၂၀၁၅-၂၀၁၆ အတွင်းမှာတော့ ရေပန်းစားခဲ့ကြတဲ့ ဖက်ရှင်တွေပါ။
 

ဖက်ရှင်ဆိုတာ အမြဲတမ်း တစ်ပတ်လည်ပြီး ပြန်လာတတ်ပါတယ်။ တစ်ခေတ်တစ်ခါက အကြီးအကျယ် လူကြိုက်များခဲ့တဲ့ဖက်ရှင်တွေဟာ နှစ်အနည်းငယ်အကြာမှာ တဖြည်းဖြည်းပျောက်ကွယ်သွားလေ့ရှိပါတယ်။ ဒါပေမဲ့ နောက်ထပ် ဆယ်စုနှစ်အနည်းငယ်မှာ တစ်ကျော့ပြန်ခေတ်စားလာပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ရေပန်းစားခဲ့တဲ့ ဒီဖက်ရှင်တွေဟာ ယခုနှစ်ထဲမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အခြားအရာတွေနဲ့ အစားထိုးဆင်ယင်ကြလိမ့်မယ်လို့ ဖက်ရှင်ကိုလေ့လာသူတွေက ဆိုပါတယ်။

 

(၁) Chocker

လည်ပင်းမှာကပ်နေမယ့်် ကြိုးအနက်ရောင်လေးတွေဟာ ၂၀၁၆ ခုနှစ်အတွင်း အထူးရေပန်းစားခဲ့ပေမဲ့ ၂၀၁၇ ခုနှစ်မှာတော့ လည်ဆွဲအကပ်လေးတွေကို ဝတ်ဆင်လာဖွယ်ရှိပါတယ်။

 

(၂) ဆူးချွန်တွေ

အထူးသဖြင့် Bracelet (လက်ပတ်)တွေပေါ့။ ဆူးချွန်ချွန်တွေနဲ့စတိုင်လ်ဟာ တဖြည်းဖြည်း မှေးမှိန်စပြုနေပါပြီ။ အဲ့ဒီအစား ကျောက်ကလေးတွေ ထည့်သွင်းထားတဲ့ လက်ပတ်တွေ၊ လည်ဆွဲတွေက ပိုပြီး ဖက်ရှင်ကျနေပါတယ်။

 

(၃) ဂျင်းအစားထိုး ကတ္တီပါ

ထည်ဝါတဲ့အသွင်ကိုဆောင်တဲ့ ကတ္တီပါက ဂျင်းရဲ့နေရာကို အစားထိုးလာပါလိမ့်မယ်။ ကတ္တီပါက ပွဲတက်ဖက်ရှင်လည်းဖြစ်ပါတယ်။ ဂါဝန်လိုမျိုး ဝတ်ရုံတင်မဟုတ်ဘဲ ကုတ်အကျႌအနေနဲ့ပါ ဆင်မြန်းကြည့်ပါ။ တကယ်စမတ်ကျပါတယ်။

 

(၄) အထပ်ထပ်နဲ့စကတ်တွေ

ဘဲလေးဂါဝန်တွေလို အထပ်ထပ်တွေနဲ့ စကတ်ဖားဖား၊ ကားကားလေးတွေလည်း ဒီနှစ်ဖက်ရှင်ရေစီးထဲ မျောပါတော့မှာမဟုတ်ပါဘူး။ ဘယ်တော့မှမရိုးနိုင်တဲ့ စမတ်ကျကျ စကတ်တွေပဲ ပြန်ဝတ်ကြဦးမှာပါ။

 

(၅) ဖိနပ်နဲ့အိတ် အရောင်တူ

စီးထားတဲ့ဖိနပ်နဲ့ လက်ကိုင်ကို အရောင်တူအောင်ရွေးချယ်ကြတာ အချိန်အတော်ကြာရှိနေခဲ့တဲ့ ဖက်ရှင်ပါပဲ။ စူပါမော်ဒယ် ကာလီကလော့စ်ကတော့ ဒီဖက်ရှင်ကို စတင်လက်လွှတ်လိုက်ပါပြီ။ အိတ်ကိုဦးစားပေးရွေးချယ်ပါ။ ဖိနပ်နဲ့အိတ် အရောင်တူဆင်ယင်မယ့်အစား ကုတ်အကျႌအရောင်နဲ့ ဖိနပ်အရောင်တူတာကို ရွေးချယ်သင့်ပါတယ်။

Source : Bright Side


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က