စာရေးဆရာ အဗ္ဗဒူလ်ရာဇက်ဂါနာက စာပေနိုဘယ်ဆုရရှိကြောင်း ဆုရွေးချယ်ရေးကော်မတီက ကြေညာပါတယ်

တန်ဇန်းနီးယား စာရေးဆရာ အဗ္ဗဒူလ်ရာဇက်ဂါနာက ၂၀၂၁ ခုနှစ် စာပေဆိုင်ရာ နိုဘယ်ဆုရရှိကြောင်း ဆုရွေးချယ်ရေးကော်မတီက ယနေ့ (အောက်တိုဘာ ၇ ရက်) ကြေညာပါတယ်။

ဗြိတိန်နိုင်ငံမှာနေထိုင်တဲ့ စာရေးဆရာဂါနာ (Abdulrazak Gurnah) ဟာ ရေးသားခဲ့တဲ့ ဝတ္ထုတွေအနက် Paradise နဲ့ Desertion အမည်ရှိ နာမည်ကြီး ဝတ္တုများပါဝင်ပြီး အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့တာ ဖြစ်ပါတယ်။



(Photo: AP)

ယခင်က စာပေဆိုင်ရာ နိုဘယ်ဆုရရှိခဲ့သူတွေအနက် Ernest Hemingway ၊ Gabriel Garcia Marquez နဲ့ Toni Morrison တို့ကဲ့သို့ ဝတ္တုရေးဆရာများ၊ Pablo Neruda ၊ Joseph Brodsky နဲ့ Rabindranath Tagore တို့ကဲ့သို့ ကဗျာဆရာများနဲ့ Harold Pinter နဲ့ Eugene O'Neill တို့ကဲ့သို့ ပြဇာတ်ရေးဆရာများ အဓိက ပါဝင်ခဲ့ကြပါတယ်။ ယမန်နှစ် စာပေနိုဘယ်ဆုကိုတော့ အမေရိကန် ကဗျာဆရာ Louise Gluck က ရရှိခဲ့တာ ဖြစ်ပါတယ်။

(Illustrations: Niklas Elmehed)

နိုဘယ်ဆုတွေကို ဆွီဒင်လူမျိုး ဓာတုဗေဒပညာရှင် အဲလ်ဖရက်နိုဘယ်ရဲ့ သေတမ်းစာအရ ၁၉၀၁ ခုနှစ်မှစပြီး ရွေးချယ်ပေးအပ်လာခဲ့ပါတယ်။ နိုဘယ်ဆုအဖြစ် ပေးအပ်ချီးမြှင့်ရာမှာ ဆုံတံဆိပ်တစ်ခု၊ အသိအမှတ်ပြုလွှာနဲ့ ဆုကြေးငွေနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းတို့ ပါရှိပြီး ဆုကြေးငွေဟာ ယခုအခါ အမေရိကန်ဒေါ်လာ ၁ သန်းကျော်ဖြစ်ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က