120Hz သုံးထားတဲ့ ဖုန်းပါ

ဈေးကွက်ထဲမှာ အမြင့်ဆုံး refresh rate ပါတဲ့ ဖုန်းအဖြစ် Redmi ထဲက ပထမဆုံးမော်ဒယ်တွေ ထုတ်လုပ်ခဲ့တဲ့ Xiaomi ဟာ အခုဆို 144Hz refresh rate ကိုပါ စမ်းသပ်လာပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက Redmi စီးရီးကနေ 5G ရပြီး 120Hz IPS LCD panel သုံး Redmi K30 5G ကို ကြေညာခဲ့ပါတယ်။ 120Hz display တွေဟာ ပုံမှန်စမတ်ဖုန်းတွေမှာ သုံးနေတဲ့ 60Hz display တွေထက် တစ်စက္ကန့်အတွင်း ပုံရိပ်ဖော်ပြမှုမှာ ၂ ဆ ပိုမြန်မှာပါ။ Redmi K30 5G ရဲ့ 120Hz display ဟာ သုံးနေတဲ့ app ပေါ်လိုက်ပြီး 60Hz ၊ 90Hz နဲ့ 120Hz ဆိုပြီး frame rate တွေ ချိန်ညှိပေးနိုင်ပါတယ်။



Photo: GSMArena


120Hz display သုံး Redmi K30 5G ထွက်လာပြီးနောက် တစ်လအကြာမှာ Xiaomi ရဲ့ ဒုဥက္ကဌ လုဝေဘင်းဟာ Redmi K30 5G မှာ display refresh rate 144Hz အထိ စမ်းထားတဲ့ ဗွီဒီယိုအတိုတစ်ခု Weibo လူမှုကွန်ရက်ပေါ် တင်ခဲ့ပါတယ်။ ၁၅ စက္ကန့်ကြာတဲ့ ဒီဗွီဒီယိုဖိုင်မှာ Redmi K30 5G ဟာ 120Hz limit ထက်ကို ပိုများတဲ့ refresh rate နဲ့ အလုပ်လုပ်နေတာ တွေ့ရပါတယ်။

Redmi ရဲ့ အထွေထွေမန်နေဂျာ လုဝေဘင်းကတော့ 144Hz display ဟာ စမ်းသပ်ဆဲ အခြေအနေမှာပဲ ရှိပြီး official update နဲ့ screen ကို higher refresh rate ရအောင် တင်ပေးမလားဆိုတာကိုတော့ ပြောကြားခြင်း မရှိခဲ့ပါဘူး။ သေချာတာကတော့ Redmi K30 5G ဟာ 144Hz mode ကို support ပေးနိုင်တယ်ဆိုတာပါပဲ။





144Hz display ကို desktop gaming monitors တွေမှာ အတွေ့များပါတယ်။ 120Hz ကိုတော့ လက်ပ်တော့တွေနဲ့ အခုဆို တစ်ချို့ ဖုန်းတွေမှာ သုံးလာကြပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ CES 2020 ပွဲမှာ Asus ဟာ ကမ္ဘာ့ပထမဆုံး 360Hz gaming monitor ကို မိတ်ဆက်ပြသသွားပါတယ်။ refresh rate ပြိုင်ဆိုင်မှုဟာ desktop ကုမ္ပဏီတွေအပြင် စမတ်ဖုန်းကုမ္ပဏီတွေဆီပါ ကူးစက်လာနေပါတယ်။

refresh rate မြင့်ခြင်းဟာ ဘက်ထရီပါဝါအတွက် ပြဿနာရှိပါတယ်။ refresh rate အမြင့်နဲ့ ကြာကြာသုံးလေလေ ဖုန်းဘက်ထရီအကုန်မြန်လေလေပါပဲ။ Redmi K30 5G ကတော့ 4500mAh အကြီးစားဘက်ထရီသုံးထားတာ ဖြစ်လို့ refresh rate အမြင့်အတွက် စိတ်ပူစရာ မရှိပါဘူး။ နောက်တစ်ခုက OLED မဟုတ်ဘဲ LCD panel နဲ့ လာတာ ဖြစ်လို့ ဘက်ထရီပါဝါ အစားသက်သာဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က