိမ်နဲ့ လာပြီး ကင်မရာအိမ်ထဲမှာ 108MP main sensor ၊ 16MP ultrawide နဲ့ 8MP telephoto periscope unit တို့ သုံးထားပါတယ်။ 16MP lens ဟာ macro ကင်မရာလိုလည်း သုံးနိုင်မှာပါ။ OIS ပါတဲ့ 8MP periscope zoom lens ဟာ Zoom ပိုင်းမှာ 5x optical zoom နဲ့ 50x digital zoom ဆွဲရိုက်နိုင်မယ်လို့ ဆိုပါတယ်။
Photo: GSMArena
Motorola Edge 20 Pro ဟာ TV မှန်ပြင်အကြီးတွေနဲ့ ကြိုးမဲ့ချိတ်ဆက်နိုင်မယ့် Ready For feature လည်း ပါရှိပြီး Dual SIM support ၊ 5G ၊ Bluetooth 5.1 ၊ Google Assistant key နဲ့ IP52 rating ကိုယ်ထည်သုံးထားပါတယ်။ 5G bands အနေနဲ့ bands ၁၁ ခု ပံ့ပိုးထားပြီး NFC chips တစ်ခုလည်း ပါရှိမှာပါ။
Processor ပိုင်းမှာ Snapdragon 870 SoC သုံးထားပြီး RAM 8GB/128GB storage နဲ့ ထွက်လာပါတယ်။ 4500 mAh ဘက်ထရီပါဝါဟာ 30W charging အထိ ပံ့ပိုးထားပြီး USB-C port ကနေ အားသွင်းနိုင်မှာပါ။ Edge 20 Pro ကို Midnight Sky နဲ့ Iridescent Cloud နှစ်ရောင်နဲ့ မိတ်ဆက်ထားပြီး အိန္ဒိယဈေးကွက်မှာ ရူပီး ၃၇၀၀၀ (မြန်မာငွေ ၉ သိန်းခွဲခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။